ဒေသတွင်းသတင်း

ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီ

မဲခေါင် 7 Nov - 2023
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တမူးခရိုင်ထဲမှာရှိတဲ့ ခါမ်းပါတ်မြို့ကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တမူးခရိုင် တပ်ရင်း (၁) က ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တမူးခရိုင်ထဲမှာရှိတဲ့ ခါမ်းပါတ်မြို့ကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တမူးခရိုင် တပ်ရင်း (၁) က ဒီကနေ့ ပြောပါတယ်။

“စစ်ရေး မတည်ငြိမ်သေးပါဘူး။ စစ်ကောင်စီက ခါမ်းပါတ်မြို့ထဲကို ဗုံးချမှာစိုးလို့ ဒေသခံတွေကို စစ်ရှောင်တဲ့ နေရာမှာ ကောင်းမွန်စွာ ထားထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ ခါမ်းပါတ် စခန်းကုန်း၊ ဝတိတုတ် စခန်းကုန်း ၂ ခု သိမ်းပြီးပါပြီ” လို့ တမူးခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တမူး PDF တပ်ရင်း (၁) နဲ့ (၂) အပါအဝင် KIA၊ ABSDF နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၃ ရက်နေ့ ကစပြီး ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာတော့ ဝိတုတ်ကျေးရွာ ရဲစခန်းနဲ့ ခါမ်းပါတ်မြို့ ရဲစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီနေ့မှာတော့ ခါမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်တာကြောင့် ခါမ်းပါတ်ကနေ တဆင့် ဆက်သွားရမယ့် ပန်းသာနဲ့ တမူးမြို့တွေက စစ်ကောင်စီစခန်းတွေ အတွက် မြေပြင် ထောက်ပို့ လမ်းကြောင်းတွေ ပိတ်ဆို့သွားပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဆိုပါ မြို့သိမ်း တိုက်ပွဲအတွင်း ၂ ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိနေပြီး စစ်ရေး အခြေအနေ မတည်ငြိမ် သေးတာကြောင့် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိအချိန်မှာ ခါမ်းပါတ်မြို့တွင်း ရပ်ကွက် (၁) ကနေ (၄) အထိမှာ နေထိုင်တဲ့ ပြည်သူတွေကို စစ်ရှောင် ခိုင်းထားပြီး နေရပ်စွန့်ခွာရတဲ့ စစ်ရှောင် ၄,၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ခါမ်းပါတ်မြို့က လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပြည်သူတွေ အ‌နေနဲ့ ဂျက်လေယာဉ်လာရင် အိမ်ပြင် ထွက်မကြည့်ဘဲ အိမ်အတွင်း ခိုင်ခံ့တဲ့ နေရာမှာ ပုန်းနေကြဖို့ အရပ်ဖက် အဖွဲ့အစည်းတွေက သတိပေး တိုက်တွန်းထားပါတယ်။

ခါမ်းပါတ် ဒေသတွင်း တိုက်ပွဲ ပြင်းထန်နေတာကြောင့် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာနေ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှမြို့နယ်တွေနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက် စီးနင်း သိမ်းပိုက်နေတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MK–009

#MekongNews

#ခမ်းပတ်မြို့

#တော်လှန်ရေးတပ်ဖွဲ့

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now