မဲခေါင်၊ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် – မန္တလေး ပြည်ထောင်စု လမ်းမပေါ်ရှိ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ ကြားက နမ့်ခိုင် စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄၊ တပ်မဟာ ၆၊ တပ်မဟာ ၁၀ ပူးပေါင်း တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၉ ရက်နေ့ ညကစ အဲဒီ နမ့်ခိုင် စစ်ကောင်စီ တပ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူက ပြောပါတယ်။
“တနေ့ည ကတည်းက ဟုတ်တယ်။ မနေ့က မနက် ၁၀ နာရီ ၁၀ မိနစ်မှာ အကုန် သိမ်းလိုက်နိုင်ပြီ” လို့ သူက ပြောပါတယ်။
စခန်းသိမ်းပြီးနောက် နေ့လယ်ပိုင်းမှ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။
“ အဲဒီ စစ်တပ်က ဟိုးအရင်ကတည်းက ရှိတယ်။ အခိုင်အမာ လုပ်ထားတယ်။ ချောင်းရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ရှိတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
KIA ဘက်က သိမ်းပိုက်လိုက်ပေမယ့် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ပစ္စည်းသိမ်းဆည်းရရှိမှုကိုတော့ ထုတ်ပြန်လေ့မရှိတာကြောင့် မသိရသေးပါဘူး
နမ့်ခိုင်တံတားဟာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ရှိပြီး မူဆယ် – မန္တလေး လမ်းမပေါ်က စစ်ကောင်စီရဲ့ အဓိကကျတဲ့ စစ်ဆေးရး ဂိတ် စခန်း ၁ ခု လည်း ဖြစ်ပါတယ်။
CJ-008
#MeKongNews
#နမ့်ခိုင်
#စစ်ကောင်စီ
#KIA
#သိမ်းပိုက်