ဒေသတွင်းသတင်း

ကျောက်မဲမှာတိုက်ပွဲကြောင့် ကားလက်မှတ်တွေ ၃ သိန်းခွဲထိ မြင့်တက်

မဲခေါင် 1 Jul - 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေဟာ တစ်ခြားမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်တာ‌ကြောင့် ကားလက်မှတ်တွေလည်း ၃ သိန်းခွဲထိ မြင့်တက်သွားခဲ့ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေဟာ တစ်ခြားမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်တာ‌ကြောင့် ကားလက်မှတ်တွေလည်း ၃ သိန်းခွဲထိ မြင့်တက်သွားခဲ့ပါတယ်။

ကျောက်မဲမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ကားဂိတ်တစ်ချို့ပိတ်ထားပြီး ဒေသခံတွေ စစ်ဘေးရှောင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“ကျောက်မဲနဲ့ မန္တလေးက ၃ သိန်းခွဲထိ ကားခပေးရတယ်။ မန္တလေးဘက် ပြေးတဲ့သူတွေက အရမ်းများတယ်။ ဒီရက်ပိုင်းဆို ကားလက်မှတ်ပြည့်သွားတယ်။ ဟိုနေ့က ကား ၆ စီးကို လူအယောက် ၄၀ ကျော်သွားတယ်။ မြို့ထဲမှာက မနေရဲကြဘူး။ မနေ့ညနဲ့ ဒီမနက်ထိ မြို့ထဲမှာ လက်နက်ကြီးတွေ ပစ်နေတယ်။ ဟိုတည်တစ်ခုလည်း မီးလောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင်မှာ ကားလက်မှတ်ဟာ တစ်သိန်းကျော်သာရှိခဲ့ပြီး မန္တလေးထွက်ပြေးတဲ့သူတွေ ရှိသလို ကျောက်မဲမြို့အနီးအနား ကျေးရွာတွေကို စစ်ရှောင်နေတဲ့သူတွေလည်း ရှိပါတယ်။ အချို့စစ်ရှောင်တွေအနေနဲ့ မြို့အနီးအနားက ကျေးရွာတွေမှာ အသိမရှိတာကြောင့် သွားလာဖို့အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တွေမှာတိုက်ပွဲဖြစ်ပွားနေလို့ လမ်းပိတ်ဆို့မှုဖြစ်နေပြီး ရပ်စောက်ဘက်ကနေ တဆင့် စစ်ဘေးရှောင်နေတဲ့သူတွေလည်း ရှိပါတယ်။

မနေ့ညကနေ ဒီနက်ထိ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေပစ်ခဲ့လို့ ရပ်ကွက် ၉ တိလင်ရပ်ကွက်မှာ မီးလောင်ခဲ့ပြီး One love Hotel နဲ့ နေအိမ် ၂၀ ခန့် မီးလောင်ပြီး ပျက်ဆီးသွားပါတယ်။

MK 011

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now