ဒေသတွင်းသတင်း

ကျယ်ဂေါင်နယ်စပ်ဂိတ်မှာ စည်းကမ်းမဲ့ရပ်ထားတဲ့ မြန်မာဘက်က ကားတွေ သိမ်းမယ်လို့ တရုတ်သတိပေး

မဲခေါင် 26 Feb - 2024
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာ – တရုတ်နယ်စပ်၊ ကျယ်ဂေါင် နယ်စပ်ဂိတ် ဧရိယာအတွင်းရှိ လမ်းပေါ် စည်းကမ်းမဲ့ ရပ်ထားတဲ့ မြန်မာကားတွေကို အသိပေးစာ ထုတ်ပြီးနောက် ၃ ရက် အတွင်း လာမယူတဲ့ ကားတွေကို တရုတ်ဘက်က သိမ်းသွားမှာ ဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “ အသိပေးစာက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ထားတာ။ သုံးရက် အချိန်ပေးမယ်၊ အဲဒီ သုံးရက် အတွင်း လာမယူရင် သိမ်းမယ်လို့ ပြောတယ်။ မနေ့က သုံးရက်ပြည့်ပြီ” လို့ နယ်စပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ မြန်မာဘက်ခြမ်းမှာ ပြီးခဲ့တဲ့

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာ – တရုတ်နယ်စပ်၊ ကျယ်ဂေါင် နယ်စပ်ဂိတ် ဧရိယာအတွင်းရှိ လမ်းပေါ် စည်းကမ်းမဲ့ ရပ်ထားတဲ့ မြန်မာကားတွေကို အသိပေးစာ ထုတ်ပြီးနောက် ၃ ရက် အတွင်း လာမယူတဲ့ ကားတွေကို တရုတ်ဘက်က သိမ်းသွားမှာ ဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

“ အသိပေးစာက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ထားတာ။ သုံးရက် အချိန်ပေးမယ်၊ အဲဒီ သုံးရက် အတွင်း လာမယူရင် သိမ်းမယ်လို့ ပြောတယ်။ မနေ့က သုံးရက်ပြည့်ပြီ” လို့ နယ်စပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

မြန်မာဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ၁၀၂၇ တိုက်ပွဲ ကြောင် တရုတ်ဘက်ခြမ်းမှာ ကားတွေ လာထားတာ ရှိသလို ကား အရောင်းအဝယ်လုပ်တဲ့ ကားတွေ ထားတာလည်းရှိတယ်လို့ မူဆယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒိုင်စားပေါ့။ ကားက အရင်ကတည်းက များပါတယ်။” လို့ သူက ပြောပါတယ်။

တရုတ်ဘက်မှာတော့ တရုတ် ကား၊ ဆိုင်ကယ်၊ သုံးဘီး တွေကိုလည်း သတ်မှတ်စည်းကမ်း မလိုက်နာပဲ စည်းကမ်းမဲ့ ရပ်ထားတာတို့၊ မရပ်ရတဲ့ သတ်မှတ်နေရာ ရပ်ထားတာတို့ဆိုရင် ကရိန်းနဲ့ မ ပြီး သိမ်းခံရတာတွေလည်း ရှိတယ်လို့ ရွှေလီမှာ နေထိုင်သူတွေက ပြောပါတယ်။

ကျယ်ဂေါင် နယ်စပ်ဂိတ် ဧရိယာရှိ လမ်းမှာ အချိန်ကြာမြင့်စွာ ရပ်ထားတဲ့ ယာဉ်တွေအားလုံးကြေညာချက်ထုတ်ပြန်တဲ့ နေ့မှ ၃ ရက်အတွင်း ထွက်ခွာရမှာဖြစ်ပြီး မဟုတ်ပါက ယာဉ်ထိန်းဌာနမှ ဥပဒေနဲ့ အညီ ဝန်ချီစက်နဲ့ ဆွဲထုတ်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျယ်‌ဂေါင်နယ်စပ် ရပ်ရွာကော်မတီက အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now