ဒေသတွင်းသတင်း

ကရင်နီပြည်နယ်မှာ Starlink ဂြိုလ်တု အင်တာနက် အသုံးပြုလို့ရပြီ

မဲခေါင် 10 Jun - 2023
မဲခေါင်၊ ဇွန် ၁၀ ကရင်နီပြည်နယ်မှာ နည်းပညာ ဘီလီယံနာ သူ‌ဌေးကြီး Elon Musk ရဲ့ Starlink အင်တာနက်ကို စတင် အသုံးပြုလို့ ရနေပြီလို့ Free Burma Ranger (FBR) အဖွဲ့ တည်ထောင်သူ David Eubank က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေ အသိပေး လိုက်ပါတယ်။

မဲခေါင်၊ ဇွန် ၁၀

ကရင်နီပြည်နယ်မှာ နည်းပညာ ဘီလီယံနာ သူ‌ဌေးကြီး Elon Musk ရဲ့ Starlink အင်တာနက်ကို စတင် အသုံးပြုလို့ ရနေပြီလို့ Free Burma Ranger (FBR) အဖွဲ့ တည်ထောင်သူ David Eubank က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေ အသိပေး လိုက်ပါတယ်။

Starlink အင်တာနက်ဟာ အမေရိကန် လေကြောင်း အာကာသ ကုမ္ပဏီ SpaceX ရဲ့ ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်မှာ အသုံးပြုနေတဲ့ အင်တာနက်စနစ် ဖြစ်ပါတယ်။

“ Starlink ရဲ့ Elon Musk နဲ့ Starlink ကုမ္ပဏီ၊ ပြီးတော့ မိသားစုကို ကျေးဇူးတင်ပါတယ်။ အချင်းချင်း ချစ်ခင်ကြလေ မိသားစုကို ချစ်ခင်ကြလေလေပါပဲ။ ကျွန်တော်တို့ ခင်ဗျားကို ချစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါလေးကို ဖန်တီးခဲ့လို့ပါ။ ခုကျွန်တော်တို့ကတော့ နှစ်ပေါင်း ၇၃ နှစ်လောက် ပြည်တွင်း စစ်တိုက်ပွဲတွေ ပြင်းထန် နေတဲ့ မြန်မာနိုင်ငံမှာပါ။ အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းမှာလည်း လူပေါင်း ၃ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဟော့ဒီ ကရင်နီပြည်မှာတော့ လူ ၃ သိန်းလောက် ထွက်ပြေးနေရတာပါ။ အချို့ရွာတွေက ဗုံးကြဲ တိုက်ခိုက်ခံရပါတယ်။ ငါတို့ကတော့ ဒီမှာ စစ်ရှောင်တွေကို ကူညီစောင့်လျှောက် ပေးနေတာ ဖြစ်ပါတယ်” လို့ David Eubank ကပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက် နေတာဖြစ်ပြီး အခုလို့ Starlink အင်တာနက်စနစ် အသုံးပြုလို့ရလာခြင်းက ကြီးမားတဲ့ အထောက်အကူ ဖြစ်စေတယ်လို့ KNDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“သိတဲ့အတိုင်း ကရင်နီပြည်နယ်ကို စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်ဖို့ ကြိုးစားနေတာ။ ကြားတာတော့ တရုတ်က အကူအညီလည်း ယူတယ်ကြားပါတယ်။ ဒါတွေတော့ မသိပါဘူး။ အခု Starlink အင်တာနက် အသုံးပြုလို့ရတယ် ဆိုတာ ဆက်သွယ်မှု အတွက် ကြီးမားတဲ့ အရွေ့တစ်ခုလို့ ထင်ပါတယ်။ လက်ရှိတော့ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့ဆီကို စက်တွေ မရောက်သေးပါဘူး။ မကြာခင် ရောက်လာမယ်လို့တော့ ထင်ပါတယ်” လို့ သူကပြောပါတယ်။

Starlink ဂြိုလ်တု အင်တာနက် စနစ်ဟာ လုံခြုံရေး မြင့်မားပြီး ပုံမှန် အင်တာနက်လိုင်းတွေလို ဆက်သွယ်ရေး တာဝါတိုင်တွေ မလိုအပ်သလို ကမ္ဘာအနှံ့ ဆက်သွယ်နိုင်တာကြောင့် လက်ရှိ ကရင်နီပြည်နယ် အပါအဝင် ရုရှား ကျူးကျော်စစ်ကို ကာကွယ်နေတဲ့ ယူကရိန်းနိုင်ငံနဲ့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ အီရန်နိုင်ငံတွေကို ဝန်ဆောင်မှု ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ဆက်သွယ်ရေး လုပ်ငန်းတွေကို ချုပ်ကိုင်ထားပြီး သတင်းအချက်အလက်တွေ ရယူနေတဲ့ စစ်ကောင်စီကို တန်ပြန်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က နည်းပညာ သူဌေးကြီး Elon Musk ကို မြန်မာနိုင်ငံမှာ Starlink အင်တာနက်စနစ် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုဖူးပါတယ်။

MK-007

#MekongNews

#ကရင်နီပြည်နယ်

#Starlink

#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now