တိုင်းရင်းသားရေးရာ

စစ်ဘေး စစ်ဒဏ်ကြောင့် ရှမ်းနှစ်ကူးပွဲ မလုပ်နိုင်

မဲခေါင် 30 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၃၀ ဒေသတွင်းမှာ စစ်မက်ထူပြောနေသလို စစ်မှုထမ်းလူဖမ်းတာတွေရှိနေတာကြောင့် ရှမ်းပြည်မှာ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတွေ မလုပ်နိုင်ကြဘူးလို့ သိရပါတယ်။ နှစ်စဉ်လိုလို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ ရိုးရာရှမ်းနှစ်သစ်ကူးပွဲတွေကို ရှမ်းပြည်ရဲ့ မြို့ရွာတိုင်းလိုလိုမှာ ကျင်းပနေကျဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွေနဲ့ စစ်မှုထမ်းလူဖမ်းပွဲတွေကြောင့် နှစ်သစ်ကူးပွဲတွေ အရင်လို မကျင်းပနိုင်ကြတော့ဘူးလို့ ရှမ်းစာပေနဲ့ ယဥ်ကျေးမှုအသင်းတွေက ပြောပါတယ်။ “တိုက်ပွဲတွေဖြစ်လို့ မြို့ရွာတွေက ပျက်၊ စစ်ဘေးရှောင်နေရလို့ စီးပွားတွေပျက်နေကြတဲ့အပြင် စစ်သားတွေ လူဖမ်းနေလို့ လူငယ်တွေ ပြေးနေကြရပြီး ကိုယ့်အမျိုးသားရိုးရာနှစ်သစ်ကူးပွဲကို မလုပ်နိုင်ကြတော့ဘူး။ လုပ်တာလည်း အဖြစ်လောက်ပဲ လုပ်နိုင်ကြတော့တယ်” လို့ အရင် လားရှိုးရှမ်းစာ/ယဉ်ကျေးဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။ နှစ်စဉ် နိုဝင်ဘာ ၃၀

မဲခေါင်၊ နိုဝင်ဘာ ၃၀

ဒေသတွင်းမှာ စစ်မက်ထူပြောနေသလို စစ်မှုထမ်းလူဖမ်းတာတွေရှိနေတာကြောင့် ရှမ်းပြည်မှာ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတွေ မလုပ်နိုင်ကြဘူးလို့ သိရပါတယ်။

နှစ်စဉ်လိုလို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ ရိုးရာရှမ်းနှစ်သစ်ကူးပွဲတွေကို ရှမ်းပြည်ရဲ့ မြို့ရွာတိုင်းလိုလိုမှာ ကျင်းပနေကျဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွေနဲ့ စစ်မှုထမ်းလူဖမ်းပွဲတွေကြောင့် နှစ်သစ်ကူးပွဲတွေ အရင်လို မကျင်းပနိုင်ကြတော့ဘူးလို့ ရှမ်းစာပေနဲ့ ယဥ်ကျေးမှုအသင်းတွေက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်လို့ မြို့ရွာတွေက ပျက်၊ စစ်ဘေးရှောင်နေရလို့ စီးပွားတွေပျက်နေကြတဲ့အပြင် စစ်သားတွေ လူဖမ်းနေလို့ လူငယ်တွေ ပြေးနေကြရပြီး ကိုယ့်အမျိုးသားရိုးရာနှစ်သစ်ကူးပွဲကို မလုပ်နိုင်ကြတော့ဘူး။ လုပ်တာလည်း အဖြစ်လောက်ပဲ လုပ်နိုင်ကြတော့တယ်” လို့ အရင် လားရှိုးရှမ်းစာ/ယဉ်ကျေးဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

နှစ်စဉ် နိုဝင်ဘာ ၃၀ ရက်ည ၁၂ နာရီကျော်ချိန်ကို ကူးပြောင်းချိန်လို့ သတ်မှတ်တာဖြစ်ပြီး အခုနှစ် ၂၀၂၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ရှမ်းသက္ကရာဇ် ၂၁၁၈ ကနေ ၂၁၁၉ ခုနှစ်ကို ကူးပြောင်းတဲ့ နိုဝင်ဘာ ၃၀ ရက်ည(တန်ဆောင်မုန်းလကွယ်နေ့ည) ၁၂ နာရီကျော် ဒီဇင်ဘာ ၁ ရက်(နတ်တော်လဆန်း ၁ ရက်နေ့)ကို ကူးပြောင်းချိန်လို့ သတ်မှတ်ကာ နှစ်သစ်ကူးပွဲကျင်းပကြကြောင်း သိရပါတယ်။

အရင်နှစ်တွေက ရှမ်းတောင်၊ မြောက်၊ အရှေ့တစ်နှစ်ကို တလှည့်စီ ပြုလုပ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ကျိုင်းတုံမှာပဲ အကျဉ်းချုံးပဲလုပ်ဖြစ်တော့မယ်လို့ ပြောပါတယ်။

“ဒီနှစ်က တုတ်ဆူးလည်း မထွက်နိုင်ဘူး၊ လူလည်း မရှိသလို ရှိတဲ့သူတွေ ပေါ်တာဆွဲအဖမ်းခံရမှာ ကြောက်ကြတယ်။ တတ်နိုင်သမျှ ရိုးရာမပျက် လုပ်ကြရပေမယ့် လူတွေမစုံတော့ မပျော်ရပါဘူး။ အခြားမြို့တွေကလည်း အရင်လို မလာနိုင်ကြတော့ဘူး” လို့ ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းသက္ကရာဇ် ရေတွက်ပုံမှာ ရှမ်းလူမျိုးတို့ရဲ့ နန်ချိုပြည်ကို ဗုဒ္ဓဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံရောက်ရှိတဲ့ သာသာနာနှစ် ၄၅၀၊ နတ်တော်လဆန်း ၁ ရက်က စတင်ရေတွက်တာလို့ သိရပါတယ်။

အတည်ပြုထားဆဲ လူမျိုးများစာရင်းအရ ရှမ်းတိုင်းရင်းသားနွယ်ဝင် ၃၃ မျိုးရှိပြီး ဗဒံမင်းလက်ထက်က မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်းမှာ ရှမ်းတိုင်းရင်းသားတွေဖြစ်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ ၂၀ ရာခိုင်နှုန်းသာရှိတော့ကြောင်း ရှမ်းစာပေပညာရှင် ဦးစိုင်းဖ က ဆိုပါတယ်။

၂၀၁၄ ခုနှစ်၊ အိမ်အကြောင်းအရာနဲ့ သန်းခေါင်စာရင်းမှာတော့ ရှမ်းလူမျိုး အရေအတွက်ဟာ ပြည်ထောင်စုလူဦးရေရဲ့ ၉ ရာခိုင်နှုန်းသာရှိတော့တယ်လို့ သိရပါတယ်။

MK-012
#MekongNEWS
#ရှမ်းပြည်
#ရှမ်းရိုးရာ
#နှစ်ကူးပွဲ
#မလုပ်ဖြစ်
#စစ်ဘေး
#စစ်ဒဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now