တိုင်းရင်းသားရေးရာ

စစ်ကောင်စီက တပ်စခန်းဆုတ်ခွာခိုင်းသည့်ကိစ္စ သတ်မှတ်ရက်အထိ SSPP အကြောင်းမပြန်၊ နှစ်ဖက်စစ်အင်အားတိုးချထား

မဲခေါင် 30 Jun - 2022
မိုင်းရှူးနယ်အတွင်းရှိ SSPP အခြေချထားသည့် စခန်း ၃ခုကို ဇွန်လ ၃၀ရက် ယနေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အာဏာသိမ်းစစ်တပ်က အကြောင်းကြားထားသော်လည်း SSPP ဘက်က အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။ မိုင်းရှူးမြို့နယ်ထဲမှ SSPP တပ်စခန်းများဖြစ်သည့် လွိုင်နိုင်းလမ်းခွဲအနီးရှိ တပ်စခန်း တစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ တပ်စခန်း ၂ ခုတို့ကို စစ်တပ်က အကြောင်းကြားစာပေးပို့ကာ ဖယ်ရှားခိုင်းသော်လည်း SSPP ဘက်က ဇွန်လ ၃၀ရက် ညနေပိုင်းအထိ အကြောင်းပြန်ခြင်းမရှိကြောင်း SSPP နှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။ “ဒီနေ့နောက်ဆုံးရက်အထိ ဘာမှ အကြောင်းမပြန်ထားဘူး။ လက်ရှိအချိန်အထိတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူး။ ဒါပေမယ့် နှစ်ဖက် စစ်အင်အားတိုးထားတာတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့် ဇွန်လ ၃၀ရက်နီးကပ်လာသည်နှင့်အမျှ မိုင်းရှူးမြို့နယ်အတွင် စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ ချထားလျှက်ရှိကြောင်း မိုင်းရှူးဒေသခံတစ်ဦးက ပြောသည်။ “ညတိုင်း

မိုင်းရှူးနယ်အတွင်းရှိ SSPP အခြေချထားသည့် စခန်း ၃ခုကို ဇွန်လ ၃၀ရက် ယနေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အာဏာသိမ်းစစ်တပ်က အကြောင်းကြားထားသော်လည်း SSPP ဘက်က အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်ထဲမှ SSPP တပ်စခန်းများဖြစ်သည့် လွိုင်နိုင်းလမ်းခွဲအနီးရှိ တပ်စခန်း တစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ တပ်စခန်း ၂ ခုတို့ကို စစ်တပ်က အကြောင်းကြားစာပေးပို့ကာ ဖယ်ရှားခိုင်းသော်လည်း SSPP ဘက်က ဇွန်လ ၃၀ရက် ညနေပိုင်းအထိ အကြောင်းပြန်ခြင်းမရှိကြောင်း SSPP နှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

“ဒီနေ့နောက်ဆုံးရက်အထိ ဘာမှ အကြောင်းမပြန်ထားဘူး။ လက်ရှိအချိန်အထိတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူး။ ဒါပေမယ့် နှစ်ဖက် စစ်အင်အားတိုးထားတာတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့် ဇွန်လ ၃၀ရက်နီးကပ်လာသည်နှင့်အမျှ မိုင်းရှူးမြို့နယ်အတွင် စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ ချထားလျှက်ရှိကြောင်း မိုင်းရှူးဒေသခံတစ်ဦးက ပြောသည်။

“ညတိုင်း ညတိုင်း စစ်သားတွေကားနဲ့အပြည့်ခေါ်ခေါ်သွားတယ်။ ဘယ်ကိုသွားလဲတော့ မသိဘူး” ဟု၎င်းက ပြောသည်။

ထို့ပြင် SSPP နှင့် မဟာမိတ်တပ်များဘက်ကလည်း ဆနင်းတောင်ကြောတဝိုက်၊ ပင်လုံနယ်နှင့် အခြားထိစပ်နေရာများတွင် အင်အားဖြည့်တင်းထားကြောင်း SSPP နှင့် နီးစပ်သူက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၊ SSPP နှင့် မဟာမိတ်တပ်ပေါင်းစုများသာမက RCSS၊ PNO နှင့် ပြည်သူ့စစ်အဖွဲ့အချို့လည်း လှုပ်ရှားမှုများ ရှိနေကြောင်း ရှမ်းပြည်နယ်တွင်း သတင်းရင်းမြစ်များက ပြောသည်။

SSPP တပ်စခန်းများနှင့် နီးစပ်သည့် ကျေးရွာများမှ ဒေသခံများမှာမူ မြို့ပေါ်သို့ ကြိုတင်ပြောင်းရွှေ့မှုများရှိပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်လျှက်ရှိကြောင်း သျှမ်းသံတောင်ဆင့် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

နေပြည်တော်တွင် မေလအတွင်း အာဏာသိမ်းစစ်တပ်က ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ပိုင်း ရှမ်းပြည်အတွင်း စစ်ရေးတဖန်ပြန်လည်တင်းမာလာသည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ RCSS ဘက်မှ ဥက္ကဌ ကိုယ်တိုင်တက်ရောက်ပြီး SSPP ဘက်မှလည်း ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ဟု ပြောဆိုထားသော်လည်း တွေ့ဆုံခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

တိုင်းရင်းသားရေးရာ

အရပ်သားတစ်ဦးကို တွဲလောင်းချမီးမြိုက် စစ်ဆေးခဲ့သူတွေကို အရေးယူမယ်လို့ SSPP ဆို

အမျိုးသားတစ်ဦးအား တွဲလောင်းချမီးနဲ့မြိုက်ပြီး စစ်ဆေးတဲ့ကိစ္စကို ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP က ဝန်ခံခဲ့ပြီး အဲ့ဒီဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ
ငြိမ်းချမ်းရေးသတင်း တိုင်းရင်းသားရေးရာ

ရည်မှန်းချက်ရောက်ရှိအောင်မြင်ဖို့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာခံယူတယ်လို့ TNLA ဆို

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ဖွင့်လှစ်ခဲ့တဲ့သိန္နီဟော်နန်းဖွင့်ပွဲ

ပြန်လည်တည်ဆောက်ထားတဲ့ သိန္နီဟော်နန်းဖွင့်ပွဲကို ဧပြီလ ၁၁ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

‘ဝ’၊မိုင်းလား၊ SSPP ၃ဖွဲ့နဲ့စစ်ကောင်စီနေပြည်တော်မှာဒီနေ့တွေ့

မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ‘ဝ’၊ မိုင်းလား၊ SSPP ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဒီနေ့ မတ်လ ၂၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးမှာရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေသူတွေကိုအတတ်နိုင်ဆုံးကူညီမယ်လို့ညီနောင်မဟာမိတ်၃ဖွဲ့ထုတ်ပြန်

အသက်၊​ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများစွားကို ပေးဆပ်ရင်းနှင်းပြီး နွေဦးတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြသူတွအတွက် ကိုယ်ချင်းစာတရားအပြည့်အဝနဲ့ စာနာနားလည်ပြီး ကူညီပံ့ပိုးနိုင်တာ ဆက်လက်ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now