စီးပွားရေး

လက်နက်ကိုင်စီးပွားရေးနဲ့ ပြည်သူ

မဲခေါင် 28 Nov - 2024
အယ်ဒီတာ့အာဘော် စီးပွားရေးလုပ်ငန်းတွေထဲမှာ လက်နက်ကိုင်စီးပွားရေးလုပ်ငန်းက တွက်ချေကိုက်ဆုံးလို့ ပြောနိုင်ပါတယ်။ လက်နက်ကိုင်စီးပွားရေး ပေါများလာလေလေ ပြည်သူတွေ ဒုက္ခပိုကြီးလေလေပါပဲ။ လူတွေကိုအမိန့်အာဏာနဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး ငွေရှာတဲ့နည်းလမ်းဖြစ်လို့ လက်နက်ကိုင်တချို့ကသဘောကျကြပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်အာဏာကို မစွန်လွှတ်ချင်ကြပါဘူး။ အမြင်သာဆုံးအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုပဲ သာဓကပြရမှာပါ။ တပ်/ချုပ်တာဝန်ကို သူ့လိုအရည်အချင်းမျိုး တပ်ထဲမှာ မရှိလို့ တပ်/ချုပ်တာဝန်ကို သူ့သဘောနဲ့သူ သက်တမ်းတိုးခဲ့တဲ့အပြင် လက်နက်ကိုင်အာဏာကို အသုံးချပြီး နိုင်ငံတော်အာဏာကိုပါ အနိုင်ကျင့်ဗိုလ်ကျကာ လုယူခဲ့ပါသေးတယ်။ နိုင်ငံတော်အာဏာ လက်ဝယ်ရောက်ရှိလာချိန်မှာ သူ့မိသားစုစီးပွားရေးလည်း ထိပ်တန်းကို ရောက်ရှိလာပါတော့တယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တွေ ပေါများလွန်းပါတယ်၊ လက်နက်ကိုင်ပေါများလေလေ တရားဥပဒေစိုးမိုးရေး ကျဆင်းလေလေပါပဲ။ ဘာကြောင့်လဲဆိုရင် ကိုယ်ချင်းစာစိတ်ခေါင်းပါးဆုံးနဲ့ တရားဥပဒေချိုးဖေါက်ဆုံးက လက်နက်ကိုင်တချို့နဲ့ သူ့အသိုင်းအဝိုင်းဖြစ်ပါတယ်၊ လက်နက်ကိုင် တရားမမျှတမှုမရှိရင် သူ့ကို

အယ်ဒီတာ့အာဘော်

စီးပွားရေးလုပ်ငန်းတွေထဲမှာ လက်နက်ကိုင်စီးပွားရေးလုပ်ငန်းက တွက်ချေကိုက်ဆုံးလို့ ပြောနိုင်ပါတယ်။ လက်နက်ကိုင်စီးပွားရေး ပေါများလာလေလေ ပြည်သူတွေ ဒုက္ခပိုကြီးလေလေပါပဲ။

လူတွေကိုအမိန့်အာဏာနဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး ငွေရှာတဲ့နည်းလမ်းဖြစ်လို့ လက်နက်ကိုင်တချို့ကသဘောကျကြပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်အာဏာကို မစွန်လွှတ်ချင်ကြပါဘူး။ အမြင်သာဆုံးအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုပဲ သာဓကပြရမှာပါ။

တပ်/ချုပ်တာဝန်ကို သူ့လိုအရည်အချင်းမျိုး တပ်ထဲမှာ မရှိလို့ တပ်/ချုပ်တာဝန်ကို သူ့သဘောနဲ့သူ သက်တမ်းတိုးခဲ့တဲ့အပြင် လက်နက်ကိုင်အာဏာကို အသုံးချပြီး နိုင်ငံတော်အာဏာကိုပါ အနိုင်ကျင့်ဗိုလ်ကျကာ လုယူခဲ့ပါသေးတယ်။ နိုင်ငံတော်အာဏာ လက်ဝယ်ရောက်ရှိလာချိန်မှာ သူ့မိသားစုစီးပွားရေးလည်း ထိပ်တန်းကို ရောက်ရှိလာပါတော့တယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တွေ ပေါများလွန်းပါတယ်၊ လက်နက်ကိုင်ပေါများလေလေ တရားဥပဒေစိုးမိုးရေး ကျဆင်းလေလေပါပဲ။ ဘာကြောင့်လဲဆိုရင် ကိုယ်ချင်းစာစိတ်ခေါင်းပါးဆုံးနဲ့ တရားဥပဒေချိုးဖေါက်ဆုံးက လက်နက်ကိုင်တချို့နဲ့ သူ့အသိုင်းအဝိုင်းဖြစ်ပါတယ်၊ လက်နက်ကိုင် တရားမမျှတမှုမရှိရင် သူ့ကို ဘယ်သူမှ အရေးယူခွင့် မရှိလို့ပါဘဲ။

လက်တွေ့ကျကျ ညွှန်းဆိုရရင် နယ်နမိတ်ကျယ်ဝန်းတဲ့ ရှမ်းပြည်ဟာ အခြားပြည်နယ်နဲ့တိုင်းတွေထက် တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါများသလို လက်နက်ကိုင်တစ်ဖွဲ့မှာ မူဝါဒတစ်ခုစီ၊ ရည်ရွယ်ချက်တစ်ခုစီ ရှိနေကြတာဖြစ်လို့ အုပ်ချုပ်မှုပုံစံတွေလည်း ရှုပ်ထွေးလှပါတယ်။

လွတ်မြောက်ရေးတို့၊ တော်လှန်ရေးတို့ စသဖြင့် လူအထင်ကြီးလောက်တဲ့ ခေါင်းစဉ်အမျိုးမျိုး၊ အမည်နာမမျိုးမျိုး ပေးထားတဲ့လက်နက်ကိုင်အစုအဖွဲ့တွေထဲကမှ လက်နက်ကိုင်တချို့ဟာ လက်နက်ကိုင်ပြီးစီးပွားရှာနေသူတွေ ဖြစ်ပါတယ်။

တချို့က တော်လှန်ရေးခေါင်းစဉ်အောက်မှာ အထိုင်ချပြီး စီးပွားရှာတယ်။ တချို့ကတော့ ဒေသလုံခြုံရေးခေါင်းစဉ်နဲ့ စီးပွားရှာကြပါတယ်။ အဲဒီမှာ နစ်မွန်းနေတာက ဒေသတွင်းပြည်သူတွေပဲ ဖြစ်ပါတယ်။ မတူညီကြတဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးမှာ မတူညီတဲ့မူဝါဒတွေအောက်မှာ မတူညီတဲ့အုပ်ချုပ်မှုတွေအောက်မှာ အများပြည်သူက မြေဇာပင်သဖွယ် ဒုက္ခတွေ တနင့်တပိုးနဲ့ ရှင်သန်နေကြရတာပါ။

တာချီလိတ်တစ်မြို့တည်းမှာပင် ဌာနေပြည်သူ့စစ်အဖွဲ့ ၄၀ ကျော်ရှိနေပြီး ရပ်ကွက်တစ်ခုမှာ ဌာနေပြည်သူ့စစ်တစ်ဖွဲ့ရှိတဲ့အထိ လက်နက်ကိုင်များပြားလွန်းတာပါ။ ဌာနေပြည်သူ့စစ်ဆိုတာ စစ်ကောင်စီလက်အောက်ခံတွေဖြစ်ပါတယ်။ ဘာကြောင့်ပဲ လက်နက်ကိုင်ကိုင်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လက်နက်ကိုင်ကိုင် လက်နက်ကိုင်ခေါင်းဆောင်တွေဟာ ချမ်းသာကြွယ်ဝလာသူတွေချည်းပါပဲ။

လက်နက်ကိုင်အဖွဲ့ပေါများပေမယ့် ဒေသတွင်းပြည်သူရဲ့ လုံခြုံရေးပိုင်းကတော့ လုံးဝ အာမခံချက်မရှိတာ တွေ့ရပါတယ်။ တပ်သားသစ်အတွက် ဒေသခံတွေကို ဖမ်းတာ၊ ငွေပေးနိုင်ရင် ပြန်လွှတ်ပေးတာ၊ ဒေသခံတွေကို ပြန်ပေးဆွဲတာ၊ တရားလက်လွတ် သတ်ဖြတ်တာတွေလည်း ရှမ်းပြည်မှာ ဒုနဲ့ဒေး ပါပဲ။

ပြည်သူ့စစ်အမည်ခံတချို့ကလည်း ပြည်သူရဲ့သဘောတူညီချက်မရှိဘဲ ရပ်ရွာက ထမင်းထုပ်ပို့ပေးနေရတာတွေဟာ အနိုင်ကျင့်နေတာပါပဲ။ စစ်ကောင်စီရဲ့ ဩဇာခံအဖြစ်ရွေးချယ်ပြီဆိုရင် စစ်ကောင်စီရဲ့အထောက်အပံ့နဲ့ ရပ်တည်ရမှာဖြစ်ပေမယ့် ပြည်သူက ထမင်းထုပ်ပို့ပေးနေရတာဟာ တချိန်မှာ ပြန်အကိုက်ခံရဖို့ မြွေပွေးကိုကျောသတ်မွေးသလို ဖြစ်နေတာပါ။

တချိန်က ဘိန်းဘုရင်လို့ လူသိများတဲ့ ခွန်ဆာဟာလည်း တော်လှန်ရေးခေါင်းစဉ်အောက်မှာ အထိုင်ချပြီး အဓမ္မလူသစ်စုဆောင်းတာတွေ၊ ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျတာတွေ ပြုလုပ်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရှာခဲ့တာပါပဲ။ သူ့မိသားစု စီးပွားရေးအတွက် ဒေသတွင်းလူငယ်တွေ လက်နက်မကိုင်ချင်ပါဘဲ လက်နက်ကိုင်ပြီး ပေးဆပ်ခဲ့ကြရတာပါ။

အဆိုးရွားဆုံးဖြစ်စဉ်ကြီးတစ်ခုလည်း မကြာခင်က ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ရေကြီး ရေလျှံ မြေပြို နုံးတင်ပြီး လူနေအိမ်တွေ မြေအောက်နစ်မြုပ်တာနဲ့အတူ လူနဲ့တိရစ္ဆာန်တချို့သေခဲ့ရတာပါပဲ။ အမှတ်တမဲ့ကြည်ရင်တော့ ဒါကိုသဘာဝဘေးလို့ပဲ ပြောကြပါလိမ့်မယ်၊ တကယ်က လူဖန်တီးတဲ့ဘေးပါ။

ဘယ်သူတွေ ဖန်တီးခဲ့ကြတာလဲ ဆိုရင် လက်နက်ကိုင်တချို့ကိုပဲ လက်ညှိုးထိုးရပါလိမ့်မယ်။ ဘယ်လိုဖန်တီးခဲ့ကြတာလဲဆိုရင် လောဘတွေတပွေ့တပိုက်နဲ့ သတ္တုတူးဖေါ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သုတေသနပြု လေ့လာဆန်းစစ်တွေ့ရှိချက်အရ မိုင်းဆတ်မြို့အရှေ့ပိုင်းမှာ အကြီးစားသတ္တုတူဖေါ်တဲ့လုပ်ငန်းတွေက မြေစာတွေ စနစ်တကျ စွန့်ပစ်တာမျိုးမရှိတဲ့အခါ ရေစီးကြောင်းပြောင်းတာ၊ ရေစီးနဲ့အတူပါလာတဲ့ စွန်ပစ်မြေစာတွေဟာ လူနေအိမ်တွေကို နုံးမြေအောက် နစ်မြုတ်စေတာပါပဲ။

မယ်ဆိုင်မြစ်ကြောင်းတလျှောက်မျောပါလာတဲ့ နုံးတွေထဲမှာ အာဆင်းနစ်၊ နီကယ်နဲ့ ဇင့် ပါဝင်မှုအများဆုံးဖြစ်ပြီး ဇင့် ပါဝင်မှုဟာ သတ်မှတ်ပမာဏထက် ၁၈ ဆ ပိုများနေပါတယ်။ မိုင်းဆတ်မြစ်ကြောင်းတလျှောက်မှာဆိုရင်လည်း တောင်အစိတ်အပိုင်းတချို့မှာ ခဲဓါတ်များတဲ့ရေကန်တွေ ဖြစ်ပေါ်နေပြီး ဆိုင်ယာနိုက်နဲ့တူညီတဲ့ အဆိပ်ဓါတုတွေ ပါဝင်နေတာကိုတွေ့ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်ပါတယ်။ နောက်ဆုံးမှာ အဲဒီကမ်မီကယ်တွေဟာ လူနဲ့တိရစ္ဆာန်တွေကို သက်ရောက်တာပါပဲ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ သတ္တုတူးဖေါ်တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာခဲ့ကြတာလို့ ထုတ်ပြန်စာမှာလည်း ဖေါ်ပြထားပါတယ်။ ဒီလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးခဲ့တာက လက်နက်ကိုင်တချို့ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခွင့်ပြုရုံမျှမကဘဲ ကင်းစခန်းတွေချပြီး အကာအကွယ်ပါ ပေးထားပါသေးတယ်။ အကျိုးတူ စီးပွါးရေးပါပဲ။

အနှစ်ချုပ်ရရင် လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ လုပ်ငန်းရှင်တွက အကျိုးအမြတ်တွေ ရရှိကြပါတယ်။ သူတို့စံစားရချိန်မှာ သူတို့ပြုလုပ်လိုက်တဲ့ မဆင်မခြင်လုပ်ရပ်တွေဟာ ပြည်သူတွေကို ကြီးမားတဲ့ဒုက္ခတွေ ရရှိစေတာပါပဲ။

ဟိုပုန်းမြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်စဉ်တုန်းက နုံးမြေဖုံးလွှမ်းလို့ မြေအောက်ရောက်ခဲ့ကြတဲ့ လူနေအိမ် ၉၇ လုံး အခုထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးတဲ့အကြောင်း မဲခေါင်က နိုဝင်ဘာ ၂၆ ရက်မှာ သတင်းဖေါ်ပြထားပါတယ်။

မီဒီယာနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ အခုလိုအဖြစ်မျိုးတွေ ရှိနေပါလိမ့်မယ်။ ဒါတွေဟာ လက်နက်ကိုင်စီးပွားရေးတွေ ပေါများပြီး မျှတတဲ့တရားဥပဒေ ခေါင်းပါးနေတာကို ဖေါ်ပြနေတာပါပဲ။ လက်နက်ကိုင်စီးပွားရေး ပေါများလေလေ ပြည်သူတွေ ဒုက္ခပိုကြီးလေလေပါပဲ။ ။

#MeKongNews
#မဲခေါင်အာဘော်
#လက်နက်ကိုင်
#ပတ်ဝန်းကျင်
#သဘာဝ
#စီးပွားရေး
#ဇွဲဇွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer limited to trade agreements, railway projects and investment

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now