ဆောင်းပါး

ရှမ်းပြည်အခြေစိုက် PDF ‌တွေ ဘာကြောင့် ပိုရုန်းကန်နေရသလဲ

မဲခေါင် 13 Jan - 2023
မီ ကယားပြည်နယ်အတွင်း အခြေစိုက်နေရသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းများ နယ်မြေရွှေ့ပေးဖို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ တွန်းအားပေးခံနေရသည်။

မီ

ကယားပြည်နယ်အတွင်း အခြေစိုက်နေရသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းများ နယ်မြေရွှေ့ပေးဖို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ တွန်းအားပေးခံနေရသည်။

စစ်တပ်အာဏာသိမ်းမှု အလွန် နောက်ဆက်တွဲဖြစ်လာတဲ့ အာဏာရှင် တော်လှန်ရေးတိုက်ပွဲတွေများနှင့်အတူ တိုင်းနှင့်ပြည်နယ်နေရာအနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ပေါ်ထွက်လာခဲ့သည်။ အလားတူပင် စစ်အာဏာရှင်ကို တော်လှန်ဖို့ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ပေါက်ဖွားလာခဲ့သည်။

သို့သော် ရှမ်းပြည်နယ်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်တော်လှန်ရေးသည် အများနည်းတူ ယုံကြည်ချက်ဖြင့် လွတ်လပ်စွာ လှုပ်ရှားခွင့် မရရှိနိုင်ပါ။ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသအလိုက် ‌ပေါ်ထွက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အင်အားစု ၂၀ ကျော်ရှိသော်လည်း အဆိုပါ တပ်ဖွဲ့များသည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားနေရခြင်းမဟုတ်ပေ။

အခြေစိုက်နယ်မြေ အခက်အခဲ

ရှမ်းတောင် PDF တပ်ဖွဲ့အများစု‌ပေါ်ပေါက်လာသည့် အချိန်တစ်ခုထဲတွင် ကယားပြည်နယ်အတွင်း နယ်မြေတစ်ခုသတ်မှတ်ပေးထားခဲ့ပြီး လက်ရှိအချိန်တွင် အခြေအနေ အမျိုးမျိုးကြောင့် ရှမ်းပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်ရန် တောင်းဆိုနေပြီဖြစ်သည်။

“ကယားပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နေဖို့နေရာ ကူညီပေးခဲ့တယ်။ အခု လက်နက်ကြီးတွေကျတဲ့အတွက် သူတို့ပြည်သူတွေထိခိုက်မှုရှိလို့ ရွှေ့ခိုင်းတယ်။ အခုလတ်တလောမှာ လက်နက်ကြီးတွေ တအားကျတာဆိုတော့ တပ်ရင်းတွေကို ရွှေ့ခိုင်းတယ်၊ မောင်းထုတ်နေတာ ကြာပြီ။ လက်နက်ပစ္စည်း မပြည့်စုံတာတွေကြောင့် နယ်မြေတစ်ခု ရရှိနိုင်ဖို့အတွက်ရော ရှမ်းတောင်ဝင်ဖို့ကို ရုန်းကန်နေရတယ်” ဟု ကယားပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားနေရသည့် ရှမ်းတောင် PDF တပ်ဖွဲ့ တစ်ဖွဲ့က ဆိုသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (တောင်ကြီး)၊ တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကလောမြေအောက်တော်လှန်ရေးအဖွဲအစည်း၊ ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အောင်ပန်းမြို့ အထူးကာကွယ်ရေးတပ်ဖွဲ့၊ အောင်ပန်းမြို့ပြပျောက်ကြားတပ်စု၊ ညောင်ရွှေမြို့နယ်အခြေစိုက် Assassin For Justice ပြောက်ကျားတပ်ဖွဲ့၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ချိုးဖြူပျောက်ကြားတပ်ဖွဲ့၊ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ရင်း-၂ စသည့် တပ်ရင်းတပ်ဖွဲ့များအပါ အင်အားစု ၂၀ ‌ကျော်ခန့် ပေါ်ပေါက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသည်လည်း အမည်ဖော်၍လှုပ်ရှားနေသည့် PDF တပ်ဖွဲ့များနှင့် အမည်မဖော်ပဲ ဖွဲ့စည့်ထားသည့် PDF တပ်ဖွဲ့များ အပါ အင်အား ၂၀ ကျော်ရှိနေသည်ဟု ရှမ်းပြည်မြောက်ပိုင်း PDF တပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်မူ PDF တပ်ဖွဲ့များကို မတွေ့ရဘဲ ဒေသခံ လှုပ်ရှားသည့် KKK(အမည်အရှည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါ) ဆိုသည့် အဖွဲ့တစ်ခုသာ တွေ့ရပြီး လက်ရှိတွင် အဆိုပါအဖွဲ့သည်လည်း စစ်ကောင်စီ၏တိုက်ခိုက်မှုကို ခံခဲ့ရသည်။

ရှမ်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အင်အားစုဆောင်းနိုင်မှု အားကောင်းသော်လည်း သီးသန့်နယ်မြေမရရှိခြင်း၊ လက်နက်အင်အား တပ်ရင်းတပ်ဖွဲ့တဖွဲ့တွင် တပ်ဖွဲ့အင်အား၏ ၂၀ ရာခိုင်နှုန်းပင် လက်နက်အင်အား မဖြည့်တင်းပေးနိုင်သည့်အခြေအနေကို စစ်အာဏာရှင် တော်လှန်ရေး ၂ နှစ် ဝန်းကျင်ကြာလာသည့်အချိန်မှာပင် ကြုံတွေ့နေရဆဲဖြစ်သည်။

အင်အားအကြီးမားဆုံး လက်နက်ကိုင်များ ရှိရာ ပြည်နယ်

တကယ်တမ်းတွင် ရှမ်းပြည်နယ်သည် အခြားပြည်နယ်များထက် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များတည်ရှိရာ ပြည်နယ်ဖြစ်သည်။ သို့သော် ရှမ်းပြည်နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအများစုသည် ငွေကြေးအခက်အခဲနှင့် အထွေထွေအကြပ်အတည်းများစွာကို ရင်ဆိုင်နေရသည်။

“တော်လှန်ရေး စတဲ့အချိန်တုန်းက လက်နက်ကိုင်အဖွဲ့ကြီးတွေက စစ်ရေးလေ့ကျင့်ပေးမယ်၊ လက်နက်ပေးမယ်၊ ရိက္ခာထောက်ပံ့ပေးပြီး ခေါ်တာတွေရှိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ တပ်ဖွဲ့အတွက် လူစုသလိုဖြစ်သွားတဲ့အခြေအနေတွေ ရှိတယ်။ ရှမ်းပြည်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီတော်လှန်ရေးကို လုံးဝမပါဘူး။ တပ်ဖွဲ့အနေနဲ့ ဘာ supporting မှ မရဘူး” ဟု အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၏ နယ်မြေအတွင်းမှာ အခြေစိုက် ဖွဲ့စည်းခွင့်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိသော်လည်း ရှမ်းပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အတွက်မူ စစ်ကောင်စီနှင့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်မည့်အခြေအနေမှာ အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆိုကြသည်။

“ရှမ်းမြောက်မှာ ERO တွေများတော့ရသလောက်နဲ့ချိတ်ဆက်ထားတယ်။ များတဲ့အခါ တချို့နယ်မြေတွေက TNLA ကလည်း မပိုင်ဘူး၊ SSPP ကလည်း မပိုင်ဘူး၊ ဘယ်အဖွဲ့က ပိုင်မှန်းမသိတဲ့နေရာတွေရှိတယ်။ အဲ့လိုနေရာတွေဆို လုံခြုံအောင်ယူရတယ်။ အနီးစပ်ဆုံး ဒီအဖွဲ့တွေရဲ့အကူအညီယူရတယ်။ နေရာတခုသီးသန့်သတ်မှတ်ပြီး အဲ့ဒေသအတွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်တော့မရှိသေး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA ကဆိုသည်။

ရှမ်းပြည်နယ်အတွင်းမှာ အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အများအပြား တည်ရှိနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရရှိရန် ခက်ခဲနေခြင်း၊ ဆက်လက်ရပ်တည်ဖို့ ခက်ခဲသဖြင့် ပြိုကွဲမှုများ ရှိနေခြင်းသည် ရှမ်းပြည်အခြေစိုက် PDF အဖွဲ့များအတွက် အဓိက စိန်ခေါ်မှု ဖြစ်နေသည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြည့်မည်ဆိုလျှင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ရှမ်းအရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်း‌တောင်ပိုင်းရှိ မိုင်းပန်၊ မိုင်းနဲ၊ လဲချား၊ ကွန်ဟင်း၊ လွယ်ဆစ်၊ မောက်မယ်၊ မိုးကောင်း၊ နမ့်ဆန်နှင့် ရှမ်းမြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်း မြို့နယ်များတွင် နယ်မြေလှုပ်ရှားမှုရှိသည်။

RCSS အဖွဲ့သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ သို့သော် စစ်အာဏာသိမ်းကာလအတွင်း အာဏာရှင်စစ်တပ်နှင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး တစ်ချိန်တည်းမှာပင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိသည်။

RCSS ဥက္ကဠ ဗိုလ်ချုပ်ကြီးယွက်စစ်သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို အားမပေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ရှမ်းပြည်နယ်အတွင်းတွင် RCSS၊ SSPP၊ TNLA၊ MNDAA၊ NDAA နှင့် UWSA စသည့် အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိသော်လည်း စစ်အာဏာသိမ်းပြီး ကာလနောက်ပိုင်း အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ နည်းပါးခဲ့၊ နည်းပါးနေဆဲ ဖြစ်သည်။

ရှမ်းပြည်နယ် လက်နက်ကိုင်အချင်းချင်းသာ နယ်မြေစိုးမိုးမှု ရရှိရေးအတွက် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ အဆိုပါအခြေအနေကို International Crisis Group ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်ထုတ် “Myanmar’s Coup Shakes Up Its Ethnic Conflicts” အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်အကြား ပဋိပက္ခ တိုက်ပွဲများနှစ်ရှည်ဆင်နွှဲခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်တွင် သိသိသာသာတိုက်ပွဲများ ဖော်ဆောင်မှု အားနည်းခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ကိုင်စွဲထားသည့် ရည်ရွယ်ချက်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေး၊ နယ်မြေစိုးမိုးရေးစသည့် ကိုယ်ပိုင်ရည်မှန်းချက်များကလည်း ရှိနေသည်။

သို့သော် နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေးအတွက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်တော့ မဟာမိတ်ဆက်ဆံရေးဖော်ဆောင်မှု အားနည်းနေသည်ကိုတွေ့ရသည်။

“ရှမ်းပြည်နယ်ဟာ ပထဝီအနေအထားအရ အခြားပြည်နယ်တွေထက် နိုင်ငံရေး၊ စစ်ရေး အရ သီးသန့်ကွဲထွက်နေတဲ့ပုံစံဖြစ်တယ်။ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့နောက်မှာ တရုတ်နိုင်ငံက ‌ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေများတယ်။ မြန်မာစစ်တပ်နဲ့ တရုတ် ဆက်ဆံရေးအခြေအနေတွေနဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ ဆက်နွယ်မှုတွေ ရှိနေတယ်။ ဒီလိုအနေအထားတွေကို ရင်ဆိုင်နေရတာပေါ့” ဟု ရှမ်းပြည်နယ်အရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမှာ အခြေစိုက်သည့် “ ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)ကို “ ဝ” လူမှုအရပ်ဘက်အဖွဲ့အစည်း ၈ ဖွဲ့နဲ့ “ ဝ” ပြည်သူတွေက လူထုနဲ့အတူ ရပ်တည်ကြောင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လုပ်ရပ်ကို လက်မခံကြောင်းနဲ့ပြသပေးဖို့ မတ်လ ၃၀ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့သော်လည်း UWSA ခေါင်းဆောင်များက ယနေ့အချိန်အထိ အကြောင်းပြန်ခြင်းမရှိပဲ နှုတ်ဆိတ်နေဆဲဖြစ်သည်။

တစ်ဖက်တွင် အင်အားအတန်အသင့်ရှိသော NDAA “မိုင်းလား” အဖွဲ့မှာလည်း လှုပ်ရှားမှု ငြိမ်သက်နေလျှက်ရှိသည်။

စစ်အာဏာသိမ်းကာလအတွင်း (NDAA/ESS) ၏ ထင်ရှားသည့် လှုပ်ရှားဆောင်ရွက်မှု တစ်ခုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များနှင့် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်များအကြား အလွတ်သဘော တွေ့ဆုံမှုကို မိုင်းလားတွင် ပြုလုပ်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲကို (NDAA/ESS) လည်း တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၏ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် SSPP က စစ်အာဏာသိမ်းမှုကာလနောက်ပိုင်းမှာ နယ်မြေစိုးမိုးမှု အားကောင်းလာသည်ကိုတွေ့ရသည်။ SSPP နှင့် ၎င်းလက်နက်ကိုင်တပ်ဖွဲ့နှင့် မဟာမိတ် ပြုထားသည့် TNLA တပ်ဖွဲ့တို့အကြား မှာပင် စစ်ကောင်စီနှင့် တိုက်ပွဲထိတွေ့မှုများအခြေအနေကို တွေ့ရသည်။

အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့မှာမူ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအပေါ် ထောက်ပံ့မှုအချို့ရှိသည်ဟု ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

“တော်လှန်ရေးနှစ်ချီလာပြီး တပ်ဖွဲ့အင်အားအားကောင်းလာပေမယ့် နယ်မြေတခုပေးထားပြီး အခြေစိုက်နေရတဲ့ အခြေအနေပဲ ရှိတယ်။ မစ်ရှင်ကြီးတွေလုပ်ဖို့ ခက်ခဲတယ်။ အဲဒီတော့ မြို့တွင်းမစ်ရှင် ရှိမယ်၊ ပတ်ဝန်းကျင်ဒေသ စစ်ကောင်စီဂိတ် သေးသေးလေးတွေ တိုးဂိတ်တွေလောက်ပဲ လုပ်နိုင်တာရှိတယ်၊ တခြားကြီးကြီးမားမားတိုက်ပွဲတွေ ဖော်ဆောင်နိုင်တာမျိုး မရှိသေးဘူး” ရှမ်းမြောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကဆိုသည်။

နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ ရှမ်းပြည်နယ်အတွင်းရှိ တရုတ်အကျိုးစီးပွား စီမံကိန်းများရှိနေသည့် အခန်းကဏ္ဍဖြစ်သည်။ အာဏာသိမ်းမှု အလွန် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ရှစ်ခုမှ မြို့နယ်ပေါင်း ၄၃ ခုတွင် တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ISP Myanmar ၏ အစီရင်ခံစာတွင် ဆိုထားသည်။

ယင်းအခြေအနေတွင် ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအကြိမ်ရေ ၁၀၀ ကျော်၏ ၇၅ ရာခိုင်နှုန်းကျော်သည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများ ဆုံချက်ဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင်းတွင်တော့ ရာခိုင်နှုန်းအားဖြင့် လျော့ကျလာပြီး အောက်တိုဘာလအထိ တိုက်ပွဲပေါင်း ၂၀၀ ဖြစ်ပွားခဲ့ကာ ၃၅ ရာခိုင်နှုန်းခန့်မှာ ရှမ်းပြည်မြောက်ပိုင်းအတွင် ဖြစ်ပွားခြင်းဖြစ်သည်။

“ဒီဘက်မှာဆို တရုတ်ရဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေရှိပြီး ERO ထဲမှာလည်း သူတို့နဲ့အကျိုးတူ စီးပွားရေးအရ ပေါင်းနေတာတွေ ရှိတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်အရ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ဖြုတ်ချချင်တာမှန်တယ်။ မလိုလားအပ်တဲ့ ERO တွေကလည်း သူတို့မှာ ရေတို target နဲ့ ရေရှည် target ဆိုပြီးခွဲလိုက်ပုံရတယ်။ သူတို့ရဲ့လုပ်ငန်းစဥ်က ကျွန်တော်တို့လုပ်နေတာနဲ့ တူသယောင်ယောင်တော့ရှိတယ် ဒါပေမယ့် အချင်းချင်းကြားမှာ against ဖြစ်လာတဲ့ကိစ္စမျိုးလည်းရှိတာပေါ့။ အဲ့လိုကိစ္စဖြစ်တော့ ကျွန်တော်တို့က PDF ဖြစ်တယ်၊ ကိုယ့်ကိုကိုယ်လည်း ထူထောင်နိုင်တဲ့အဖွဲ့အစည်းလည်းမဟုတ်တော့ ERO တွေရဲ့ ကျောကိုမှီရတော့ ဘာမှမတတ်နိုင်ပဲ လက်လျှော့ရတဲ့အခြေအနေတွေလည်း အများကြီးရှိတယ်”ဟု ရှမ်းမြောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဆိုသည်။

NUG ရဲ့ မဟာမိတ်ဖော်ဆောင်နိုင်ရေး အရေးပါမှု

ရှမ်းပြည်နယ်အတွင်း စစ်တပ်၏ တြိဂံတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်း စစ်တိုင်းတွေရှိနေပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ၊ တပ်မ ၅၅ တပ်ရင်းနှင့် ဧည့်သည်တပ်ရင်းများလည်း တည်ရှိထားသည်။

ယင်းအပြင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း များစွာရှိနေသည်။ ပြည်သူ့စစ်တွင် နယ်မြေနှင့် လူမျိုးအလိုက်ဖွဲ့စည်းထားသည့် အသွင်ပြောင်း ပြည်သူ့စစ်နှင့် မြို့နယ်၊ ဒေသများအတွက် ဖွဲ့စည်းထားသည့် ဒေသခံပြည်သူ့စစ် ဟူ၍ နှစ်မျိုး ရှိနေပြန်သည်။ အသွင်ပြောင်းပြည်သူ့စစ်မှာ တပ်ဖွဲ့အင်အား ပိုမိုများပြားပြီး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားသည်။ စိန်ကျော့ပြည်သူ့စစ်၊ ဝမ်ဟိုင်း/နားပွဲပြည်သူ့စစ်၊ တပ်မဟာ(၇) ပြည်သူ့စစ်၊ SSS ပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်၊ မတ်ကျန်းပြည်သူ့စစ်နှင့် PNO တို့မှာ ရှမ်းပြည်တောင်ပိုင်းအခြေစိုက် အသွင်ပြောင်း ပြည်သူ့စစ်များဖြစ်သည်။

စစ်တပ်၏ စာရင်းများအရ ရှမ်းပြည်နယ်အတွင်း ဒေသလုံခြုံရေးအတွက်ဟု အကြောင်းပြကာ ဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ပေါင်း ၁၀၀၀ ကျော်ရှိပြီး အင်အား ၃ သောင်းခန့်ရှိနေသည်။ အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း ၊စစ်အာဏာရှင်ဆန့်ကျင်ရေးဆောင်ရွက်သူတွေကို တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ကို ဒေသတွင်းသတင်းများတွင် အမြဲတွေ့မြင်နေရသည်။

ယင်းကဲ့သို့ အခြေအနေအများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရေရှည်ရပ်တည်နိုင်ရေးနှင့် မူလ ရပ်တည်ချက် စစ်အာဏာရှင်တော်လှန်ရေးအတွက် အဓိက စိန်ခေါ်မှုများ ဖြစ်လာနေသည်။ ရှမ်းပြည်နယ်အတွင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အင်အား ၄၀ ထက် မနည်းရှိနေသော်လည်း စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲများဖော်ဆောင်နိုင်ဖို့ရန်တော့ အခွင့်မသာပဲရှိနေသည်။

ယခုအခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ရှမ်းလက်နက်ကိုင် အဖွဲ့တွေအကြား မဟာမိတ်ဆက်ဆံရေးဖော်ဆောင်နိုင်မှုသည် အရေးပါလှသည်။

“PDF တွေမှာကြ‌တော့ စိတ်ဓာတ်က ရှိပြီးသား၊ အဓိကကတော့ NUG အစိုးရကိုပဲ တွန်းအားပေးချင်တယ်၊ သူရဲ့ တိုင်းရင်းသားဆက်ဆံရေးအပိုင်းမှာတော့ အခုလုပ်နေတာထက် စာပြီးတော့မှ အများကြီး ပိုပြီးကြိုးစားသင့်တယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုရင် KIA နဲ့ပဲ ဆက်ဆံနေလို့ မရဘူး KNU နဲ့ပဲ ဆက်ဆံနေလို့လည်း မရဘူး။ အခု ရှမ်းမြောက်မှာဆို ERO တွေ အများကြီး ရှိတယ်။ PDF အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပိုမိုထိရောက်ဖို့အတွက်ဆိုရင် ဘုံရန်သူကိုဘေးဖယ်ပြီး လက်တွဲသင့်တဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲရမယ်လို့ မြင်တယ်။ သူရဲ့ တိုင်းရင်းသားဆက်ဆံရေးအပိုင်းမှာ တော်တော်ကို ရုန်းကန်ကြိုးစားရလိမ့်မယ်လို့ မြင်တယ်။ လက်နက်တွေကိုလည်း PDF တွေကို လက်နက်တပ်ဆင်ပေးနိုင်ဖို့လည်း လိုတယ်” ဟု ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ကိုသာ လက်တွဲမည်ဆိုပါက စစ်အာဏာရှင်တော်လှန်ရေး အမြစ်ဖြတ်နိုင်ရန် ခက်ခဲမည်ဟု တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ၏ ဗိုလ်မှူးချုပ် တာဘုန်း‌ကျော် က မြန်မာနောင်းနှင့်အင်တာဗျူးတွင် ဆိုထားသည်။

NUG အနေဖြင့် တိုင်းရင်းသားတွေ အပေါ် ချဉ်းကပ်မှုတွင် အားနည်းချက်များရှိနေပြီး TNLA နှင့်လည်း စစ်ရေးအရ ပူးပေါင်းနိုင်မည့် ဆက်ဆံရေးမျိုး မရောက်သေးကြောင်း၊ တစ်တိုင်းပြည်လုံးခြုံတဲ့ အာဏာရှင်တော်လှန်ရေးတွင် NUG နှင့် လက်နက်ကိုင်တော်လှန်ရေး တစ်ဖွဲ့နှစ်ဖွဲ့လောက်သာ ဦးဆောင်ပြီး လုပ်နေခြင်းက အောင်မြင်တဲ့ အဆင့်ရောက်ဖို့ အခက်အခဲတွေ ရှိလိမ့်မည်ဟု ဗိုလ်မှုးချုပ် တာဘုန်းကျော်က ဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The TIKTOK Threat: China’s tech ambitions imperil security Worldwide

The recent decision by the U.S. House of Representatives to pass legislation requiring TikTok to be sold to an American

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းခေါင်းဆောင်တွေကို တုန်လှုပ်စေတဲ့ စာသားကနေ ရုပ်ရှင်ပြောင်း AI နည်းပညာ Sora

Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီးပွားရေးမျက်နှာစာမှာ မျှော်လင့်ချက်မဲ့အကျပ်ရိုက်မှု ဖြေရှင်းရေး တရုတ်ရဲ့ Two Sessions အစည်အဝေးကြီးစတင်

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ၂ ဆက်ရှင် (Two Sessions) လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကြီး စတင် ကျင်းပနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အရှုံးမပေးသေးဘူးလား စစ်ကောင်စီ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှစကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၃ နှစ် အကြာ ၂၀၂၄ ခုနှစ်အစတွင်ပင် စစ်မျက်နှာအရပ်ရပ်၌ သေဆုံး၊ အဖမ်းခံ၊ ထွက်ပြေး၊ ဘက်ပြောင်းသူများစွာနှင့် မြို့ရွာ၊ တပ်စခန်းအများအပြား

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အညာတော်လှန်ရေးခရီးရှည်

ယူကရိန်းနိုင်ငံရဲ့ ရုရှားကျူးကျော်စစ်ကို တွန်းလှန်မှု ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဌ အပါအဝင် ကနေဒါ အီတလီ ဘယ်လ်ဂျီယံ အစရှိသည့် နိုင်ငံ့ ခေါင်းဆောင်များက ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ ကိယက်ဗ်မြို့ကိုသွားရောက်ခဲ့ကြသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now