လင်းမောင်
ရခိုင်ပြည်နယ်၏ ပထဝီအနေအထားအရ ရေနှင့်ကုန်းပါ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနှင့်ဘဂ်လားဒစ်ရှ်တို့နှင့် စီးပွားရေးမှာ အရင်ဦးဆုံးဆံဆက်မှုများ ပြုလုပ်သင့်တယ်။
ရခိုင်ပြည်နယ်ဟာ အိန္ဒိယနှင့် သမိုင်းကြောင်း ၊ လူမှုရေးရာ ယဥ်ကျေးမှုနှင့် ကုန်သွယ်မှုများပါ ဆက်သွယ်မှုများရှိခဲ့သောကြောင့် ယဥ်ကျေးမှုပေါင်းစပ်ခြင်းများဟာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ဖြစ်ထွန်းခဲ့ပါတယ်။ တူညီသော ဘာသာရေးနှင့် လူမှုရေးရာ ယဥ်ကျေးမှုကြောင့် ဆယ်စုနှစ်များစွာ အတူတကွရှင်သန်ခဲ့ကြပါတယ်။ များစွာသော ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများနှင့် ပြဿနာမရှိဘူးဆိုတဲ့ အမြင်ကိုယနေ့ထက်တိုင် ကိုင်စွဲထားလျှက်ရှိပါတယ်။အမုန်းပွားမှုများဟာ ပြည်မတွင်နေထိုင်ကြသော ဗမာများ၏ စီစဥ်ထားမှုသာဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကြား ငြိမ်းချမ်းရေးနှင့် သဟဇတဖြစ်မှု ပြန်လည်ဖြစ်ပေါ်စေရန်တစ်ခုတည်းသော နည်းလမ်းသည် ပြောင်းလဲခြင်းများကိုအဓိကထားပြီး ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ယူဆောင်လာဖို့ဖြစ်ပါသည် ။၉၀ ရာခိုင်နှုန်းသော ပြဿနာများကို ဖြေရှင်းသွားလိမ့်မည်လို့ မျှော်လင့်ပါသည်။ ပြောင်းရွေ့နေရသော ပြည်သူများသည် အားနည်းမှုများစွာရှိပြီး အလုပ်အကိုင်ဖြစ်ထွန်းဖို့ လိုအပ်လျှက်ရှိပါသည်။
၂။ ရခိုင်ပြည်သူ (သို့မဟုတ်) ရိုဟင်ဂျာများကို ကိုယ်စားပြုသော လူမျိုးစုများသည် ၄င်းတို့ပိုင်ဆိုင်သည့် သဘာဝသယံဇာတများကို တရုတ်ပြည်ကို တင်ပို့မှုထက် ၄င်းတို့ကိုယ်တိုင် အသုံးပြုနိုင်ဖို့ မဟာဗျူဟာ ချမှတ်သင့်ပါသည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူမှ ကူမင်းထိ သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လိုင်းသွယ်တန်းခြင်းသည် ကုန်းတွင်းပိတ်ဖြစ်သည့် ,ယူနန်ပြည်နယ်၏ စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန်နှင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်ရန်သာဖြစ်ပါသည်။ အကျိုးရလဒ်အနေနဲ့ကတော့ ရခိုင်ပြည်သူတွေရဲ့ဘဝနှင့် မြေယာ နှစ်ခုစလုံးကို ဆုံးရှုံးစေပါတယ်။ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များသည် ပို၍ဆုံးရှုံးနာကျဥ်မှုများကို ယူဆောင်လာစေမှာဖြစ်ပါသည်။
၃။ ရခိုင်စစ်ပွဲသည် သဘာဝသယံဇာတများပေါ်မှာ အခြေခံဖြစ်ပေါ်နေပြီး လူတိုင်းသည် ကြိုးစားအားထုတ်မှုမရှိဘဲ အမြတ်အကြီးကြီးလိုချင်နေကြခြင်းဖြစ်ပါသည်။ ထိုထင်ရှားသော အကြောင်းပြချက်များကြောင့် တရုတ်နိုင်ငံသည် ရခိုင်လူမျိုးစုများအပေါ် သြဇာညောင်းလျှက်ရှိပါသည်။ ထိပ်ပိုင်းခေါင်းဆောင်များသည် အရာရာမှာချယ်လှယ်နေပြီး လွတ်လပ်ရေး ကြိုးပမ်းမှုဆိုသည့် အမည်အောက်မှာ ကိုယ့်လူမျိုးအပေါ်မှာ ကိုယ်တိုင်ခေါင်းပုံဖြတ် အမြတ်ထုတ်လျှက်ရှိပါသည်။အခွန်ခွဲဝေမှုနှင့်စိုးမိုးခြယ်လှယ်မှုဆိုင်ရာ အကျိုးစီးပွား ပြဿနာ များ မှာ အဆုံးမရှိဘဲ အနာဂတ်မှာ အခြားအင်အားစုများကို မွေးဖွားစေမှာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့များသည် ကင်ဆာရောဂါကဲ့သို့ဖြစ်နေပြီး ရခိုင်ပြည်နယ်မှာ ဖြစ်နိုင်ဖို့အလားလာ နည်းပါးသည့် ခိုင်မာသောတွန်းလှန်မှုဖြစ်ပေါ်စေရန် စည်းလုံးညီညွတ်မှုမရှိသရွေ့ အမြစ်ပြတ်ဆွဲထုတ်ဖို့ခက်ခဲနေမှာဖြစ်ပါသည်။ အဖွဲ့အများစုသည် မှန်ကန်သောရည်ရွယ်ချက်နှင့်စတင်ခဲ့ကြသော်လည်း နောက်ဆုံးမှာ ကိုယ့်လူမျိုးကို အမြတ်ထုတ်ပြီး အခွန်ကောက်ခံမှုနှင့်သာ အဆုံးသတ်နေကြပါသည်။
၄။ အိန္ဒိယနိုင်ငံ၏ ကလတန်စီမံကိန်း နှောင့်နှေးမှုမရှိဘဲ ပြီးဆုံးသွားပါက ရခိုင်ပြည်နယ်ရှိ စီးပွားရေး အတိုင်းအတာဟာ လုံးလ ပြောင်းလဲသွားမှာဖြစ်ပါသည်။ အိန္ဒိယသည်လည်း တရုတ်နိုင်ငံကဲ့သို့ စီးပွားရေးတောင့်တင်းသော နိုင်ငံဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ ခေါင်းပုံဖြတ်မည့်အခြေအနေအား စောင့်ကြည့်နိုင်သည့်အနေအထားမှာရှိပါသည်။ ထိုနည်းတူစွာ အနာဂတ်မှာ ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ မီးရထားဖောက်လုပ်ခြင်းဖြင့် စီးပွားရေးအခွင့်လမ်းများ ပိုမိုပွင့်လန်းလာပြီး ကြွယ်ဝချမ်းသာမှုကို ဧကန် ယူဆောင်လာမှာဖြစ်ပါသည်။ရခိုင်ပြည်သူများသည် မိမိပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်နိုင်သောနည်းလမ်းများနှင့် မိမိအနာဂတ်အတွက် ပြန်လည်ဆန်းစစ်သင့်ပါသည်။