ဆောင်းပါး

မြန်မာအရေးကြောင့် ပိုနက်ရှိုင်းလာတဲ့အာဆီယံအကွဲအပြဲ အင်ဒိုနီးရှားရဲ့ ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်နေ (ဘာသာပြန်)

မဲခေါင် 24 Apr - 2023
မြန်မာအကြပ်အတည်းအတွက် သဘောတူညီချက်ရအောင်ကြိုးစားဖို့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာစုဝေးခဲ့ပြီး ၂ နှစ်အကြာမှာ မေ ၆ ရက်ကနေ ၁၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်မယ့် မသက်မသာဖြစ်နေတဲ့ ထိပ်သီးအစည်းအဝေးအတွက်ပြင်ဆင်နေတုန်း အာဆီယံခေါင်းဆောင်တွေဟာ ရှားရှားပါးပါးသွေးကွဲမှုကို ကြုံတွေ့နေရပါတယ်။

မြန်မာအကြပ်အတည်းအတွက် သဘောတူညီချက်ရအောင်ကြိုးစားဖို့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာစုဝေးခဲ့ပြီး ၂ နှစ်အကြာမှာ မေ ၆ ရက်ကနေ ၁၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်မယ့် မသက်မသာဖြစ်နေတဲ့ ထိပ်သီးအစည်းအဝေးအတွက်ပြင်ဆင်နေတုန်း အာဆီယံခေါင်းဆောင်တွေဟာ ရှားရှားပါးပါးသွေးကွဲမှုကို ကြုံတွေ့နေရပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံရဲ့နိုင်ငံတကာပုံရိပ်ကိုကျဆင်းစေချိန်မှာ ခွေးမြီးယမ်းနေတဲ့အရွေ့လို့ ဒေသတွင်းသံတမန်တယောက်ပြောသလိုပဲ ရက်စက်ကြမ်းကြုတ်တဲ့စစ်တပ်နဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ခုခံတပ်ဖွဲ့တွေအောက်ရောက်နေတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကလည်း သံတမန်နဲ့နိုင်ငံရေးလမ်းကြောင်းအမှားတွေ ဖွင့်လှစ်ပေးလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်အပေါ်သဘောထားနဲ့ ဒုက္ခသည်နဲ့ လူ့အခွင့်အရေးလို ကိစ္စရပ်တွေအပါအဝင် တခြားခြားနားချက်တွေကလည်း အာဆီယံရဲ့စည်းလုံးမှုကို မကြုံစဖူးခြိမ်းခြောက်နေပါတယ်။

“မြေပြင်အဖြစ်အပျက်တွေက အာဆီယံကို မြန်မြန်ဆန်ဆန်ကျော်လွှားသွားနေတယ်။ ပြန်လည်စုဖွဲ့ပြီး မတူညီတဲ့လုပ်ရပ်တွေလုပ်ရင်လုပ် ဒါမှမဟုတ် မကိုက်ညီမှုတွေနဲ့လှောင်ပြောင်သရော်မှုတွေမှာ ထပ်ပြီးကျဆုံးဖို့ပဲရှိတယ်”လို့ ဘန်ကောက်မြို့က ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ သီတီနန် ပေါင်ဆွတ်ဟီရက်ကပြောပါတယ်။

အာဆီယံရဲ့အသိအမှတ်ပြုမခံရတဲ့၊ ချက်ချင်းအကြမ်းဖက်မှုတွေရပ်ဖို့တောင်းဆိုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက် ၅ ချက် ၂ နှစ်ပြည့်ဖို့ ၂ ပတ်အလိုမှာပဲ အာဏာသိမ်းစစ်တပ်က ဧပြီ ၁၁ ရက်မှာ စစ်ကိုင်းတိုင်းက ဒီမိုကရေစီလိုလားတဲ့အုပ်စုရဲ့စုဝေးမှုကို လေကြောင်းတိုက်ခိုက်ခဲ့တာကလည်း အောင်မြင်မှုနည်းနည်းပဲရှိတယ်ဆိုတာကို ရက်ရက်စက်စက်သတိပေးလိုက်တာပါပဲ။

၂၀၂၃ ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ တီမောလက်စတေးနိုင်ငံအဖွဲ့ဝင်အဖြစ်အပြည့်အ၀၀င်ခွင့်ရဖို့ကနေ အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်နိုင်ရေးအထိ ကျယ်ပြန့်တဲ့အစီအစဉ်မှာ တိုးတက်မှုရှိဖို့ အင်ဒိုနီးရှားနိုင်ငံကို ဖိအားတွေပေးနေပါတယ်။ တခြားဦးစားပေးကိစ္စတွေကတော့ အစားအစာနဲ့စွမ်းအင်လုံခြုံရေး၊ ကျန်းမာရေးစောင့်ရျှောက်မှု၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ စီးပွားရေးဒစ်ဂျစ်တယ်အသွင်ပြောင်းမှုနဲ့ ခရီးသွားလုပ်ငန်းတို့ဖြစ်ပါတယ်။

ဂျိုကို ဝီဒိုဒိုအစိုးရရဲ့နောက်ဆုံးနှစ်မှာ ဂုဏ်သိက္ခာကိုသတိထားတဲ့အနေနဲ့ မြန်မာနိုင်ငံအရေးအတွက် ဆွေးနွေးဖက်နိုင်ငံတွေနဲ့ နှစ်စဉ်ကျင်းပနေကျ အရှေ့အာရှထိပ်သီးညီလာခံနဲ့ အဆင့်မြင့်အာဆီယံမျှော်မှန်းချက်ဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဆွေးနွေးပွဲတွေကို စက်တင်ဘာအစောပိုင်း၊ ဂျာကာတာမြို့မှာပြုလုပ်ပြီး ဥက္ကဋ္ဌအဖြစ် အောင်မြင်တဲ့အနေနဲ့ ပိတ်သိမ်းဖို့ အင်ဒိုနီးရှားနိုင်ငံက စိတ်ထက်သန်နေပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ်ဖိအားဆက်ပေးနေချိန်မှာပဲ လုပ်ငန်းတိုးတက်မှုရှိအောင် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း အချက်ပြနေပါတယ်။ စစ်ကိုင်းတိုက်ခိုက်မှုအပြီး အာဆီယံဥက္ကဋ္ဌအနေနဲ့ အခွင့်အာဏာကိုအသုံးချပြီး တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အာဆီယံအနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားကျူးကျော်မှုနဲ့ ထိုင်ဝမ်အရေးကြောင့် အမေရိကန်-တရုတ်တင်းမာမှုတွေမြင့်တက်နေခြင်းတို့အပေါ် တကမ္ဘာလုံးကနစ်မျောနေခြင်းတို့ကလည်း မြန်မာအကြပ်အတည်းကို အိမ်နောက်ဖေးမှာပဲရှင်းဖို့ ဖိအားတွေပုံနေပါတယ်။ “ဒါပေမဲ့ အာဆီယံက စွမ်းဆောင်နိုင်ခြင်းလုံးဝမရှိခဲ့ဘူး”လို့ သီတီနန်ကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းတဲ့အချိန်မတိုင်မီ အာဆီယံရဲ့အကွဲအပြဲတွေကို သီတီနန်ကပြောပြပါတယ်။ တောင်တရုတ်ပင်လယ်အရေး အသုံးအနှုန်းကွဲပြားမှုကြောင့် ကြားနေဝါဒနဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမရှိမှုတွေကို ဂုဏ်ဆာခဲ့တဲ့အာဆီယံအဖွဲ့အနေနဲ့ ပူးတွဲထုတ်ပြန်ချက် မထုတ်ပြန်နိုင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ချိန်ကို သူက ထောက်ပြပါတယ်။

“တရုတ်ကပိုပြီးရန်လိုလာတာနဲ့အမျှ သူတို့လမ်းကြောင်းထဲဝင်နိုင်ဖို့ တရုတ်နိုင်ငံက အာဆီယံရဲ့စည်းလုံးညီညွတ်မှုကို လျှော့တွက်ရမှာပါ။ အမေရိကန်-တရုတ်တင်းမာမှုတွေကြောင့် ပဋိပက္ခတွေပိုပြီးပေါ်လာတာနဲ့အမျှ အာဆီယံအဖွဲ့အကွဲအပြဲက ပိုဆိုးလာပါတယ်။ နောက်ဆုံးနဲ့ အခုထိဖြစ်နေတုန်းကတော့ မြန်မာအာဏာသိမ်းမှုနဲ့ပြည်တွင်းစစ်ပေါ့”လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့တပတ်က ရက်စက်တဲ့လေကြောင်းတိုက်ခိုက်မှုကလည်း အရေးပါပါတယ်။ ဒေသအပြင်ဘက်အစိုးရအဖွဲ့အနည်းငယ်က လက်တွေ့ကူညီပါဝင်ဖို့ ဆန္ဒရှိကြပေမဲ့ တကမ္ဘာလုံးအမျက်ထွက်နေတဲ့အချိန်ဟာ ထိရောက်မှုမရှိတဲ့အာဆီယံရဲ့ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ဖို့နဲ့ ပြောင်းလဲဖို့ နိုင်ငံတကာအသိုက်အဝန်းအတွက် အခွင့်အရေးဖြစ်တယ်လို့လည်း သီတီနန်ကပြောပါတယ်။

“မြန်မာနိုင်ငံက လက်ရှိရက်စက်မှုတွေကိုဖော်ထုတ်ပြောဆိုဖို့ တကမ္ဘာလုံးရဲ့အားထုတ်မှုတွေဟာ ဖြစ်နိုင်တဲ့အချိန်တိုင်း အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ လိုပေမဲ့ လိုအပ်တဲ့အချိန်တိုင်းမှာ အာဆီယံကိုကျော်လွန်တဲ့ကိုယ်ပိုင်လုပ်ဆောင်မှုတွေနဲ့လုပ်ဖို့လည်း လိုပါတယ်”လို့လည်း သူကတိုက်တွန်းပါတယ်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်သစ် ကောင်ကင်ဟောင်းကတော့ ဒီလိုမမြင်ပါဘူး။ “အလုပ်မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ သံတမန်နည်းနဲ့တိုးတိုးတိတ်တိတ်စေ့စပ်ပြီး အင်ဒိုနီးရှားက အလုပ်များနေပါတယ်။ နည်းနည်းလေးတော့ စိတ်ရှည်သင့်တာပေါ့လေ”လို့ သူက မကြာသေးခင်က နစ်ကိုင်းအေးရှားသတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့တွေ့ဆုံမေးမြန်းမှုမှာပြောပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံမှုတွေ နည်းပါးနေပါတယ်။

သြစတြေးလျ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ဗြိတိန် စတဲ့ အာဆီယံရဲ့အဓိကဆွေးနွေးဖက် ၁၁ နိုင်ငံနဲ့အဖွဲ့အစည်းတွေကြား အဖွဲ့အပေါ်သဘောထားတွေပြောင်းလဲနေပါတယ်။

(တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့လို) အာဏာသိမ်းစစ်တပ်နဲ့ဆွေးနွေးညှိနှိုင်းဖို့ ဦးစားပေးသည်ဖြစ်စေ၊ (အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်)တို့လို စစ်တပ်လုပ်ရပ်တွေကိုရှုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရပါအကျုံးဝင်စေတဲ့ အားလုံးပါဝင်တဲ့ချဉ်းကပ်မှုကို လိုက်နာဖို့ တိုက်တွန်းသည်ဖြစ်စေ ဒီမိတ်ဖက်နိုင်ငံအားလုံးက သူတို့အာဆီယံနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာ ပြန်လည်သုံးသပ်နေပါတယ်။ သီးသန့်ဆန်ဆန်ပဲ သံတမန်တွေကလည်း ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင်တို့လိုမျိုး နိုင်ငံပေါင်းစုံနဲ့ဆက်စပ်တဲ့ကိစ္စတွေမှာ စိုးရိမ်မှုတွေရှိနေတာကို ဖော်ပြနေပါတယ်။

“အာဆီယံနဲ့ တခုခုပြီးမြောက်တာလိုချင်ရင်၊ ဆွေးနွေးချင်ရင် နိုင်ငံပေါင်းစုံနည်းလမ်းထက် တနိုင်ငံတည်းဆွေးနွေးတဲ့နည်းလမ်းနဲ့ သွားတာပိုများမှရမယ်။ အာဆီယံအတွင်းဝန်ကို ခေါ်ပြီး အဆိုပြုချက်တခုတင်ပြတာ၊ အကြောင်းအရာတခုကိုဆွေးနွေးတာတွေလုပ်လို့ မရဘူး”လို့ ဥရောပသံတမန်တယောက်ကပြောပါတယ်။

အခုထိတော့ အင်ဒိုနီးရှားဟာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်မှာ ဖောက်ထွက်မယ့်နည်းလမ်းရဖို့ တိတ်တဆိတ်အားထုတ်နေတုန်းပါပဲ။ အာဏာသိမ်းမှုနောက်ပိုင်း အလှည့်ကျရာထူးအနေနဲ့ဖန်တီးထားပြီး အကျိုးသက်ရောက်မှုမရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရာထူးကို အမြဲတမ်းရုံးဖြစ်ဖို့ မျှော်လင့်ပြီး အားကောင်းအောင်လုပ်ထားပါတယ်။

“မြန်မာနိုင်ငံကလက်ရှိဖြစ်နေတဲ့ပဋိပက္ခကို ဆက်အာရုံစိုက်အောင်ထိန်းနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ဖြစ်ဖို့ လိုပါတယ်။ အလှည့်ကျဖြစ်လို့မရပါဘူး”လို့ အိုင်အက်စ်အီးအေအက်စ်-ယူဆော့ဖ် အီရှက်အင်စတီကျူ့ရဲ့မြန်မာလေ့လာရေးအစီအစဉ် အကြီးတန်းအဖွဲ့ဝင်နဲ့ ပူးပေါင်းဆောင်ရွက်သူ ဒေါ်မိုးသူဇာကပြောပါတယ်။

အရင်အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ချဉ်းကပ်မှုနဲ့မတူတဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီက ကိုယ်စားလှယ်နေရာမယူပေမဲ့ ရုံးကိုဦးဆောင်နေပြီး အင်ဒိုနီးရှားသံတမန်ဟောင်း ငူရာ ဆွာဂျာရာအပါအဝင် ကျွမ်းကျင်သူအဖွဲ့ဖွဲ့စည်းထားပါတယ်။ ရန်တိုဟာ ဇန်နဝါရီနောက်ပိုင်းကစလို့ မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဖြုတ်ချခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေပါဝင်တဲ့ အန်ယူဂျီနဲ့ အရပ်ဘက်အဖွဲ့တွေသာမက ကုလသမဂ္ဂ၊ ဥရောပနဲ့ ဂျပန်တို့ကနိုင်ငံတကာအထူးကိုယ်စားလှယ်တွေအားလုံးပါဝင်တဲ့ ဘက်စုံနဲ့ ဆွေးနွေးမှုတွေကို ဦးဆောင်နေပါတယ်။ စင်ပြိုင်တွေကို ဆွေးနွေးမှုမှာပါဝင်လာအောင်မလုပ်နိုင်သေးပေမဲ့ ဧပြီ ၅ ရက်က ရှားရှားပါးပါးသတင်းစာရှင်းလင်းပွဲမှာ အရင်ကမစေ့စပ်ဘူးသေးတဲ့ ပါဝင်ပတ်သက်သူအသစ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုးတက်မှုတွေရှိလာတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာဂျပန်အထူးကိုယ်စားလှယ် ယိုဟီ ဆာဆာကာဝါက မာဆူဒီကို သိသိသာသာလွှမ်းမိုးနိုင်စွမ်းရှိပြီး အာဆီယံသံတမန်နည်းလမ်းလို့ သူသတ်မှတ်လိုတဲ့ သိုသိုသိပ်သိပ်ချဉ်းကပ်မှုကိုလိုက်နာဖို့ မာဆူဒီကို တိုက်တွန်းနေပါတယ်။ စစ်ခေါင်းဆောင်တွေအတွက် တခုတည်းသောထွက်ပေါက်အနေနဲ့ အငြင်းပွားမှုများနေတ့ရွေးကောက်ပွဲကျင်းပဖို့ စစ်အုပ်စုရဲ့အစီအစဉ်ကို ထောက်ခံဖို့လည်း သူက အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်ပါတယ်။

အချိန်ကတော့ ကုန်နေပါပြီ။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူ ၂ သန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်း၊ ဖမ်းခံရသူ ၂၁၃၀၀၊ ၂ ဖက်စလုံးမှာသေဆုံးသူ ၃၀၀၀၀ နီးပါးရှိနေတယ်လို့ အမှီအခိုကင်းတဲ့စောင့်ကြည့်ရေးအဖွဲ့တွေကပြောပါတယ်။

တနင်္လာနေ့မှာ နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ရော၊ လူသားချင်းစာနာထောက်ထားမှုစိုးရိမ်စိတ်တွေကိုဖော်ပြဖို့နဲ့ ပြည်သူတွေပျော်ရွှင်ဖို့ရောရည်ရွယ်ပြီး အကျဉ်းသား ၃၁၁၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ ဘယ်သူတွေလွတ်တလာတယ်ဆိုတာ တိတိကျကျမသိရသေးပေမဲ့ ဒီလုပ်ရပ်ဟာ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် လူအများကိုစတန့်ထွင်ပြတာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း စစ်တပ်က နာမည်ကြီးနိုင်ငံရေးသမားတွေအပါအဝင် ဖမ်းဆီးခံ ၆၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

တနည်းနည်နဲ့တော့ ၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုတွေကို လက်ဝေခံ လို့ရှုမြင်ကြတဲ့ လာအိုနိုင်ငံဆီလွှဲပြောင်းမပေးခင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့တိုးတက်မှုတွေရှိဖို့ အရေးကြီးနေပါပြီ။

မာဆူဒီကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီက ဂျာကာတာမှာ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကြားသဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချပ်ကို အကောင်အထည်ဖော်သူအနေနဲ့ အမွေဆက်ခံပါတယ်။ အကြမ်းဖက်မှုတွေရပ်တန့်ဖို့အပြင် ဆွေးနွေးမှုတွေလုပ်ဖို့၊ အထူးကိုယ်စားလှယ်ခန့်အပ်ဖို့၊ အာဆီယံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့ ဘက်စုံအဖွဲ့အစည်းတွေနဲ့တွေ့ဆုံနိုင်အောင် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ဖို့တို့ သဘောတူညီချက်မှာပါဝင်ပါတယ်။ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံရဲ့မိတ်ဖက်နိုင်ငံတွေကလည်း ထောက်ခံလို့ အနောက်နိုင်ငံအစိုးရတွေအတွက် အဆင်ပြေတဲ့အလီဘိုင်လို့ ဝေဖန်သူတချို့က ပြောနေပါတယ်။

၂ နှစ်ကြာတဲ့အခါ ဘုံသဘောတူညီချက် ၅ ချက်ဟာ အရပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့အနှိုင်းအဆမရှိတဲ့တိုက်ခိုက်မှုတွေ၊ အာဆီယံရဲ့အကူအညီတွေကို ပိတ်ဆို့ထားတာတွေနဲ့ ရယ်စရာကောင်းတဲ့ပြက်လုံးဖြစ်လာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မရေမတွက်နိုင်တဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာပါဝင်နေတုန်းပါ။

မာဆူဒီက အချက် ၅ ချက်ဟာ တခုတည်းသောနည်းလမ်းလို့ သတ်မှတ်ထားတုန်းပါ။ ဖေဖော်ဝါရီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးးတွေကို အချက် ၅ ချက်အကောင်အထည်ဖော်ရေးအစီအစဉ်ချပြပြီးနောက် မြန်မာနိုင်ငံကအခြေအနေတွေကို တညီတညွတ်တည်းဖော်ပြဖို့ ပဲ့ကိုင်တဲ့အနေနဲ့ ဥက္ကဋ္ဌအပါအဝင် အာဆီယံအတွက် ဘုံသဘောတူညီချက်ဟာ အလွန်အရေးကြီးတယ်လို့ သူကပြောပါတယ်။

ရှားရှားပါးပါးနဲ့ ဝေဝေဝါးဝါးထုတ်ပြန်ချက်တွေမှာ အကောင်းဆုံးကြိုးစားမှုတွေကိုသဘောတူတယ်လို့ဆိုပြီး ၂၀၂၁ ခုနှစ်၊ ဧပြီအစည်းအဝေးအပြီးမကြာခင် အချက် ၅ ချက်ကို မင်းအောင်လှိုင်က စွန့်ပယ်ခဲ့ပါတယ်။ တကယ်တော့ အထူးကိုယ်စားလှယ်ခန့်အပ်တဲ့တချက်ထဲကိုသာ အကောင်အထည်ဖော်ရပါသေးတယ်။

အရှိန်နှေးနေတာနဲ့ အင်ဒိုနီးရှားရဲ့သံတမန်ကြိုးစားမှုတွေမှာ တိတ်ဆိတ်နေမှုတွေကြောင့် တချို့အာဆီယံနိုင်ငံတွေက ကိုယ်ပိုင်လမ်းကြောင်းတွေနဲ့ဆက်လုပ်နေပါတယ်။ ဖြစ်လာတဲ့အရွေ့ကတော့ တရုတ်အနောက်တောင်ပိုင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဲခေါင်ဒေသကနိုင်ငံတွေပါဝင်တဲ့အုပ်စုနဲ့ ကျန်တဲ့အုပ်စုဆိုပြီး ၂ စုကွဲသွားတာပါ။ အရှေ့တောင်အာရှကုန်းမကြီးနဲ့ ပင်လယ်ထွက်ပေါက်ရနိုင်ငံတွေကို ကျယ်ကျယ်ပြန့်ပြန့်ခွဲထုတ်လိုက်တာလည်းဖြစ်ပါတယ်။

လမ်းစဉ် ၁.၅ ရဲ့နောက်ကွယ်ခေါင်းဆောင်အနေနဲ့ ထိုင်းနိုင်ငံဖြစ်လာပြီး အာဆီယံစိတ်သဘောတူတက်ရောက်သူတွေလို့ ထိုင်းကသတ်မှတ်တဲ့ မြန်မာကိုယ်စားလှယ်တွေကိုပါတက်ရောက်ခိုင်းတဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာက အာဆီယံမဟုတ်တဲ့ အာဆီယံအစည်းအဝေးကို လက်ခံကျင်းပခဲ့ပါတယ်။

တဖက်သတ်လုပ်ရပ်ကြောင့် တင်းမာတဲ့အနေနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို အလားတူအခမ်းအနားတွေတက်ခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်တွေရဲ့သဘောတူညီချက်ကို အလေးထားဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တိုတိုတုတ်တုတ်မှတ်ချက်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မတ်လက ဘန်ကောက်မြို့မှာရှိတဲ့ အန္တရာကြယ် ၅ ပွင့်ဟိုတယ်မှာ မြန်မာနိုင်ငံအရေး လမ်းစဉ် ၁.၅ ဆွေးနွေးပွဲကို အာရှအရာရှိ၊ ပညာရှင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တက်ရောက်သူ ၂၀ မပြည့်ဘဲပြုလုပ်ခဲ့ပါတယ်။ ထိုင်းနဲ့အိန္ဒိယပူးတွဲသဘာပတိလုပ်ခဲ့တဲ့အစည်းအဝေးဟာ မြန်မာနဲ့ပြန်လှည်ညှိနှိုင်းဖို့ရည်ရွယ်ပြီး မြန်မာ၊ ထိုင်းနဲ့ အိမ်နီးချင်းမဲခေါင်ဒေသနိုင်ငံ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့သာမက တရုတ်၊ ဂျပန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အစိုးရနဲ့ပုဂ္ဂလိကကိုယ်စားလှယ်တွေနဲ့ အိတ်ချ်ဒီစင်တာနဲ့ နစ်ပွန်ဖောင်ဒေးရှင်းတို့လို နိုင်ငံတကာအဖွဲ့အစည်းတွေပါဝင်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အကြောင်းပြောဆိုဖို့ အမေရိကန်ပညာရှင် ကားလ် ဂျက်ဆန်ကိုလည်း ဖိတ်ကြားခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့အရာရှိတွေကပြောပါတယ်။

တခြားအာဆီယံ ၅ နိုင်ငံကို ထိုင်းက ဘာလို့ အန္တရာယ်ယူပြီး ပစ်ပယ်ဖို့ပြင်ဆင်တာလဲ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ် ဒွန် ပရာမွတ်ဝီနိုင်းနဲ့ သူလက်သင့်ရာခန့်အပ်ထားတဲ့အထူးကိုယ်စားလှယ် ပွန်ပီမော ပေါ်လင်း ကန်ချာနာလက်တို့ဆီကနေ ဒီတွန်းအားလာပါတယ်။ မြန်မာပဋိပက္ခဟာ ထိုင်းအတွက် အဆိုးရွားဆုံးစိန်ခေါ်မှုကို စီးပွားရေးဘက်ကအဓိကကြည့်ပြီး သူတို့က ရှုမြင်ပါတယ်။ ထိုင်းရဲ့အဓိကစိုးရိမ်မှုတွေထဲမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(အမ်အိုဂျီအီး)ကို ပစ်မှတ်ထားလို့ အမေရိကန်ဒဏ်ခတ်အရေးယူမှုတွေက ထိုင်းဆီ အရေးတကြီးတင်ပို့တဲ့ သဘာဝဓာတ်ငွေ့အားလုံးကိုထိခိုက်မှာပါပါတယ်။ အမ်အိုဂျီအီးဟာ ထိုင်းနိုင်ငံကရေနံလုပ်ငန်းကြီး ပီတီတီအီးပီရဲ့အရေးကြီးတဲ့မိတ်ဖက်ဖြစ်ပြီး တနှစ်ကိုဝင်ငွေဒေါ်လာသန်း ၁၃၀၀ အနည်းဆုံးရှာပေးနေတဲ့ မြန်မာနိုင်ငံအတွက် အဓိကနိုင်ငံခြားငွေရလမ်းလည်းဖြစ်ပါတယ်။

စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရက အမ်အိုဂျီအီးကိုငွေပေးချေမှုတွေရပ်ဆိုင်းဖို့နဲ့ ဘဏ္ဍာရေးအစီအစဉ်အသေးစိတ်တွေ ထုတ်ဖော်ပြောကြားဖို့ ပီတီတီအီးပီကို တောင်းဆိုထားပြီး ဒီဖြစ်ရပ်ကို စင်ကာပူနိုင်ငံမှာ ခုံသမာဓိနဲ့ရှင်းလင်းမယ်လို့ အကြံပြုထားပါတယ်။ အမ်အိုဂျီအီးဟာ ဒဏ်ခတ်အရေးယူမှုပစ်မှတ်ဖြစ်လာနိုင်တယ်လို့ အမေရိကန်အရာရှိတွေက အသိအမှတ်ပြုထားပါတယ်။ တက်ကြွလှုပ်ရှားသူတွေရှိနေတာကို မျက်စိမှိတ်ပေးထားပြီး တော်လှန်ရေးအဖွဲ့တွေကို ထိုင်းကပေးထားတဲ့အကူအညီကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့လုပ်ရပ်ဟာ အမြော်အမြင်ကင်းမဲ့တဲ့လုပ်ရပ်လို့ အကဲခတ်တချို့ကပြောပါတယ်။

ခုခံမှုနဲ့ပတ်သက်ပြီး ထိုင်းဘက်ကလုပ်နိုင်တာကိုပြတဲ့အနေနဲ့ ဧပြီလဆန်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာတော်လှန်ရေးသမား ၃ ယောက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

အလိမ်အညာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေကသမုတ်တဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ မြန်မာစစ်တပ်ရဲ့အစီအစဉ်ဟာ နောက်ထပ်ကိစ္စကြီးကြီးမားမားတခုဖြစ်ပါတယ်။ နိုင်ငံအများအပြားကငြင်းဆိုထားတဲ့ရွေးကောက်ပွဲကျင်းပလို့ အာဆီယံအကွဲအပြဲပိုများလာနိုင်ချိန်မှာ လုပ်ငန်းစဉ်အဆင်မပြေတာတွေ ထပ်ထွက်ပေါ်လာပါတယ်။

“ဘုံသဘောတူညီချက်နဲ့ အနိမ့်ပါးဆုံးဘုံပိုင်းခြေတွေကိုမူတည်ပြီး အာဆီယံလမ်းစဉ်ကို အခြေခံကျကျပြုပြင်ပြောင်းလဲမှုမရှိဘဲ ဒီအခြေအနေမှာ အာဆီယံက ရှေ့ဆက်မသွားနိုင်ပါတယ်။ ကျော်လွှားရမယ့်ကိစ္စတွေအပေါ် အားထားရတဲ့အနေနဲ့ ကနဦးအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ရဲ့ လမ်းကြောင်းစုံသွားနိုင်တဲ့အရည်အသွေးကို ပြန်လည်စုဖွဲ့ဖို့ကတော့ နည်းလမ်းတခုအနေနဲ့ရှိနေပါတယ်။ အရေးကြီးတဲ့စိန်ခေါ်မှုတွေမှာ ၁၀ နိုင်ငံစလုံးသဘောတူတာကိုစောင့်နေတာက ရွေးချယ်စရာသိပ်မဟုတ်တော့ပါဘူး။”လို့ သီတီနန်ကပြောပါတယ်။

ပိုကျယ်ပြန့်တဲ့အဆင့်မှာတော့ မြန်မာမပါတဲ့အာဆီယံက ထိပ်သီးအစည်းအဝေးတွေဆက်ပြီးကျင်းပနေဦးမှာပါပဲ။ ဒီတွဲလုံးအခမ်းအနားတွေက ဘုံပထဝီမဟာဗျူဟာမြောက်စိုးရိမ်မှုတွေအပေါ် ခမ်းနားတဲ့ထုတ်ပြန်ချက်တွေထုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ထုတ်ပြန်ချက်တွေဟာ ထိထိရောက်ရောက်ရှိဖို့ထက် ပုံပြသဘောသာ သိသိသာသာဖြစ်လာပါတယ်။

အာဆီယံအနေနဲ့ ၂ လမ်းစလုံးမရနိုင်ဘူးလို့ တီသီနန်က တိုက်တွန်းပါတယ်။ “မြန်မာနိုင်ငံသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်တဲ့အချိန် ကမ္ဘာတဝန်းမှာ ညီညွတ်တဲ့တပ်ဦးအနေနဲ့ ဟန်ဆောင်ပြီး အတွင်းမှာ အကွဲကွဲအပြဲပြဲဖြစ်နေတာကို အာဆီယံအနေနဲ့ ဟန်မဆောင်နိုင်ပါဘူး”

(Nikkei Asia တွင် အယ်ဒီတာ ဂွမ် ရော်ဘင်ဆန်ရေးသားသော ASEAN’s deepening fissures over Myanmar test Indonesia’s resolve ကို #OhkKar ဘာသာပြန်ဆိုသည်။)

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The TIKTOK Threat: China’s tech ambitions imperil security Worldwide

The recent decision by the U.S. House of Representatives to pass legislation requiring TikTok to be sold to an American

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now