ဆောင်းပါး

မြန်မာနိုင်ငံအတွင်းက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ

မဲခေါင် 7 Jun - 2023
လင်းမောင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ တရုတ်အဆင့်အမြင့်ဆုံး သံတမန် ချင်းဂန်း (နိုင်ငံခြားရေးဝန်ကြီး) ရောက်လာတော့ မြန်မာနိုင်ငံတစ်ဝန်း မကျေမနပ်ဆန္ဒပြမှုတွေ ဖြစ်တည်လာခဲ့တယ်။

လင်းမောင်

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ တရုတ်အဆင့်အမြင့်ဆုံး သံတမန် ချင်းဂန်း (နိုင်ငံခြားရေးဝန်ကြီး) ရောက်လာတော့ မြန်မာနိုင်ငံတစ်ဝန်း မကျေမနပ်ဆန္ဒပြမှုတွေ ဖြစ်တည်လာခဲ့တယ်။

စစ်အစိုးရနဲ့ တရုတ်ပူးပေါင်းပါဝင်ပတ်သက်နေမှုကို လုံးလုံးလက်မခံနိုင်ကြောင်းကို အခိုင်အမာ ပြဆိုတဲ့ ဆန္ဒပြမှုတွေပါ။ စစ်ကိုင်းက တရုတ်ပိုင် လက်ပန်းတောင်းတောင် ကြေးနီသတ္တုမိုင်းအနီး ချင်းဂန်းဓာတ်ပုံ ပိုစတာတွေကို မီးရှို့၊ တရုတ် အလံတွေ မီးရှို့ပြီး အပြင်းအထန် ဆန္ဒပြခဲ့ကြတယ်။

ဒါကြောင့် မင်းအောင်လှိုင်ဓာတ်ပုံ၊ ချင်းဂန်း ဓာတ်ပုံ၊ တရုတ်အလံတွေကို မီးရှို့မှုဟာ လက်ပန်းတောင်းတောင်မှာ သာမက မကွေး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစတဲ့ ဒေသတွေက တော်လှန်ရေးအင်အားစုတွေကပါ မကျေမနပ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကိုင်စွဲထားကြတဲ့ ဆိုင်းဘုတ် တွေမှာ ဖက်ဆစ်စစ်တပ်ကို ထောက်ပံ့ကူညီမှုဆက်မလုပ်ပါနဲ့၊ မြန်မာပြည်သူတွေရဲ့ အသံကို လေးစားပေးပါ ဆိုတာမျိုးတွေလည်း ပါတယ်။

စစ်အစိုးရဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ အထွေထွေသပိတ်ညှိနှိုင်းရေးအဖွဲ့ General Strike Coordination Body (GSCB) က ဒီဆန့်ကျင်မှုတွေဟာ အာဏာသိမ်းစစ်အစိုးရအပေါ် တရုတ်က လူသိရှင်ကြားပူးပေါင်းဆောင်ရွက်နေသရွေ့ မြန်မာပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးမှာပါ ဆက်လက်ဆန္ဒပြသွားကြမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ချင်းဂန်းဟာ မြန်မာ နိုင်ငံကို လာရောက်စဉ် မင်းအောင်လှိုင်နဲ့သာမက အနားယူထားတဲ့ သူတို့ဆရာတပ်ချုပ်ဟောင်း သန်းရွှေနဲ့ပါ တွေ့ဆုံခဲ့တယ်။ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ် ချင်းဂန်းဟာ
စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာပြည်သူတွေအပေါ် ကူညီ ထောက်ပံ့ပေးဖို့၊ မြန်မာ့စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာဖို့၊ မြန်မာ့နိုင်ငံရေးပြန်တည်ငြိမ်ဖို့၊ မြန်မာပြည်သူတွေ လူနေမှုဘ၀ မြင့်တက်စေဖို့၊ ဖြစ်သင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်တည်စေဖို့လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ ဒီစကားလုံးချိုချိုတွေနောက်ကွယ်မှာ အကြံအစည်တွေရှိနေတာကို မြန်မာပြည်သူတိုင်းက သိရှိနား လည်နေကြပါပြီ။ ချင်းဂန်းက နှစ်နိုင်ငံရဲ့ ရှည်ကြာလှတဲ့ ပေါက်ဖော် ဆက်ဆံရေးဆက်လက် တည်တံ့စေရေးရမယ်ဆိုတဲ့ စကားပြောခဲ့ပါသေးတယ်။

အခုနောက်ဆုံး ဆန္ဒပြမှုတွေဟာ ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းမှုနောက်ကွယ်မှာ တရုတ်ဟာ စစ်ကောင်စီကို အားပေးထောက်ခံနေဆဲဖြစ်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်မှုဖြစ်တယ်။ တရုတ်ဟာ မြန်မာနိုင်ငံကသူတို့ စီမံကိန်းတွေ ပြီးမြောက်အောင်မြင်ရေးအတွက် စစ်အာဏာသိမ်းအဖွဲ့ကို လက်ခံလိုက်တာမျိုးဖြစ်ပဲ။သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက် အထမြောက်ဖို့ စစ်ကောင်စီကို လက်ခံဆက်ဆံတာမျိုးပဲ။ အထူးသဖြင့် ယူနန်နဲ့ ဘင်္ဂလားပင်လယ်ကို မြန်မာနိုင်ငံကိုဖြတ်ပြီး ဖောက်မယ့် နိုင်ငံဖြတ်ကျော် လမ်းမကြီးစီမံကိန်းက တရုတ်ရဲ့ အဓိကမဟာဗျူဟာ ရည်မှန်းချက်ပဲ။ ဒီလို စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆွေးနွေးနေခြင်းဟာ မြန်မာနိုင်ငံ မှာ ဘယ်တုန်းကမှ စစ်အာဏာမသိမ်းခဲ့ဘူးလို့ တရုတ်ဘက်က သက်သေခံသလိုပုံစံလည်း ဖြစ်နေခဲ့တယ်။ တရုတ်ရဲ့ လိုက်လျောညီထွေဖြစ်စေလိုတဲ့သဘောနဲ့ စစ်ကောင်စီအပေါ် ချဉ်းကပ်မှုမှာ အန္တရာယ်တချို့ပါဝင်နေတယ်။ ချင်းဂန်းလာတုန်းက ဆန္ဒပြမှုတွေဟာ အကောင်းဆုံးအချိန်တွေမှာတောင် ဘယ်တော့မှ မြန်မာနိုင်ငံအပေါ် မကောင်းခဲ့တဲ့ တရုတ်ရဲ့ ဂုဏ်သတင်းကို ပြသလိုက်တာပဲ။ အခုတော့ တော်လှန်ရေးအင်အားစုတွေရော၊ ပြည်သူအားလုံးကြားမှာပါ တရုတ်ရဲ့ ဂုဏ်သတင်းဟာ အနိမ့်ကျဆုံးအဆင့်ကို ထပ်ရောက်သွားတာပဲ။ တကယ်လို့ NUG အစိုးရရဲ့ တော်လှန်ရေးအောင်မြင်သွားခဲ့ပြီးရင်တော့ တရုတ်နိုင်ငံဟာ ရက်စက်တဲ့ အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ခဲ့မှုတွေအတွက် အပြည့်အ၀တာဝန်ခံရမှာဖြစ်ပါတယ်။

#MeKongNews

#တရုတ်ဆန့်ကျင်ရေး

#ဆန္ဒပြမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The TIKTOK Threat: China’s tech ambitions imperil security Worldwide

The recent decision by the U.S. House of Representatives to pass legislation requiring TikTok to be sold to an American

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းခေါင်းဆောင်တွေကို တုန်လှုပ်စေတဲ့ စာသားကနေ ရုပ်ရှင်ပြောင်း AI နည်းပညာ Sora

Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီးပွားရေးမျက်နှာစာမှာ မျှော်လင့်ချက်မဲ့အကျပ်ရိုက်မှု ဖြေရှင်းရေး တရုတ်ရဲ့ Two Sessions အစည်အဝေးကြီးစတင်

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ၂ ဆက်ရှင် (Two Sessions) လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကြီး စတင် ကျင်းပနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အရှုံးမပေးသေးဘူးလား စစ်ကောင်စီ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှစကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၃ နှစ် အကြာ ၂၀၂၄ ခုနှစ်အစတွင်ပင် စစ်မျက်နှာအရပ်ရပ်၌ သေဆုံး၊ အဖမ်းခံ၊ ထွက်ပြေး၊ ဘက်ပြောင်းသူများစွာနှင့် မြို့ရွာ၊ တပ်စခန်းအများအပြား

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အညာတော်လှန်ရေးခရီးရှည်

ယူကရိန်းနိုင်ငံရဲ့ ရုရှားကျူးကျော်စစ်ကို တွန်းလှန်မှု ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဌ အပါအဝင် ကနေဒါ အီတလီ ဘယ်လ်ဂျီယံ အစရှိသည့် နိုင်ငံ့ ခေါင်းဆောင်များက ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ ကိယက်ဗ်မြို့ကိုသွားရောက်ခဲ့ကြသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now