ဆောင်းပါး

ပအိုဝ်းမဟုတ် PNO သာ ဖြစ်သည်

မဲခေါင် 21 Mar - 2023
စိုင်းခွန် စနစ်ကြောင့် ဖြစ်သည့် တိုက်ပွဲကို လူမျိုးရေးစစ်ပွဲအဖြစ် ပုံဖော်ရန် PNO ပြည်သူ့စစ်က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြိုးပမ်းရခြင်းအကြောင်းမှာလည်း PNO ပြည်သူ့စစ်အနေဖြင့် ပအိုဝ်း လူထုထောက်ခံမှု ရရန် တစ်ခုတည်းသော ဖြတ်လမ်း နည်းလမ်း ဖြစ်သောကြောင့်ပင်ဖြစ်သည်။

စိုင်းခွန်

စနစ်ကြောင့် ဖြစ်သည့် တိုက်ပွဲကို လူမျိုးရေးစစ်ပွဲအဖြစ် ပုံဖော်ရန် PNO ပြည်သူ့စစ်က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြိုးပမ်းရခြင်းအကြောင်းမှာလည်း PNO ပြည်သူ့စစ်အနေဖြင့် ပအိုဝ်း လူထုထောက်ခံမှု ရရန် တစ်ခုတည်းသော ဖြတ်လမ်း နည်းလမ်း ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ရှမ်း-ကရင်နီနယ်စပ် ပင်လောင်းမြို့နယ် တောင်ဘက်စွန်းဒေသတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်အပြင် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းစခန်းထိုင်သည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်လည်း အထိနာခဲ့ပြီး လက်နက်အမြောက်အများကိုလည်း တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်နှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်မှူးကေပေ၊ ဗိုလ်ကြီးမိုးကျော်အပါအဝင် ၃၀ထက်မနည်း ကျဆုံးခဲ့သည်။ ထိုသို့ အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ် ၁၁ ရက်နေ့တွင်မူ ပင်လောင်းမြို့နယ် နမ့်နိန်း ပအိုဝ်းတိုင်းရင်းသားကျေးရွာအတွင်း ဝင်ရောက်ပြီး သံဃာတော် ၃ ပါး အပါအဝင် ရွာသား ၁၈ ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ထို့အပြင် နမ့်နိန်းကျေးရွာအား လေယာဉ်ဖြင့် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်ဆီးခဲ့သေးသည်။ ထိုသို့ စစ်ကောင်စီက ကျူးလွန်းသည့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်၏ ဝါဒဖြန့်ချီရေး တယ်လီဂရမ်က သေဆုံးသူများသည် PDF များဖြစ်ကြောင်း သတင်းတုများ ထုတ်ပြန်ခဲ့သည်။

PNO ပြည်သူ့စစ်၏ လော်ဘီ လူမှုကွန်ယက်တွင်လည်း ပအိုဝ်းဘာသာဖြင့် “နမ့်နိန်းကျေးရွာအတွင်း မီးကျည်ဖြာထွက်တာ လှနေတာပဲ ဒီမနက်တော့ မီးကျည် အခွံ ၅၀ ကျော်ကောက်ရတယ် ဟူ၍လည်းကောင်း၊ ဒီနေ့တစ်နေ့ထဲ PDF အရှင် ၂၅ ယောက် အသေ ၃၀ ကျော် လုံး၀ မသနားဘူး” ဟူ၍လည်းကောင်း မတ် ၁၁ ရက်နေ့တွင် တင်ခဲ့သည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့များဘက်က အချက်အလက် သက်သေအခိုင်အမာနှင့် သေဆုံးသူများသည် ဒေသခံ နမ့်နိန်းရွာသားများဖြစ်ကြောင်း မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်လာခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်လာပြီးနောက် PNO ပြည်သူ့စစ်က ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့က သတ်သွားသည်ဟုဆိုကာ သတင်းအမှားများအား ဆက်တိုက်ထုတ်လွင့်ခဲ့သည်။ ထို့အပြင် ၎င်းတို့ တင်ခဲ့သည် နမ့်နိန်းရွာအတွင်း PDF များ အစုအပြုံလိုက် သေသည် ဟူသော ပိုစ့်များကိုလည်းကောင်း ပြန်လည်ဖြုတ်ချခဲ့သည်။

ထိုသို့ သတင်းအမှားများကို သတင်းမီဒီယာ နှင့် လက်လှမ်းဝေးသည့် ပအိုဝ်းပြည်သူလူထုကို ဦးတည်ပြီး အကောင့်တု စာမျက်နှာအတုများစွာဖြင့် မှိုင်းတိုက်ခဲ့သည်။

PNO ပြည်သူ့စစ်သည် စစ်တပ်နှင့် ပူးပေါင်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူလူထုအား ၎င်းတို့၏ ကျေးကျွန်အဖြစ်သတ်မှတ်ကာ အနိုင်ကျင့် နှိပ်စက်လာခဲ့သည်မှာ ဆယ်စုနှစ် ၃ ခုရှိပြီဟု ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

“ပြောရရင်တော့ စစ်တပ်နဲ့ ပူးပေါင်းပြီးတဲ့နောက် ရန်သူမရှိတော့တဲ့အခါကျတော့ တော်လှန်ရေးလမ်းကြောင်းကနေ သွေဖြည်ပြီး ထမင်းရှင်လူထုကို ပြန်လည်ဖမ်းဆီးတာ ပြန်ပေးဆွဲတာ ငွေကြေးတောင်းတာတွေက မရိုးနိုင်တဲ့ သတင်းတွေဖြစ်နေတာပေါ့ဗျာ”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ မာဖီးယားဆန်ဆန်သာ ဖြစ်နေသည့် အဖွဲ့အစည်းအနေဖြင့် လူထုထောက်ခံမှု တပ်သားသစ်အင်အား လိုအပ်လာသည့်အချိန်တွင် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ လူမျိုးရေးတိုက်ပွဲ ပြဿနာအဖြစ် ဖန်တီးပြီး ၎င်းတို့အဖွဲ့သည် လူမျိုကိုကိုယ်စားပြုကြောင်း ပြည်သူလူထုကို လိမ်ညာရန်ဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်မှ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီကို ၀ဏ္ဏကျော်ထင်ဘွဲ့ပေးခဲ့သလို PNO ပါတီဥက္ကဌ ခွန်စံလွင်ကိုလည်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည်။

ထို့အပြင် မတ်လ ၇ ရက်နေ့တွင် မင်းအောင်လှိုင်သည် ဦးအောင်ခမ်းထီအား ကျောက်တစ်လုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံပြီးနောက် မတ် ၈ ရက်တွင်ပင် PNO ပြည်သူ့စစ်က ပအိုဝ်းလူငယ်များ PNO ပြည်သူ့စစ်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန်၊ လုံခြုံရေးတွင် မပါဝင်ပဲ ထိုင်ကြည့်နေပါက မျိုးချစ်စိတ်မရှိသူများဖြစ်သူဟု ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက် မတ် ၁၁ ရက်နေ့တွင် နမ့်နိန်းဒေသခံများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည်။

နမ့်နိန်းရွာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု တရားခံမှာ အာဏာသိမ်းစစ်ကောင်စီဖြစ်သာဖြစ်သည် ဆိုသည်ကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးက သက်သေအထောက်အထားများဖြင့် လက်ခံကြသော်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များကမူ ပအိုဝ်းလူထုများအား ကရင်နီတပ်များက သတ်သွားခြင်းဖြစ်သည်ဟု အခြေအမြစ်မရှိ သက်သေမရှိ စွပ်စွဲကာ လူမျိုးရေးပြဿနာသို့ ဆွဲသွင်းရန် ကြုးစားခဲ့သည်။

ထို့အပြင် PNO ပြည်သူ့စစ်သည် မတ် ၁၄ ရက်ညတွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်သည် PNO ပြည်သူ့စစ် လော်ဘီများ သတင်းအမှားတင်သည့် အတိုင်းပင် KNDF၊ PDF များကို သက်သေတစ်ခုမှ မပါပဲ စွပ်စွဲထားခြင်းသာဖြစ်သည်။ ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် PNO ပြည်သူ့စစ်သည် ၎င်းတို့အနေဖြင့် ၁၉၉၁ မှစတင်ကာ ငြိမ်းချမ်းရေးယူခဲ့သည်ဟု ဖော်ပြထားသော်လည်း ၂၀၀၉ ခုနှစ်မှ စတင်ကာ စစ်တပ်လက်အေက်ခံ ပြည်သူ့စစ်အဖြစ် လုံး၀ ကူးပြောင်းလိုက်သည်ဆိုသည်ကိုမူ မဖော်ပြထားပဲ ပြည်သူအားလိမ်လည်ကာ ထိမ်ချန်ထားခဲ့သည်။

ယင်းကဲ့သို့ ထိန်ချန်ထားမှုသည် PNO သည် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဖြစ်သဖြင့် လူမျိုးအား ကိုယ်စားမပြုတော့ကြောင်းကို ပြည်သူများ သဘောပေါက်နားလည်သွားမည်ကို ကြောက်ရွံ့ခြင်းကြောင်း ဖြစ်သည်ဟု တောင်ကြီးမြို့ဒေသခံ ခွန်ထွန်းနောင် ကပြောသည်။

မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ချက် ထုတ်ပြီးနောက် ယင်းနေ့တွင်ပင် PNO ပြည်သူ့စစ်က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားမှတစ်ဆင့် တောင်ကြီးမြို့နယ်ရှိ ကျေးရွာများအားလုံး တစ်အိမ်တစ်ယောက် မတက်မနေရ တောင်ကြီးမြို့တပေါင်းကွင်းတွင် မတ် ၁၅ ရက် မနက် ၉ နာရီ အရောက်လာရမည်ဟု အမိန့်ထုတ်ခဲ့သည်။

အချို့ကျေးရွာအား ပြည့်သူ့စစ်၏ အုပ်ချုပ်ရေးမှူးများက တောင်ကြီးတွင် ပအိုဝ်းညီညွတ်ရေး ပွဲတက်ရမည်ဖြစ်ကာ တစ်အိမ်တစ်ယောက်တက်ရမည်ဖြစ်ကြောင်း မတက်ရောက်ပါက ဒဏ်ငွေ ငါးသောင်းဆောင်းရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ အချို့ကျေးရွာတွင်မူ ဒဏ်ငွေဖြင့်မဟုတ်ပဲ မတက်ရောက်ပါက ရွာအတွင်းမှ နှင်ထုတ်ခံရမည်ဟုပင် ခြိမ်းခြောက်ခဲ့ကြသည်။

“တောင်ကြီးမှာ ညီညွတ်ရေးပွဲ တစ်အိမ်တစ်ယောက်မသွားမနေရလို့ ပြောပြီးခေါ်တာဗျ။ ကျွန်တော်တို့ရွာက မသွားရင် ဒဏ်ငွေ ၅သောင်း ရိုက်ခံရမယ်တဲ့ တစ်ချို့ရွာကြ အရေးကြီးပွဲမို့ မသွားရင် ရွာကနှင်ထုတ်မယ်လို့လည်း ပြောတယ်ဗျ”ဟု တောင်ကြီးအရှေ့ဘက်ကျေးရွာမှ ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

ထိုသို့အမိန့်အာဏာဖြင့် ခြိမ်းခြောက်ခေါ်ယူမှုကြောင့် တောင်ကြီးမြို့နယ်ရှိ ကျေးရွာများမှ လူထုများမှာ ဒဏ်ငွေကြောင့်လည်းကောင်း ရွာမှအပဝ်ခံရမည့်အရေးမှလည်းကောင်း ကြောက်ရွံ့ကြသဖြင့် မတ် ၁၅ ရက်နေ့တွင် တောင်ကြီးတပေါင်းကွင်းသို့ စုဝေးခဲ့ကြရသည်။ ယင်း KNDF၊ PDF အလိုမရှိကြောင်း ဆန္ဒပြပွဲတွင် လူဦးရေ နှစ်သောင်းတက်ရောက်သည်ဟု PNO က သတင်းထုတ်ပြန်ခဲ့သည်။

ထို့စုဝေးဆန္ဒပြမှုတွင် PNO ပြည်သူ့စစ်များ စီမံထားသည့်အတိုင်းပင် ဒေသခံများ အစုလိုက် အပြုံလိုက် အသတ်ခံရသည်များကို အချက်အလက် သက်သေများဖြင့် တင်ပြဟောပြောခြင်း တစ်ခုမှ မပါဝင်ပဲ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ၊ ကရင်နီတပ်မတော်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တို့ကို ကန့်ကွက်ရှုတ်ချခြင်း လူမျိုးချင်း မုန်းတီးရေး၊ မီဒီယာမုန်းတီးရေး နှင့် ကရင်နီလူမျိုးများအား ရည်ရွယ်ပြီး အမုန်းစကားများကိုသာ တွင်တွင် ဟောပြောခဲ့ကြသည်။

“ပအိုဝ်း လူငယ်လူရွယ်တွေက ဘုရားမသိ တရားမသိ သံဃာမသိဘူး။ သူများတွေ ငါတို့ကို ဒီလောက် ပြားပိနေအောင် ရိုက်နှက်နေတာတောင်မှ သူများဘက်နေသေးတယ် အဲ့လူတွေက ချီးတွင်းထဲကလောက်ကောင်တွေ။ ကျည်ဆံတစ်တောင့် ၅၀၀၀ ငါတို့ မဝယ်နိုင်ဘူး ဒါပေမယ့် ကြယ်တွင်းအများကြီးရှိတယ် ကြယ်တွင်းတွေက မဝယ်ရဘူး” ဟု သင်္ကန်းဝတ် ဘုန်းကြီးတစ်ပါးက ဒေါသဖြင့် စင်ပေါ်တွင် လက်သီးလက်မောင်းတန်းကာ ဟောပြောသည်။

ယင်းကဲ့သို့ ခေတ်လူငယ်များအား ဆဲဆိုကြိမ်းမောင်းပြီး အသက်ဘေးကိုပါ ခြိမ်းခြောက်ပြီး ဟောပြောနေသည့် ယင်းဘုန်ကြီး၏ ဘွဲ့အမည်မှာ ဦးရာဇဂုရု ဖြစ်ပြီး ပင်လောင်မြို့နယ် လွယ်အုဲင်းကျေးရွာတွင် ကျောင်းထိုင်သည့်သူဖြစ်ကြောင်းသိရပြီး PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီ နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူဖြစ်သည်။

PNO ပြည်သူ့စစ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင်လည်း နေအိမ်အလည်ပြန်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲဘော် ၅ ဦးကို ဖမ်းဆီးကာ သတ်ဖြတ်ပြီး ကြယ်တွင်းသို့ ပစ်ချလိုက်သဖြင့် အလောင်းပြန်မရခဲ့ပေ။

“တောင်ဘက်အိမ်က မြောက်ဘက်ကို မီးလာရှို့ရင် ခံမှာလား ။။ မခံဘူး ခံမယ်ဆို သပိတ်နဲ့ သင်္ကန်းယူပြီး တောထွက်လိုက်၊ ငါတော့ သူတော်ကောင်းမဟုတ်ဘူး။ ပအိုဝ်းက လူဦးရေး ၁၀ သိန်းကျော်ရှိတယ် ကရင်နီပြည်လူဦးရေက ငါတို့ပင်လောင်းတစ်မြို့နယ်စာပဲရှိတယ်။ ငါတို့ဆောင်းပြောင်းဒေသကို သူတို့ကိုပေးရမလား။ မပေးနိုင်ဘူး။ မပေးနိုင်ရင် ဘာလုပ်ရမလဲ၊ အေး ဒီတစ်ခါမှ မလုပ်ရင် ငါမပြောတော့ဘူး။ ဒီနေ့မှစပြီး သေနတ်သံ ဗုံးသံတွေ တိတ်၊ မတိတ်ရင် ပြန်ရှို့မယ် ပြန်ရိုက်မယ်” ဟု အဆိုပါ ဘုန်းကြီးက သံဃာနှင့်မလိုက်ဖက်သည့် လူမျိုးရေးရန်တိုက်သည့် စကားများကို ကြမ်းတမ်းစွာဟောပြောခဲ့သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကို ကာကွယ်ပေးပြီး တော်လှန်ရေးတပ်ဖွဲ့များကို အပြစ်ပုံချသည့် ဟောပြောချက်ကိုလည်း အောက်ပါအတိုင်းပြောခဲ့သည်။

“ဒီဖြစ်စဉ်အားလုံးဟာလည်း မြန်မာ့တပ်မတော်မှာလည်း မဟုတ်ဘူး။ ဒီဖြစ်စဉ်အားလုံးဟာ PNAလည်းမဟုတ်ဘူး။ အကြမ်းဖက်သမားဖြစ်တဲ့ KNDFက သတ်ဖြတ်တာဖြစ်တယ်” ဟု အဆိုပါ ဘုန်းကြီးကဟောပြောသည်။

PNO ပြည်သူ့စစ်က မည်သို့ပင် မှိုင်းတိုက်စေကာမူ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် လူမျိုးရေးတိုက်ပွဲမဟုတ် ဘာသာရေးတိုက်ပွဲမဟုတ် အာဏာရှင်ကိုတော်လှန်သည့် စနစ်တိုက်ပွဲဖြစ်သည်ဆိုသည်ကို အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအလီလီက ဖော်ပြပြီးဖြစ်သည်။

ထိုသို့ စနစ်တိုက်ပွဲသာဖြစ်ကြောင်းကိုလည်း တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့အသီးသီး နှင့် ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းများအပြင် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် PNLO သည်လည်း အတိအလင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

PNO ပြည်သူ့စစ်သည် မည်သို့ပင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပြီး လုပ်ဆောင်စေကာမူ ပြောင်းလဲလာသော ခေတ်သစ်တွင် ထိုနည်းလမ်းသည် အောင်မြင်လိမ့်မည်မဟုတ်ပေ။ ပအိုဝ်းမိဘများသည် PNO ၏ လက်နက်ကို ကြောက်၍ ဆန္ဒပြပွဲကို သွားရသော်လည်း ငယ်ရွယ်သော ပအိုဝ်းသားသမီးများသည် နည်းလမ်းပေါင်းစုံဖြင့် အာဏာရှင်စနစ်ပပျောက်ရေး တိုက်ပွဲတွင် နည်းမျိုးစုံဖြင့် ပါဝင်နေသည်။

ထို့အပြင် PNO ပြည်သူ့စစ်၏ လားရာလမ်းကြောင်းသည်လည်း စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖြစ် စစ်တပ်အောက် ဝင်ရောက်ခြင်းကတည်းက အဆုံးသတ်သွားပြီးဖြစ်သည်။

ထို့ကြောင့် PNO လုပ်ရပ်များအားလုံးသည် ပအိုဝ်းတိုင်းရင်းသားကို ကိုယ်စားမပြုဟု ခွန်သိန်းဇော်က ဆိုသည်။

“ပြည်သူ့စစ် ဆိုတာက စစ်တပ်ရဲ့ ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ် ညွှန်ကြားရေးဌာနအောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်တစ်ခုဖြစ်ပါတယ်။ လူမျိုးမျက်နှာကိုကြည့်ပြီး ရပ်တည်ရတဲ့အဖွဲ့မဟုတ်ပါဘူး စစ်တပ်မျက်နှာကို ကြည်ပြီးရပ်တည်ရတဲ့အဖွဲ့ဖြစ်တာမို့ စစ်တပ်ကိုပဲ ကိုယ်စားပြုပါတယ်။ လူမျိုးကို ကိုယ်စားမပြုပါဘူး”ဟု တောင်ကြီးဒေသခံ ခွန်သိန်းဇော်က ရှင်းပြသည်။

PNO ပြည်သူ့စစ်သည် ၁၉၇၃ တွင် ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး အဖြစ် ခွဲထွက်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၇၆ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး နှင့် ခွန်ရဲနောင် ဦးဆောင်သည့် အဖွဲ့ပေါင်း၍ PNO အဖွဲ့ဟုပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်ရပ်ခဲ့သည်။ ထိုမှ စတင်ကာ စစ်အစိုးရနှင့်ပူးပေါင်းမှု အရှိန်မြင့်တင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

ထိုကြောင့် လက်ရှိ ပအိုဝ်း နှင့် ကရင်နီ လူမျိုးများအကြား သွေးခွဲခြင်း ၊ အမုန်းစကားပြောကြားခြင်း ၊ လူမျိုးရေးပဋိပက္ခဖန်တီးခြင်းတို့ကို PNO ပြည်သူ့စစ်က လုပ်ဆောင်နေခြင်းသည် စစ်ကောင်စီအလိုကျ စစ်ကောင်စီ ညွှန်ကြားချက် အစီအစဉ်များအရ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုသို့သော လုပ်ဆောင်မှုများတွင် ရိုးသားပြီး နားမလည်သော ပြည်သူလူထုများ ၊ အကြောက်တရားအောက်က ပြည်သူများသည် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်၏ နိုင်ငံရေးကစားမှုတွင် အသုံးချခံနေရသည်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များသည် ပအိုဝ်းလူမျိုးကို ကိုယ်စားမပြု စစ်ကောင်စီကိုသာ ကိုယ်စားပြုခြင်းဖြစ်သဖြင့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်၏ သွေးခွဲမှု လက်နက်ကို ညီအစ်ကိုများဖြစ်ကြသည့် ပအိုဝ်း နှင့် ကရင်နီ များသည် ညီညွတ်မှု စည်းလုံးမှုအားဖြင့် သတိကြီးကြီးထားရမည်ဖြစ်သည်။

အာဏာရှင်စနစ်အောက်တွင် အဖိနှိပ်ခံနေရသည့် ပအိုဝ်း နှင့် ကရင်နီ ညီအစ်ကိုတို့သည် လွတ်မြောက်ရေးတိုက်ပွဲ တော်လှန်ရေးတိုက်ပွဲများတွင် ဟန်ချက်ညီညီ အတူလက်တွဲ ဆင်နွဲသွားမည်သာဖြစ်သည်။

“ဒါကြောင့် အခု လူမျိုးစု နှစ်ခုအကြား ပြဿနာဖြစ်အောင် လုပ်နေတာ၊ အာဏာရှင် စစ်ကောင်စီကို အားပေးနေတာတွေဟာ ပအိုဝ်းမဟုတ်ဘူး စစ်ကောင်စီ ရဲ့ လက်အောက်ခံတပ်တစ်ခုဖြစ်တဲ့ PNO ပြည်သူ့စစ်သာဖြစ်ပါတယ်” ဟု ခွန်သိန်းဇော်ကပြောသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The TIKTOK Threat: China’s tech ambitions imperil security Worldwide

The recent decision by the U.S. House of Representatives to pass legislation requiring TikTok to be sold to an American

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းခေါင်းဆောင်တွေကို တုန်လှုပ်စေတဲ့ စာသားကနေ ရုပ်ရှင်ပြောင်း AI နည်းပညာ Sora

Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now