လင်းမောင်
ကမ္ဘာ့ဒုတိယစီးပွားရေးဖွံ့ဖြိုးမှုနိုင်ငံတော်ကြီးအဖြစ် ကြေညာထားတဲ့ တရုတ်အစိုးရဟာ အခုတော့ အဖက်ဖက်က ပြိုလဲနေတဲ့ စီးပွားရေးကဏ္ဍတွေကို ရေတိုကုစားနည်းနဲ့ ဖြေရှင်းဖို့ ဒီနှစ်ထဲ အစိုးရငွေတိုက်စာချုပ် ဒေါ်လာ ၁၄၀ ဘီလီယံဖိုးအထိ ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်ရပါပြီ။ ဒီငွေတိုက်စာချုပ်ရဲ့ သက်တမ်းကလည်း တရုတ်နိုင်ငံမှာ မရှိစဖူးတဲ့ အလွန်ရှည်လျှားတဲ့ ကာလသတ်မှတ်မှုအဖြစ် နှစ် ၅၀ ငွေတိုက်စာချုပ်တွေကို ထုတ်ရောင်းဖို့ အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။
တရုတ်ပြည်သူပြည်သားတွေကြားမှာ ဒီလုပ်ရပ်ဟာ အစိုးရရဲ့ သူတို့အုပ်စိုးဆဲကာလ ဘဏ္ဍာရေးအကျပ်အတည်းကို လတ်တလော ကုစားဖြေရှင်းနိုင်ရေး အနာဂတ်မျိုးဆက် တွေဆီကနေ ငွေတွေ ချေးငှားလိုက်ခြင်းပဲဖြစ်တယ်။ အနာဂတ်မျိုးဆက်ကို ဒုက္ခအကြီးအကျယ်ပေးလိုက်ခြင်းပဲ ဖြစ်တယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါပြီ။ ဘဏ္ဍာရေးနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် အနာဂတ် မျိုးဆက်ဆီက ငွေချေးယူခြင်းသဘောဆောင်တဲ့ ဒီငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းဟာ စီးပွားရေးစိန်ခေါ်မှုတွေ အတွက် မဖြစ်မနေချေးယူလိုက်တာဖြစ်ပေမယ့် ဒီအစိုးရဟာ ဘာရည်ရွယ်ချက်ရှိတယ်။ ချေးယူလိုက်တဲ့ အကြွေး တွေကိုရော ပြန်လည် ပေးဆပ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိမရှိ မရှင်းလင်းလို့ ဒီမဟာဗျူဟာအပေါ် မေးခွန်းထုတ်မှု တွေ ပွက်လောရိုက်လာရတာဖြစ်တယ်။ ဒီ စီးပွားရေးနဲ့နိုင်ငံရေးမရေရာမှုနှစ်ချက်က သက်ဆိုးရှည်ခဲ့တဲ့ တရုတ် အာဏာရှင်ခေတ်၊ အာဏာရှင်မင်းဆက်ပြိုလဲပျက်ဆီးဖို့ ရှောင်းလွှဲမရတဲ့ အခြေအနေရောက်လာတာဖြစ်ကြောင်း တချို့က သုံးသပ်နေကြပါပြီ။
တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက မကြာသေးခင်ကပဲ ယွမ်ငွေ ၁ ထရီလီယံ (ဒေါ်လာ ၁၄၀ ဘီလီယံ) တန်ကြေးရှိ တဲ့ အမျိုးသားအထူးငွေတိုက်စာချုပ် ဒီနှစ်ထဲ ထုတ်ရောင်းတော့မယ့် အစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့တယ်။ သမိုင်းမှာ မရှိဖူးတဲ့ ကာလရှည်နှစ် ၅၀ အာမခံငွေတိုက်စာချုပ်တွေ ထုတ်ရောင်းဖို့ပါ။ သားစဉ်မြေးဆက်နဲ့ ပတ်သက်စေတဲ့ ငွေတိုက်စာချုပ် အကြွေးယူရောင်းချခြင်းဟာ တရုတ်အစိုးရအဖွဲ့ရဲ့ ကြိုးကိုင်အဖွဲ့ တရုတ်ကွန်မြူ နစ်ပါတီ (CCP) ခေတ် နေဝင်ချိန်ကို ခိုင်ခိုင်မာမာ မီးမောင်းထိုးပြခြင်းလို့ ယုံကြည်သူတွေ အများအပြားရှိလာခဲ့ပါ ပြီ။
ငွေတိုက်စာချုပ်ကို လက်ရှိမျိုးဆက်က ဝယ်၊ အတိုးနဲ့အကျိုးအမြတ်ခံစားခွင့်က နောက်နှစ် ၅၀ မြေး၊ မြစ်တွေ ဆီရောက်မှ စံစားနိုင်လောက်တဲ့ ဒီစီမံကိန်းကို ဘယ်ပြည်သူကမှ ဘဝင်ကျနိုင်မှာ မဟုတ်ပါဘူး။ စီးပွးရေး စိန်ခေါ် မှုကြမ်းကြမ်းခံနေရချိန်မှ ဒီလို အလွန်ကာလရှည်တဲ့ ငွေတိုက်စာချုပ်တွေရောင်းချခြင်းနောက်ကွယ်က တရုတ် အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကလည်း ရှင်းလင်းမှုမရှိတော့ ထုတ်ခံရတဲ့ မေးခွန်းတွေကလည်း မဆုံးနိုင် အောင်ဖြစ်လာတယ်။
အချက်အလက်စုဆောင်းပြီး သတင်းအချက်အလက်တွေတိကျမှုအကျိုးဆက်ကို အလိုအလျှောက်အတည်ပြု တဲ့ Quantum Leap platform မှာ ဖော်ပြလာတဲ့ ဆောင်းပါးတစ်ပုဒ်ကတော့ ဒီလို ကာလရှည်လွန်းတဲ့ ငွေတိုက် စာချုပ်တွေ ထုတ်ရောင်းခြင်းဟာ မင်းဆက်တစ်ခု၊ အာဏာစက်တစ်ခု၊ အစိုးရတစ်ခု ပြိုလဲခြင်းကို ခိုင်မာစွာ အချက်ပြခြင်းလို့ ခေါင်းစဉ်မှာ ဖော်ပြခဲ့တဲ့အထိပါပဲ။ အနာဂတ်ဆီကနေ ဘာမှ ပြန်ရနိုင်ဖို့ အာမခံချက်မရှိတဲ့ အနေအထားမှာ ကာလရှည်ငွေတိုက်စာချုပ်ဆိုတာ အနာဂတ်လူသားတွေဆီက အခွန်အခတွေကို မျက်မှောက် ခေတ်ထဲ ဆွဲယူချေးငှားအသုံးချခြင်းသာဖြစ်တယ်။ လက်ရှိ ဒီအမိန့်ထုတ်တဲ့ သမ္မတမျိုးဟာ နောက်ထပ် နှစ် ၈၀၊ ၁၀၀ အထိသက်တမ်းထားတဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းဖို့ လက်တွန့်နေမှာမဟုတ်ကြောင်း၊ လက်ရှိ ဘဏ္ဍာရေးအကျပ်အတည်းနဲ့စီးပွားရေးအကျပ်အတည်းကို အနာဂတ်မျိုးဆက်ဆီက အခွန်အခတွေ လှမ်းချေးယူ ပြီး ရေတို ရှင်သန်နိုင်ဖို့သာ ကြိုးစားခြင်းဖြစ်လို့ အလုံးစုံပျက်ဆီးပြိုလဲခြင်းကို ရှောင်လွှဲမရနိုင်တဲ့ဖြစ်စဉ်လို့လည်း စာရေးသူက သုံးသပ်ဖော်ပြသွားပါတယ်။
ဒီ စီမံကိန်းမျိုးမှာ အစိုးရ ရာထူးအဆင့်ဆင့်သောသူတွေဟာ စီမံကိန်းတွေအတွက် မရိုးသားတဲ့ ငွေချေးမှုတွေကို ပိုပြီးအကျင့်ပျက်ခြစားမှုတွေ လုပ်လာမယ့်အရေးကလည်း ရှောင်လွှဲမရနိုင်ပါဘူး။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်ရွယ်ရင်းက ဒီ ငွေတိုက်စာချုပ်ရောင်းချငွေတွေကိုဦးတည်ပြီး လက်ရှိ တရုတ်ပြည်တွင်း စီးပွားရေးကဏ္ဍ အသီးသီးမှာ ပြန်မဆပ်နိုင်ကြတော့တဲ့ အစိုးရချေးငွေတွေကို ပြန်ဆပ်လာနိုင်ရေး၊ တည်ငြိမ်မှု ပြန်ရနိုင်ရေး အတွက် ဆွဲဆန့်ထုတ်တဲ့ ဖြေရှင်းမှုသာဖြစ်ပါတယ်။ ဒီလောက် ရိုးရှင်းတဲ့ အတွေးအခေါ်နဲ့ အကြွေးစျေးကွက်ကြီး ပြိုလဲမှုအပေါ် ဘယ်တော့မှ မဖြေရှင်းနိုင်တာ ကူတင်တန်(တရုတ်ဖြူ) ဖြစ်စဉ်က သာဓကပါပဲ။
ကူတင်တန်တွေ ဟာ တရုတ်ပြည်မကြီးမှာ စစ်ရှုံးပြီး ထိုင်ဝမ်ကို ဆုတ်ခွာအခြေချချိန်က ၁၉၄၉ ခုနှစ်မှာပါ။ ဒါပေမဲ့ တရုတ်ပြည်မ ကြီးရဲ့ ဒေသတချို့မှာ ချမှတ်ခဲ့တဲ့ငွေတိုက်စာချုပ်အတွက် လုပ်ငန်းဆောင်တာတွေကို ဆက်လက် လုပ်ဆောင်ပေး ခဲ့ရတာ နှစ် ၅၀ ကြာပြီး ၁၉၉၉ ခုနှစ်အထိ ရောက်ခဲ့တယ်။ ဒါကြောင့် Quantum Leap မှာ ရေးသားခဲ့တဲ့ စာရေးသူ က လက်ရှိ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီရဲ့ ကာလရှည်လျှား ငွေတိုက်စာချုပ်ထုတ်ရောင်းမှုဟာ သူတို့ အုပ်စိုး တဲ့ ခေတ်ကုန်ဆုံးပြိုလဲတော့မယ်ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြခြင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်စွာရေးသား တင်ဆက်ခဲ့တာဖြစ်ပါတယ်။
မင်းဆက်တစ်ခု၊ ဒါမှမဟုတ် အစိုးရ တစ်ခု၊ အာဏာရှင်တစ်ခေတ် ပြိုလဲခြင်းမှာ စီးပွားရေးပြိုလဲမှု ၃ ဆင့်ရှိပါ တယ်။ စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေ ကုန်ဆုံးသွားပြီးနောက် ပစ္စုပ္ပန်ကို အပြင်းအထန် လုယူတယ်။ နောက်ဆုံးအနာဂတ်ကပါ ချေးငှားသုံးစွဲခြင်းဖြစ်တယ်။
နောက်ဆုံးအဆင့်ရောက်တဲ့အခါ မင်းဆက်ရဲ့ကျဆုံးမှုဖြစ်တာကို သမိုင်းတစ်လျှောက် မင်းဆက်အားလုံးကြုံရသလိုပဲ နောက်ပြန်လှည့်မရနိုင်တဲ့ ဖြစ်စဉ်တွေနဲ့ ပျက်သုဉ်းကုန်တာပါ။ နိုင်ငံအပေါ် နှစ် 50 သက်တမ်းရှည်တဲ့ နိုင်ငံတော်ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းဟာ CCP မှ ချမှတ်ထားတဲ့ ပြည်သူဆီက ငွေညှစ်တဲ့ ထောက်လှမ်းရေးအခွန်အခတွေသာ ဖြစ်ပါ တော့တယ်။
ဒီ နှစ် ၅၀ ငွေတိုက်စာချုပ်တစ်ခုတည်းတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်အစိုးရဟာ ကုန်သွယ်ရေး စျေးကွက်အတွင်ရည်ရွယ်တဲ့ နှစ် ၃၀ ငွေတိုက်စာချုပ်တွေကို ရောင်းချတယ်။ ဒီစျေးကွက်က တစ်ရက်အတွင်း စာချုပ်တန်ကြေးတစ်ခုအတွက် အမြင့်ဆုံးစျေး ၁၂၇ ယွမ်အထိ မြင့်တက်လာတာရှိတယ်။ ဒါပေမဲ့ စျေးကွက် နောက်ဆုံးပိတ်သွားတော့ ယွမ် ၁၀၀ ပဲ တန်တော့လို့ တစ်ရက်တည်းမှာ ၂၇ ရာခိုင်နှုန်း အရှုံးပေါ်သွားရတယ်။ အစိုးရလည်ပတ်ငွေ တစ်နည်းအားဖြင့် ထောက်လှမ်းရေးအသုံးချငွေဆိုတာ ကြွယ်၀ချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှု တွေကို မဖြစ်မနေ ရိတ်သိမ်းတဲ့ စက်တစ်ခုသဘောပါပဲ။ အစိုးရတိုင်းအတွက် ပြည်သူဆိုတာ အခွန်ထမ်းတွေဖြစ် တယ်။ ဒီထဲကမှ အစိုးရရဲ့ အနာဂတ်စီမံကိန်းအကျိုးအမြတ်ကို ယုံကြည်ပြီး ငွေတိုက်စာချုပ် ဝယ်ယူတာမျိုးပါ။ အခုတရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ မူဝါဒနဲ့အနာဂတ်အကျိုးဖြစ်ထွန်းနိုင်မှုအပေါ် မယုံကြည်ရင် ဘယ်သူမှ ဒီစာချုပ်ကို မဝယ်ပါဘူး။
CCP ရဲ့ ကာလရှည်လျှားလွန်းတဲ့ ငွေတိုက်စာချုပ် သဘောသဘာ၀ အစစ်ကို ပြည်သူ တွေ အမှန်တကယ်သိရှိချင့်ချိန်နိုင်ရင် သူတို့မျှော်လင့်တဲ့ ရွှေယွမ်ကူပွန်စာရွက်တွေဟာ ကူမင်တန်ပါတီ ရှန်ဟိုင်း မှာ ကြုံခဲ့ရသလို တန်ဖိုးမရှိတဲ့ စာရွက်အပိုင်းအစတွေသာဖြစ်သွားမယ်လို့ သိရှိကြပါလိမ့်မယ်။
အမေရိကန်မှာ နေထိုင်နေတဲ့ တရုတ်-အမေရိကန်သား စီးပွားရေးပညာရှင် ဒေါက်တာလီဟန်းချင် မကြာသေးခင် က Epoc Times နဲ့ အင်တာဗျူးရာမှာလည်း တရုတ်ရဲ့ နှစ် ၂၀၊ ၃၀၊ ၅၀ အထိရှည်လျှားတဲ့ ကာလရှည် ငွေတိုက်စာ ချုပ်တွေ ထုတ်ရောင်းနေခြင်းမှာ ပြည်သူတွေအနေနဲ့ အစိုးရအကြွေးပြဿနာကို ဖြေရှင်ပေးနိုင်ရေးအတွက်သာ ရည်ရွယ်ပြီး ဒီစုငွေဟာတကယ် လိုအပ်နေတဲ့ စားသုံးသူလူထုအတွက် အသုံးချမှာမဟုတ်မှန်း သိသာလို့ အစိုးရ ကိုယ်တိုင်က သူတို့အခုချမှတ်ပေးခဲ့တဲ့ ငွေတိုက်စာချုပ်စည်းမျဉ်းဥပဒေတွေအတိုင်း၊ ကတိအတိုင်း ပြန်ပေးသွားဖို့ ရည်ရွယ်မထားတာလည်း သိသာစေတယ်။
ဒါကြောင့် CCP တစ်ခေတ် ချုပ်ငြိမ်းမသွားနိုင်ဘူးလို့ ဘယ်သူကမှ ကတိပေးနိုင်မှာမဟုတ်ကြောင်း သုံးသပ်ပြောကြားသွားပါတယ်။
စီးပွားရေးအရ မလှုပ်သာမကိုင်သာ ရှိနေတဲ့ အကျပ်အတည်းဆိုက်နေချိန် တရုတ်အစိုးရရဲ့ ကာလရှည်လျှား လွန်းတဲ့ ငွေတိုက်စာချုပ် ရောင်းချပေးခြင်းဟာ လတ်တလော ဘဏ္ဍာရေးတည်ငြိမ်မှုကိုသာ ရှေးရှုတာ မြင်သာ စေပါတယ်။ ဒါကြောင့် အစိုးရ ဗျူဟာအပေါ် ဝေဖန်ဆန့်ကျင်မှုတွေလည်း မြင့်တက်သထက် မြင့်တက်လာတယ်။ အနာဂတ်မျိုးဆက်ဆီက မဖြစ်မနေချေးငှားလိုက်ရတဲ့ ငွေတိုက်စာချုပ်စျေးကွက် ပထမဆုံး ဖြတ်သန်းရတဲ့ တစ်ရက်တည်းမှာပဲ ဘယ်လောက် နစ်နာထိခိုက်သွားစေသလဲဆိုတာလည်း ပြည်သူတွေ ယမ်းပုံမီးကျသလို ဖြစ်စေခဲ့တယ်။ နိုင်ငံရေးရော စီးပွားရေးပါ မတည်မငြိမ်ဖြစ်နေတဲ့အချိန်၊ မရေမရာဖြစ်နေတဲ့အချိန် အစိုးရဟာ ဒီအကြွေးတွေကို ပြန်ပေးနိုင်ပါ့မလားဆိုတဲ့ သံသယတွေကလည်း အကြီးထွားဆုံးဖြစ်လာတယ်။ ဒါကြောင့် တရုတ်လက်ရှိ အစိုးရ၊ မင်းဆက်ရဲ့ ရှောင်လွှဲမရနိုင်တဲ့ ပြိုလဲမှုကြီး ဖြစ်လာတော့မယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်ချက် တွေကသာ ဦးဆောင်ကဏ္ဍရောက်ရှိလာစေခဲ့ပြီဖြစ်ပါကြောင်း . . .