ဆောင်းပါး

တီယန်နမ်နှစ်ပတ်လည်မှာ ပုဂ္ဂလိက Hacker တွေပါသုံးပြီး တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပိတ်ပင်ခဲ့တဲ့ တရုတ်

မဲခေါင် 25 Jun - 2024
ပြက္ခဒိန်တွေ ဇွန်လစာမျက်နှာကိုရောက်လာပြီဆို တရုတ်နိုင်ငံတစ်ဝန်း ဝမ်းနည်းနာကျင်ဖွယ်ရာ တီယန်နမ်ရင်ပြင် ရက်စက်ခဲ့မှုကြီးက ပြန်လည်တုန်ခါလှုပ်ခတ်သံတွေ ပဲ့တင်ထပ်လာစမြဲ။ ဒီ တီယန်နမ်ရင်ပြင် သတ်ဖြတ်မှုကြီးနဲ့ ပတ်သက်လို့ တရုတ်အစိုးရဟာ သံမဏိစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ၊ ပိတ်ဆို့မှုတွေကို အွန်လိုင်းပေါ်မှာ လည်း ပြည်တွင်းအရေးနဲ့ပတ်သက်လို့ လှုပ်ရှားသမျှတွေကို လိုက်ပိတ်ခဲ့တယ်။ ဒါပေမဲ့ နှစ်တိုင်း ဇွန်လရောက်ရင် ဒီအတိတ်ရဲ့ အရိပ်ဟာ ပဲ့တင်ထပ်စမြဲထပ်နေခဲ့ပါတယ်။

လင်းမောင်

ပြက္ခဒိန်တွေ ဇွန်လစာမျက်နှာကိုရောက်လာပြီဆို တရုတ်နိုင်ငံတစ်ဝန်း ဝမ်းနည်းနာကျင်ဖွယ်ရာ တီယန်နမ်ရင်ပြင် ရက်စက်ခဲ့မှုကြီးက ပြန်လည်တုန်ခါလှုပ်ခတ်သံတွေ ပဲ့တင်ထပ်လာစမြဲ။ ဒီ တီယန်နမ်ရင်ပြင် သတ်ဖြတ်မှုကြီးနဲ့ ပတ်သက်လို့ တရုတ်အစိုးရဟာ သံမဏိစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ၊ ပိတ်ဆို့မှုတွေကို အွန်လိုင်းပေါ်မှာ လည်း ပြည်တွင်းအရေးနဲ့ပတ်သက်လို့ လှုပ်ရှားသမျှတွေကို လိုက်ပိတ်ခဲ့တယ်။ ဒါပေမဲ့ နှစ်တိုင်း ဇွန်လရောက်ရင် ဒီအတိတ်ရဲ့ အရိပ်ဟာ ပဲ့တင်ထပ်စမြဲထပ်နေခဲ့ပါတယ်။

ဒီနှစ်ပတ်လည်နီးလာတိုင်း တရုတ်ပြည်တွင်းမှာရော ပြည်ပက စောင့်ကြည့်လေ့လာသူတွေရဲ့ ဆိုက်ဘာလှုပ်ရှား မှုတွေကလည်း ရေချိန်အမြင့်ဆုံးအဖြစ် ပြန်တက်တက်လာတယ်။ ဒီနှစ်ပတ်လည်ရက်နားရောက်ဖို့ ရက်ပိုင်း၊ ရက်သတ္တပတ်ပိုင်းအလိုရောက်တာနဲ့ စောင့်ကြည့်လေ့လာ အစပြန်ဖော် တွန်းလှန်သူတွေရဲ့ လူမှုကွန်ရက်တွေ၊ အီးမေးလ်တွေမှာ အန္တရာယ်ရှိသော၊ လုပ်ဆောင်မှုကို ရပ်တန့်ဆိုင်းငံ့ဖြစ်စေသော Links တွေနဲ့ Spun ဖြစ်စေ တာတွေကလည်း အလုံးအရင်းဖြစ်တည်နှောင့်ယှက်ပါတယ်။

ပြောရရင်တော့ ဒီလိုဆိုက်ဘာတိုက်ခိုက်မှုအများဆုံးကို တရုတ်အစိုးရက လျှို့ဝှက်တိုးတိတ်စွာနဲ့ နောက်ကွယ်က ခိုင်းစေလုပ်ဆောင်တာပါ။ နှစ်ပေါင်းများစွာ ဒီအတိုင်းလုပ်ဆောင်လာရာက မကြာသေးခင် တရုတ်အစိုးရက ဆိုက်ဘာတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းတည်ဆောက်မှု ပုံစံသစ်နဲ့ပါ ပြောင်းလဲ တိုက်ခိုက်တဲ့အကြောင်း အချက် အလက်တွေပေါက်ကြားရာက ဖုံးမရဖိမရ အရှက်ရစေခဲ့ပါပြီ။ ဘယ်လောက်တောင် မကောင်းမှုကို တိုးချဲ့လိုက် သလဲဆိုရင် အရင်လို ဝါဒမပြန့်ဖို့ ပိတ်ဆို့တားဆီးတဲ့ Hacking လုပ်မှုကနေ ပိုပြီး ဆိုးရွားလွန်တဲ့ စီးပွားဖြစ်ပါ ကြားဖြတ်တိုက်ခိုက်တဲ့ Business Of Hacking စနစ်ကြီးကိုပါ ပြောင်းလဲ လုပ်ဆောင်လာတယ်။ အစိုးရတစ်ရပ် ဖြစ်ပြီး သူတစ်ပါး ထိခိုက်ဆုံးရှုံးနစ်နာစေတဲ့ ဆိုက်ဘာမှုခင်းလုပ်ငန်းကို လုပ်ရုံသာမက သူတို့အတွက်ပါ စီးပွား ဖြစ်စေဦးမယ့် Hacking စနစ်ဆီ အသွင်းပြောင်းခဲ့တဲ့အကြောင်း ဒီလုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ တရုတ် နည်းပညာလုပ်ငန်း I – Soon ရဲ့ သတင်းအချက်အလက် ပေါက်ကြားမှုကနေ ကမ္ဘာက သိရှိသွားပြီ ဖြစ်ပါတယ်။

ဒီလိုပေါက်ကြားသွားလို့လည်း အရင်တရုတ်ကွန်မြူနစ်ပါတီချမှတ်တဲ့ အစိုးရအာဏာပိုင်တွေနဲ့ ပုဂ္ဂလိက ဆိုက်ဘာ Hacking သမားတွေ ပူးပေါင်းလုပ်ဆောင်တဲ့ ကန်ထရိုက် ဂေဟစနစ် ကန့်လန့်ကာချသွားပါပြီ။ ပေကျင်း အစိုးရရဲ့ အရင် Hacking ကန်ထရိုက်ဂေဟစနစ်ဆိုတာ အစိုးရမူဝါဒချမှတ်သူတွေရယ်၊ ကိုယ်ကျိုးစီးပွားနဲ့ အမျိုး သားရေးဝါဒီနှစ်မျိုးပေါင်းဖက်ပြီး အတိုက်အခံ၊ ဝေဖန်သူ၊ အပြစ်တင်သူတွေအပေါ် အမျိုးမျိုးသော ပိတ်ပင်မှုတွေ လုပ်ကြတဲ့ ပုဂ္ဂလိကပိုင်းက ကျွမ်းကျင်သူတွေ ပူးပေါင်းလုပ်ဆောင်တာပါ။

တရုတ်အစိုးရဟာ အွန်လိုင်းသတင်းအချက်အလက်တွေကို ထိန်းချုပ်တာ၊ သူတို့ကို ဆန့်ကျင်တိုက်ခိုက်တဲ့ အထူးပြု Search Term စကားလုံးအဓိပ္ပါယ်တွေကို ရှာမရအောင် ပိတ်ပင်တာ၊ လူမှုကွန်ရက် အကောင့်တွေဆိုရင် ပိတ်ပင်တာ၊ ပြည်ပက မီဒီယာတွေ ဆန့်ကျင်ရေးသားတဲ့ သူတို့မကောင်းမှုတွေအကြောင်း ဖတ်မရအောင် Apps တွေကိုက အစ ဆင်ဆာဖြတ်တောက်တာ၊ လုံး၀ပိတ်ပင်တာတွေ လုပ်နေကြဆိုတာ အားလုံးအသိပါ။ ဒီတော့ ၁၉၈၉ ခုနှစ်က တီယန်နမ်ရင်ပြင်မှာ ဆန္ဒပြသူတွေကို ကမ္ဘာ့သမိုင်းမှာ အရက်စက်ဆုံး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် နှစ်ပတ်လည်ရောက်လာမယ့် ဇွန် ၄ ရက်တိုင်း ပိုတိုးပြီး Hacking လုပ်ငန်းတွေ လုပ်တယ်။ ဒီအချိန်ရောက်တိုင်း ဒီမိုကရေစီသမားတွေရဲ့ တက်ကြွလှုပ်ရှားမှုကလည်း အမြဲပြန်ကြွကြွတက်လာတော့ လူမှုကွန်ရက်မှာဖြစ်ဖြစ် အွန်လိုင်းပေါ်မှာဖြစ်ဖြစ် ဒီလို လှုံ့ဆော်သူတွေကို အပြတ်သားဆုံး နှိမ်နင်းတယ်။ တီယန်နမ်နဲ့ ပတ်သက်သမျှ Mention ခေါ်သမျှ တားဆီးပိတ်ပင်ဖို့၊ အရေးယူချေမှုန်းဖို့ လုပ်တယ်။ တရုတ်လူမျိုးတိုင်းကလည်း ဒီနှစ်ပတ် လည်ရက်နီးလာတိုင်း အစိုးရရဲ့ ပိတ်ပင်မှု၊ ဆင်ဆာဖြတ်တောက်မှုက ကြမ်းသထက်ကြမ်းလာတာ သိလာကြ တယ်။ နီးလာလေ ပိတ်ပင်တဲ့ စကားလုံးတွေ၊ သက်ဆိုင်တဲ့ Emojis တွေ၊ ဖိယောင်းတိုင် ပုံတွေတောင် လုံး၀ လက်မခံဘဲ ဖြတ်တောက် ပိတ်ဆို့မှု မြှင့်တင်နေကြပါ။

၂၀၂၀ ပြည့်နှစ်က အမေရိကန် နည်းပညာကုမ္ပဏီ Zoom ဟာ တရုတ်နိုင်ငံထဲကို အသင်းအဖွဲ့လိုက်ရောက်ရှိနေပြီး တီယန်နမ်ရင်ပြင် နှစ်ပတ်လည်နဲ့ပတ်သက်လို့ အောက်မေ့ဖွယ် အွန်လိုင်းတင်ဆက်မှုတွေ လုပ်ဖို့စီစဉ်တော့ အမေရိကန်တက်ကြွလှုပ်ရှားသူတွေရဲ့ Account တွေကိုပါ ဖျက်သိမ်းခဲ့တယ်။ ဒေသတွင်းဥပဒေအရဆိုပြီး အမေရိကန်သားတွေ Account တွေကို ဖျက်သိမ်းတာ။ နှစ်ပတ်လည်ရက်ဝန်းကျင်မှာ အတိုက်အခံအုပ်စုတွေ၊ ပြည်ပအခြေစိုက်တရုတ်ဘာသာစကားသုံး မီဒီယာတွေအပေါ် Report ထုပြီး ဆိုက်ဘာတိုက်ခိုက်မှုပါ လုပ်ခဲ့ တယ်။ ၂၀၂၂ မှာ ဩစတြေးလျနဲ့တရုတ်ဘာသာစကားနှစ်မျိုးဖော်ပြတဲ့ Media Today ကို ဒီရက်ပိုင်းထဲ ဘယ်သူမှန်းမသိရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုလုပ်တယ်။ ၂၀၂၄ နှစ်စပိုင်းမှာ တရုတ်အခြေစိုက် Hacker ၇ ယောက်ဟာ အမေရိကန်တရားရေးဌာန တရုတ်နဲ့ပတ်သက်တဲ့ လွှတ်တော်မဟာမိတ် အဖွဲ့ဝင်တွေရဲ့ အီးမေးလ် တွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့တယ်။

အမေရိကန်အထိပါ ဆိုက်ဘာတိုက်ခိုက်နိုင်စွမ်းရှိလာလို့ တရုတ်ဟာ အရင်လို ကန်ထရိုက်ဂေဟ စနစ်ကို ဆက် မသုံးတော့ပါဘူး။ i-Soon ဘက်ကလည်း အချက်အလက်တွေ ပေါက်ကြားသွားလို့ အရှက်ကွဲခဲ့ရတာမျိုး မဖြစ်ချင် ဘဲ ပိုပြီး တိုက်ခိုက်ဒုက္ခပေးနိုင်မယ့် Business of Hacking စနစ်သစ်ကို ဒီနှစ်ထဲမှာ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းလိုက် တယ်။ ပြည်တွင်းအတိုက်အခံတွေရော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေကိုပါ ပိုပြီး ထိရောက်တုံ့ပြန်ဒုက္ခပေးနိုင် စေဖို့ ဆိုက်ဘာအော်ပရေးရှင်းအေဂျင်စီပုံစံကို လုံး၀အသွင်းပြောင်းလိုက်တယ်။ အရင်က တရုတ်ကွန်မြူနစ်ပါတီ ဟာ ဒီလိုဆိုက်ဘာတိုက်ခိုက်မှုတွေကို စီမံခိုင်းစေသူပါ။ ၂၀၁၅ မှာ တရုတ်ကွန်မြူနစ်ပါတီဟာ ဆိုက်ဘာစစ်ရေးနဲ့ ကွန်ရက်လုံခြုံရေးမဟာဗျူဟာထောက်ပို့တပ်ဖွဲ့ စဖွဲ့ပြီး ဒီမူဝါဒအောက်မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်တယ်။

၂၀၂၄ ဧပြီမှာတော့ ဒီအဖွဲ့ကို လုံး၀ဖျက်သိမ်းလိုက်တယ်။ ဒီအရေးကို တရုတ်နိုင်ငံရဲ့ ပင်မထောက်လှမ်းရေးနဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့အေဂျင်စီအလုပ်တွေ လုပ်တဲ့ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန (MSS) ဆီ လက်လွှဲပေးတယ်။ MSS တပ်ဖွဲ့သစ် ၃ ဖွဲ့ ဖွဲ့စည်းတယ်။ Aerospace Force ၊ Cyberspace Force နဲ့ Information Support Force ဆိုတဲ့ အာကာသ၊ ဆိုက်ဘာစပေ့ချ်နဲ့ သတင်းထောက်ပို့တပ်ဖွဲ့ ၃ ရပ်ကို ဖွဲ့စည်းလိုက်တယ်။ ကွန်မြူနစ်ပါတီဆီ တိုက်ရိုက်သတင်းပြန်ပို့မယ့် ထောက်ပံ့ပို့ဆောင်ရေးပူးပေါင်းအဖွဲ့ကိုပါ ဒီ ၃ ဖွဲ့နဲ့ ကြားက ပေါင်းကူးပေးဖို့ စီမံ စေတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေအကြား မတည်ငြိမ်မှုတွေ တိုးပွားလာတယ်။ ၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ၊ နိုင်ငံခြားရေးဝန်ကြီး ကျင်းဂန်း၊ ဒုံးတပ်ဖွဲ့ တပ်မှူး လီယူချိုတို့ ရာထူးက ဖယ်ရှား ခံရပြီး တခြားနေရာတွေ ရောက်သူရောက်တယ်။ တပ်တွင်း ရာထူးနေရာ ပြောင်းလဲပြင်ဆင်မှုအကြီးစားတွေ လုပ်ခဲ့ပေမယ့် တရုတ်က ဒီအရေး နုတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ ဖြစ်တည်နေတဲ့ ဟန်ချက်အနေအထားကိုကြည့် ရင် ကမ္ဘာက တရုတ်သမ္မတရှီကျင်းဖျင်တစ်ယောက် သူ့အပေါ် လုံး၀ သစ္စာရှိမယ့်၊ ယုံကြည်စိတ်ချရမယ့်၊ ကွန်မြူနစ်ပါတီရဲ့ အမိန့်ကို တသွေမတိမ်းလိုက်နာမယ့် လူယုံလူရင်းတွေကိုသာ သူ့အုပ်ချုပ်မှုယန္တရားမှာ အနီး ကပ်ထားဖို့မဖြစ်မနေလိုနေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံကို ဆတ်ဆတ်ကြားသိနေပြီလို့ မြင်တွေ့ကြရပါ ပြီ။ ဒါကြောင့်လည်း သတင်းအချက်အလက် ထောက်ပို့အဖွဲ့ကို ဖွဲ့စည်းလိုက်ရတာဖြစ်တယ်။

နောက်လုပ်ကွက်ရလာတဲ့ လူယုံ ပုဂ္ဂလိက ဆိုက်ဘာတိုက်ခိုက်ရေးသမားတွေ၊ လူယုံသီးသန့်တွေနဲ့ တရုတ် ဆိုက်ဘာတပ်ဖွဲ့သစ်ကို ဖွဲ့စည်းလိုက်တယ်။ ဒီ ရှီကျင်းဖျင် ဦးဆောင်ကြိုးကိုင်တဲ့ တရုတ်ဆိုက်ဘာ ကန်ထရိုက် တွေဟာ မူဝါဒအရ တားဆီးဖို့၊ လူမမြင်ဖို့၊ မကူးစက်ဖို့သာမဟုတ်ဘဲ အကျိုးအမြတ်ပါရှာတဲ့ ဆိုက်ဘာတိုက်ခိုက် မှုတွေ လုပ်ခဲ့ကြောင်း ၂၀၂၄ ဖေဖော်ဝါရီလမှာ အချက်အလက်တွေ ပေါက်ကြားလာပြန်ပါတယ်။ Hacker သံသယ ရှိသူတွေဟာ တရုတ်အစိုးရနဲ့ကိုပါ ပူးပေါင်းပြီး အရှက်မရှိတဲ့ အကျိုးအမြတ်ထုတ်မှုတွေပါ လုပ်ကြောင်း ဒီပေါက် ကြားမှုက သက်သေပြုနိုင်ခဲ့တယ်။ တရုတ်နည်းပညာ အဖွဲ့ i-Soon က သူတို့ Hack ပြီး ရယူခဲ့တဲ့ အချက်အလက် တွေကို တရုတ်အစိုးရဆီ ရောင်းစားခဲ့ကြောင်း မဖုံးနိုင်မဖိနိုင်ပေါ်သွားတာပါ။ ရောင်းစားလိုက်တာက အစိုးရဆီ တိုက်ရိုက်မဟုတ်ပေမယ့် တစ်ချိန်က Green Army ခေါ် တရုတ်မှာ ပထမဆုံး Hacker လုပ်တဲ့အဖွဲ့က ခေါင်း ဆောင် ၂၀၁၀ မှာ စတင်ထူထောင်တဲ့ Wu Haibo အဖွဲ့ဆီ ရောင်းစားလိုက်တာဖြစ်ပါတယ်။

Green Army ကို ၁၉၉၇ ခုနှစ်က ထူထောင်တယ်။ ဗဟုသုတမျှဝေသူများကွန်ရက်ဖောက်ပြီး အဲဒီ ပလက်ဖောင်း ကနေ အမျိုးမျိုး Hack ခဲ့ကြတယ်။ ၁၉၉၈ မှာပဲ တရုတ်မျိုးချစ် Hacker တွေ ပေါင်းပြီး နိုင်ငံတကာဆီကနေ ညစ်ကျယ်တဲ့စိတ်နဲ့ တခြားနိုင်ငံတွေကိုပါတိုက်ခိုက် အမြတ်ထုတ်လာတယ်။ အထင်ကရဆိုရင် အင်ဒိုနီးရှား အဓိကရုဏ်းကနေစပြီး အာရှမှာ ဘဏ္ဍာရေးကပ်ဆိုက်မှုကို ဖန်တီးသွားတယ်။

အဲဒီတုန်းက အင်ဒိုနီးရှား အစိုးရ အဖွဲ့ ဝက်ဘ်ဆိုက်များစွာကို Hack ခဲ့ပြီး အင်ဒိုနီးရှားက တရုတ်နွယ်ဖွားတွေအပေါ် အကြမ်းဖက်လို့ တုံ့ပြန်မှု လုပ်တာဖြစ်ကြောင်း သက်သေတွေ ထွက်ပေါ်လာတယ်။ ၁၉၉၉ ခုနှစ်က နေတိုးအဖွဲ့ ဘဲလ်ဂရိတ်က ရုရှားသံရုံး ကို ဗုံးကျဲမှုလုပ်တော့လည်း အမေရိကန်အစိုးရ ဝက်ဘ်ဆိုက်များစွာကို တရုတ်အစိုးရလို့ပဲ ပြောရမယ့် Green Army ရဲ့ Hacker တွေကပဲ တိုက်ခိုက်ပြန်တယ်။ အဲဒီကတည်းက တရုတ်ရဲ့ မူဝါဒဟာ တခြားနိုင်ငံတွေ အကျိုး ယုတ်စေပြီး သူတို့နိုင်ငံဘယ်လိုမကောင်းတဲ့နည်းနဲ့ ဆိုက်ဘာမှုခင်းတွေကျူးလွန်လွန် ဖြစ်သင့်တယ်ဆိုတဲ့ အတွေးကို တရုတ် Hacker တွေ ခေါင်းထဲ ရိုက်သွင်းတယ်။ဒီ Hacker တွေနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးပိုင်းကလည်း ရှုပ်ထွေးတယ်။

တရုတ်ရဲ့ နိုင်ငံခြားရေးရာမူဝါဒက ဝေဖန်မှု ကိုလက်ခံတယ်လို့ပြဌာန်းထားပေမယ့် ဆိုက်ဘာကျွမ်းကျင်သူတွေကိုမွေးပြီး အစိုးရက မငြင်းသာတဲ့ ဝေဖန်ခံရမှုတွေမှာ ကြားက တုံ့ပြန်ပေးဖို့ သုံးတယ်။

အဲဒီအတွက် ဆိုက်ဘာ Hacker တွေိကို ထောက်ပံ့တယ်။ ဆိုက်ဘာဥပဒေမှာ လိမ်လည်မှု၊ ဉာဏမူပိုင်ခွင့်ခိုးယူမှုတွေဆိုတာ ရာဇဝတ်မှုတွေဖြစ်ပါတယ်။ ဒါတွေကို မျိုးချစ် Hacker တွေနဲ့ အုပ်စုဖွဲ့ပြီး cybercrimes ကို cyber security လို့ ပြောင်းလဲသုံးစွဲပြီး ဒုစရိုက်မှုတွေကို အားပေးရုံ မက ကိုယ်တိုင်လုပ်တယ်။ i- Soon ရဲ့ ပေါက်ကြားမှုကနေ အစိုးရထောက်ပံ့ ကန်ထရိုက်တွေဟာ တရားမဝင် လုပ်ဆောင်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေအများကြီးလုပ်နေကြောင်း သိရှိရပါပြီ။ အစိုးရထောက်ပံ့ ဟုတ်ဟုတ် မဟုတ်ဟုတ် Hacker တွေိကို နောက်ကွယ်က ကြိုးကိုင်စီမံနိုင်တဲ့ ပါဝါရှိနေပါပြီ။ ဒီမကောင်းမှုတွေ ထပ်မပေါက် ကြားအောင် တပ်ဖွဲ့သစ် ၃ ခုဖွဲ့ပြီး ဆိုက်ဘာ Hacker တွေအားလုံးကို နိုင်ငံခြားသားတွေနဲ့ အလုပ်တွဲမလုပ်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ Hacking ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခြင်းမပြုဖို့အထိ အမိန့်ပေးပြီး ခြေရာပြန်ဖျောက်ဖို့ ကြိုးစားနေ တာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဥပဒေမှာကိုက သတင်းအချက်အလက် စီးမျောခွင့်ကို လုံး၀လက်မခံဘူး။ ဘယ် Software မှလည်း အရင်ဆုံး တရုတ်အစိုးရဆီ Report တက်ပြီးမှ သုံးလို့ ရမရ ခွင့်ပြုပေးတဲ့ စနစ်နဲ့သွားတယ်။ ရရှိသမျှသော ဆိုက်ဘာတိုက်ခိုက်မှုကနေရတဲ့ အချက်အလက်အားလုံးကို ပြိုင်ဘက်နိုင်ငံတိုင်းအပေါ် ဆိုက်ဘာ တိုက်ခိုက်မှုအရှိန်မြှင့်ဖို့၊ နည်းပညာ ခိုးချပြီး အကျိုးအမြတ်ပြန်ရှာဖို့ စနစ်သစ်ပြောင်းလုပ်ဆောင်လာတာဟာ လည်း တရုတ် အမျိုးသားလုံခြုံရေးဝန်ကြီးဌာန စီမံကိန်းပဲဖြစ်ပါတယ်။

i-Soon ရဲ့ ပေါက်ကြားမှုမှာ တရုတ်ဟာ စီးပွားဖြစ်ကော်မာရှယ် Hacking ကွန်ရက်ကြီးကို ချဲ့တွင်သထက် ချဲ့တွင် လာနေကြောင်း၊ အတွင်းစည်းပိုင်းမှာလည်း ကန်ထရိုက် Hacker တွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေကြား ငွေ၊ အရက်၊ တခြားသော မက်လောက်စရာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရှုပ်ထွေးနေကြောင်း၊ ကန်ထရိုက်စနစ်နဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကျူးလွန်တဲ့ Hacker အုပ်စုတွေကိုလည်း သူတို့ရယူမယ့် အကျိုးအမြတ်ပစ်မှတ် မရရင် ထောင်ချတာမျိုးထက်ဆိုးတဲ့ စီရင်မှုတွေကို လုပ်ဆောင်နေကြောင်း၊ နိုင်ငံစီးပွားရေး အကျပ်ရိုက်နေချိန် ဒေသန္တရအစိုးရအဖွဲ့တွေက နိုင်ငံဝန်ထမ်းတွေအတွက် လစာပေးဖို့ အဓိက ထားရုန်းနေရတယ်။ ပြောရရင် တရုတ် ကွန်မြူနစ်ပါတီဟာ ဒီလို ဆိုက်ဘာရာဇဝတ်မှုလုပ်သူတွေကို နိုင်ငံတော်အထောက်အပံ့အဖွဲ့တွေအဖြစ် အသုံးချ သလို တစ်ဖက်မှာလည်း ဒီလူတွေကိုပဲ ပြန်ပြီး ခြိမ်းခြောက် အကျပ်ကိုင်၊ သူတို့ပြဿနာနဲ့ သူတို့ပါ အလဲလဲ အပြို ပြိုဖြစ်အောင် စီစဉ်ထားပြန်ပါတယ်။

ဒါကြောင့် တီယန်နမ် နှစ်ပတ်လည် လှုပ်ရှားမှုတွေကို နည်းပေါင်းစုံနဲ့ တား ဆီးခဲ့ပေမယ့် တရုတ်နဲ့ နိုင်ငံရေးရော၊ စီးပွားရေးပါ ဂုဏ်သိက္ခလုံး၀မရှိတဲ့ ရာဇဝတ်မှုတွေ အစိုးရကိုယ်တိုင်လုပ်နေ တဲ့စနစ်နဲ့ လည်ပတ်နေတာဖြစ်ကြောင်း သိသာပေါ်လွင်သွားခဲ့ပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဆိတ်သားရေနဲ့ဖုံးတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ ထုတ်ပြန်ချက်ကို
ဆောင်းပါး

ဖိလစ်ပိုင်ပြီးနောက် တောင်တရုတ်ပင်လယ်မှာ ပြင်းထန်တဲ့ရေကြောင်းစစ်ဆင်ရေးတွေလုပ်လို့ ဗီယက်နမ်နဲ့ပါ သဘောထားဆန့်ကျင်မှုဖြစ်လာတဲ့တရုတ်

မီဒီယာတွေအတွက် တောင်တရုတ်ပင်လယ်ပဋိပက္ခမှာ တရုတ်နဲ့ ဖိလစ်ပိုင်အကြား တင်းမာမှုမြင့်တက်သထက် မြင့်တက်နေတာကြီးက အာရုံဖမ်းစားစရာဖြစ်နေတယ်။ ဒါပေမဲ့ ပေကျင်းအစိုးရရဲ့ ရိုင်းစိုင်းပြီး ခိုင်မာတဲ့ နည်းပရိယာယ်ချမှတ်မှုနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

After Philippines, China’s aggressive Maritime Maneuvers’ put Vietnam at Loggerheads with Beijing in SCS

The escalating tensions between the Chinese Coast Guard and the Philippine forces have been capturing media attention. However, another nation

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

On Tiananmen Anniversary, China unleashes private hackers on activists

As the calendar turns to June, the echoes of the Tiananmen Square tragedy reverberate across China. Yet, the government's iron

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

နှစ် ၅၀ ငွေတိုက်စာချုပ်ထုတ်ရောင်းခြင်းနဲ့ ကြွေးတင်တရုတ်အစိုးရ အနာဂတ်

ကမ္ဘာ့ဒုတိယစီးပွားရေးဖွံ့ဖြိုးမှုနိုင်ငံတော်ကြီးအဖြစ် ကြေညာထားတဲ့ တရုတ်အစိုးရဟာ အခုတော့ အဖက်ဖက်က ပြိုလဲနေတဲ့ စီးပွားရေးကဏ္ဍတွေကို ရေတိုကုစားနည်းနဲ့ ဖြေရှင်းဖို့ ဒီနှစ်ထဲ အစိုးရငွေတိုက်စာချုပ် ဒေါ်လာ ၁၄၀ ဘီလီယံဖိုးအထိ ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်ရပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ဒေဝါလီခံရလုနီးချိန် အစိုးရပိုင်းသိမ်းဆည်းမှုတွေဖြစ်တည်လာခြင်းနောက်ကွယ်က တရုတ်စီးပွားရေး

မကြုံစဖူးတဲ့အလှည့်အပြောင်းတွေကြားမှာ တရုတ်နိုင်ငံရဲ့ မြေယာလုပ်ငန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်တဲ့ တရုတ် မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ( China Urban Investment Group) လည်း ဒေဝါလီခံရလုနီးနီးအခြေအနေရောက်လာခဲ့ ရပါပြီ။ အခြေအနေဆိုးတွေကို ပြန်လည်ဆယ်တင်ဖို့ အပြင်းအထန်ကြိုးစားခြင်းကနေ မကြာခင် နိုင်ငံတော်ပိုင် သိမ်းယူခံရမှုတွေဆီ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

State takeover looms as China Urban Investment Group faces bankruptcy

In an unprecedented turn of events, the China Urban Investment Group, a significant player in the country's financial landscape, teeters

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s future on Loan: The controversy of 50 year Bonds

The Chinese government's decision to issue ultra-long term National bonds, amounting to approximately 140 billion US dollars, has sparked public

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now