ဆောင်းပါး

တရုတ်မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ဒေဝါလီခံရလုနီးချိန် အစိုးရပိုင်းသိမ်းဆည်းမှုတွေဖြစ်တည်လာခြင်းနောက်ကွယ်က တရုတ်စီးပွားရေး

မဲခေါင် 13 Jun - 2024
မကြုံစဖူးတဲ့အလှည့်အပြောင်းတွေကြားမှာ တရုတ်နိုင်ငံရဲ့ မြေယာလုပ်ငန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်တဲ့ တရုတ် မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ( China Urban Investment Group) လည်း ဒေဝါလီခံရလုနီးနီးအခြေအနေရောက်လာခဲ့ ရပါပြီ။ အခြေအနေဆိုးတွေကို ပြန်လည်ဆယ်တင်ဖို့ အပြင်းအထန်ကြိုးစားခြင်းကနေ မကြာခင် နိုင်ငံတော်ပိုင် သိမ်းယူခံရမှုတွေဆီ ဆက်တိုက်ဦးတည်လာနေခဲ့ပါတယ်။

လင်းမောင်

မကြုံစဖူးတဲ့အလှည့်အပြောင်းတွေကြားမှာ တရုတ်နိုင်ငံရဲ့ မြေယာလုပ်ငန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်တဲ့ တရုတ် မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ( China Urban Investment Group) လည်း ဒေဝါလီခံရလုနီးနီးအခြေအနေရောက်လာခဲ့ ရပါပြီ။ အခြေအနေဆိုးတွေကို ပြန်လည်ဆယ်တင်ဖို့ အပြင်းအထန်ကြိုးစားခြင်းကနေ မကြာခင် နိုင်ငံတော်ပိုင် သိမ်းယူခံရမှုတွေဆီ ဆက်တိုက်ဦးတည်လာနေခဲ့ပါတယ်။

လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုက ကွဲရှလွယ် တရုတ်စီးပွား ရေးစနစ်ကြားမှာ စံနှုန်းသတ်မှတ်နိုင်မှုက သတ်မှတ်အဆင့်အောက်ကိုပဲ ရောက်ရှိနေရတာဖြစ်တယ်။ အကြေ အလည်ဆွေးနွေးမှုတွေလုပ်အပြီး အိမ်ခြံမြေနဲ့မြေယာလုပ်ငန်းတွေ ဒုက္ခတွင်းဆုံးကျချိန် အစိုးရပိုင် သိမ်းဆည်း ခြင်းကပဲ နောက်ဆုံးဖြေရှင်းနည်းဖြစ်လာတယ်။

ဒီဖြေရှင်းနည်းမှာ မြို့ပြရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အနာဂတ် အတွက် မေးခွန်းထုတ်စရာတွေ အများကြီးရှိလာသလို အနာဂတ်လည်းပျောက်နေရခြင်းဟာ တရုတ်နိုင်ငံတစ်ခု လုံးရဲ့ စီးပွားရေးတစ်ခုလုံး ထိခိုက်ဖို့ ဖြစ်နိုင်ချေအလားအလာတွေသာ ပိုတိုးတာရတယ်။

အားလုံး ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းမနိုင်ဖြစ်လာချိန် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဘဏ္ဍာရေးမူဝါဒ စနစ်အရ အစိုးရပိုင်အင်တာပရိုက်စ်တွေအဖြစ် သိမ်းယူခြင်းက မြို့ပြရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေအတွက် မဟူရာ တွင်းနက်ကြီး ဖြစ်ရတာပဲလို့ ခေါ်ဆိုလာကြပါပြီ။

အစိုးရပိုင်သိမ်းပြတယ်။ ပြီးရင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ငွေချေး စာချုပ်တွေထုတ်ရောင်းတယ်။ ရန်ပုံငွေတိုးရဖို့ ဒီလိုတွေ လျောက်လုပ်ခြင်းက ဘက်ပေါင်းစုံက တရုတ်စီးပွားရေး လုပ်ငန်းတွေပြိုလဲဖို့ အမြန်ဆုံး တွန်းပို့ရာသာရောက်တယ်လို့ ဘဏ္ဍာရေးကျွမ်းကျင်သူတချို့က သုံးသပ်နေကြပါ ပြီ။ အဓိက အကြောင်းတရားကတော့ ကိုဗစ်-၁၉ ကို နိုင်ငံအတွင်း အမြန်ဆုံးအမြစ်ဖြတ်ကင်းရှင်းရစေမယ်ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၃ နှစ်ကြာခဲ့တဲ့ zero epidemic control policy ကြောင့် ဒေသတွင်းအစိုးရအဖွဲ့တွေရဲ့ ဝင်ငွေတွေ ရုတ်ချည်းကျဆင်းသွားရာကနေ နယ်ပယ်ပေါင်းများစွာမှာ ကြွေမြီတွေ မဟားဒယားမြင့်တက်၊ ပြန်မပေးနိုင်တဲ့ အဖြစ်ကို ရောက်ရှိသွားရတာဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ ဒေသန္တရအစိုးရအဖွဲ့တွေ လက်အောက်က မြို့ပြရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ကြွေးမြီများစွာမြင့်တက်၊ ပြန်မဆပ်နိုင်ဖြစ်ရခြင်းအပေါ် လျှို့ ဝှက်ဖုံးကွယ်နိုင်ဖို့ နောက်ဆုံးလမ်းအဖြစ် ပြည်ပက ချေးငွေစာချုပ်တွေကို ကမ်းလှမ်း၊ ဒီလိုကုမ္ပဏီတွေကို အစိုးရ ပိုင်အဖြစ် အမြန်ဆုံးအသွင်းပြောင်းခြင်းနဲ့ ကုစားဖို့လမ်းကို ရွေးချယ်ခဲ့တယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် တရုတ်ပြည်မကြီးတောင်ပိုင်းက သတင်းရင်းမြစ်တွေမှာ ၂၀၂၄ ခုနှစ်ထဲ စတင်ဝင်ရောက် ပြီးကတည်းက နိုင်ငံအနှံ့အပြား မြို့ပြရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပေါင်းများစွာကို တရုတ်အစိုးရက လုပ်ငန်းစုတွေ ပေါင်းစည်းတာ၊ ကုမ္ပဏီနာမည်တွေ ပြောင်းလဲတာ၊ ကုမ္ပဏီအသစ်သဘောနဲ့ ပြန်လည်ထူထောင်တာတွေလုပ် ပြီး စက်မှုနိုင်ငံပိုင် လုပ်ငန်းတွေအသွင်းပြောင်းခဲ့တယ်လို့ ဖော်ပြကြတယ်။ အကြောင်းပြချက်ကတော့ မြို့ပြရင်းနှီး မြှုပ်နှံမှုကုမ္ပဏီတွေရဲ့ အခက်အခဲတွေ တိုးပွားလာတာ နေရာအနှံ့အပြားဖြစ်လာလို့ ရန်ပုံငွေမြှင့်တင်ရရှိနိုင်ရေး ရည်ရွယ်လုပ်ဆောင်တာလို့ဆိုတယ်။

အမေရိကန်စီးပွားရေးပညာရှင် ဒေးဗစ်ဟောင်းကတော့ မြို့ပြရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေအတွက် ဘဏ္ဍာရေး အကျပ်ရိုက်မှုမှာ အရေးအကြီးဆုံး ကဏ္ဍနှစ်ရပ်က မူဝါဒနဲ့စျေးကွက်သာဖြစ်တယ်။

ဒါကို စျေးကွက်စီးပွားရေး စနစ်မှာ ရန်ပုံငွေပြန်မြှင့်တင်ရှာဖွေဖို့ လုပ်ရိုးလုပ်စဉ်က အစိုးရပိုင်စက်မှုအင်တာပရိုက်စ်လုပ်ငန်းတွေ အသွင်း ပြောင်း၊ ပြည်ပ ငွေချေးစာချုပ်တွေရောင်းချခြင်းတွေလုပ်ကြောင်း၊ တရုတ်အစိုးရရဲ့ အစဉ်အမြဲလုပ်ဆောင်လေ့ရှိ တဲ့ လုပ်ထုံးလုပ်နည်းက ပင်မအစိုးရကြွေမြီတွေဖြေရှင်းဖို့ မြို့ပြရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကို နည်းပါးတဲ့ အသုံး စားရိတ်နဲ့ ရင်းနှီးမြှုပ်နှံမှုကို ချပေး၊ ငွေချေးစာချုပ်တွေကို တွင်တွင် ရောင်းချနေရင်းက ဒေသန္တရ အစိုးရအဖွဲ့အား လုံး ကြွေးမြီကြီးထွားသထက်ကြီးထွာလာတာကနေ စုပေါင်းပြီး တစ်နိုင်ငံလုံး စီးပွားရေးဆုတ်ယုတ်မှုကို ဖြစ်စေခဲ့ တာလို့ သုံးသပ်သွားတယ်။ ဒီလုပ်ငန်းတွေကနေ တရုတ်အစိုးရမူဝါဒအရ အကျိုးအမြတ်အများကြီး လိုချင်တယ်။ ဒါပေမဲ့ အကြွေးမြီတွေတက်တာကို ပြန်မပေးဆပ်နိုင်တာမျိုးလည်း မလိုချင်ဘူး။ ဒီတော့ မြို့ပြရင်းနှီးမြှုပ်နှံမှုစီးပွား ရေးလုပ်ငန်းကြီးတွေ ဒေဝါလီခံရ၊ အစိုးရ သိမ်းပိုက်ခံစာရင်းဝင်ရမှုတွေ မတားဆီးနိုင်အောင် ဖြစ်တည်လာတာပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ စီးပွားရေးစုံစမ်းမှုအစီရင်ခံစာတွေမှာ နေရာဒေသ အသီးသီးက တရုတ်မြို့ပြ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပေါင်း ၄၀၀ ကျော်ဟာ စက်မှုအစိုးရပိုင်အင်တာပရိုက်စ်အသစ် တွေအဖြစ် စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအခြေပြ ကုမ္ပဏီကြီး ၇၅ ခုလက် အောက်ခံ အစိတ်အပိုင်း ကုမ္ပဏီသစ်တွေအဖြစ် လုံးလုံးလျှားလျှား ပြောင်းရွှေ့ ဝင်ရောက်သွားရတယ်လို့ ဖော်ပြ ပါရှိတယ်။

တချို့သော ကုမ္ပဏီတွေက တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှု စျေးကွက်၊ စတော့ခ်စျေးကွက်၊ ချေးငွေစာချုပ်စျေးကွက်၊ အိမ်ခြံမြေစျေးကွက်လို အဘက်ဘက်က အကျပ်ရိုက်နေတဲ့ လုပ်ငန်းတွေကြားထဲ အစိုးရဖိအားပေးချက်အရ အစိုးရပိုင် စက်မှု အင်တာပရိုက်စ်တွေအဖြစ် ပြောင်းလဲပေးလိုက်ရတယ်။ ပုံမှန်အား ဖြင့် မြူနီစပါယ်ခေါ် စည်ပင်က ထုတ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုငွေချေးစာချုပ်တွေဟာ ဘေးကင်းတယ်လို့ ယူဆခဲ့ တယ်။ ခုတော့ ဒီဖြစ်စဉ်က ပိုပြီး အန္တရာယ်ကြီးတဲ့ ရင်းနှီးမြှုပ်နှံဖို့ ပစ်မှတ်မထားသင့်တဲ့ ငွေချေးစာချုပ်ဖြစ်လာ ခဲ့ရတယ်။ တရုတ်ပြည်အနှံ့ အသေးစားနဲ့ အလတ်စား အင်တာပရိုက်စ်တွေအလုံးအရင်း ပိတ်သိမ်းရတာ၊ ဒေဝါလီ ခံရတာတွေကြားမှာ၊ အစိုးရ မူဝါဒနဲ့ စျေးကွက်ကြားမှာ စည်ပင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ပိုပြီး အကျပ်အတည်း တွေကို ဖြစ်တည်စေလာခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒီလို အကျပ်အတည်းလှိုင်းတွေဟာ တစ်နေ့ပြီးတစ်နေ့ ပြင်းထန်လာနေရာကနေ ကုမ္ပဏီပေါင်းများစွာ၊ ကော်ပိုရေးရှင်းများစွာဟာ ဒဏ်ခံရလွန်းလာတော့ ဒီလှိုင်းတွေဟာ အစိုးရပိုင် ကော်ပိုရေးရှင်းနဲ့ အင်တာပရိုက်စ် လုပ်ငန်းတွေအထိ ဆိုးရွားသက်ရောက်လာရပါပြီ။

အကြွေးတွေ ပုံလာတယ်။ စီးပွားရေးအရှုံးပြမှုတွေပါ အစိုးရပိုင် လုပ်ငန်းတွေမှာ မြင့်တက်လာတော့ တရုတ်ပြည်မကြီးတစ်ခုလုံးက အစိုးရပိုင် ကော်ပိုရေးရှင်းတွေပါ ဒေဝါလီခံရ တဲ့ နောက်တိုးလှိုင်းဒဏ်တွေကို ခံရပြီး စီးပွားရေး ထိခိုက်ပြိုလဲမှုဆီ ဦးတည်လာနေပါပြီ။

ထိုင်ဝမ် နမ်ဝှာတက္ကသိုလ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံတကာရေးရာဌာန ပါမောက္ခ ဆန်ဟူဇင်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ အစိုးရပိုင် စက်မှုလုပ်ငန်းအသွင်ပြောင်းအင်တာပရိုက်စ် လက်အောက် သွပ်သွင်းဖြေရှင်းနည်းဟာ မြို့ကြီးပြကြီး တွေက ကုမ္ပဏီအဆင့်မှာတော့ငွေကြေးတန်ဖိုး အသင့်အတင့်ပြန်မြင့်တက်မယ်၊ ရန်ပုံငွေ ပြန်မြင့်တက်လာမယ်၊ ကုမ္ပဏီတွေ လုံးလုံး ဒေဝါလီခံရတဲ့အဆင့်မရောက်တာတွေ တိုးမယ်လို့ ဆိုတယ်။

ဒါပေမဲ့ ဒေသန္တရ အစိုးရပိုင်းတွေ မှာတော့ သူတို့လက်အောက်ခံ မြို့ပြစီမံကိန်းကုမ္ပဏီတွေရဲ့ ကြွေးမြီမြင့်မားမှုနဲ့ မရေရာမှုတွေက ဆက်တိုက်ဆို သလို ပိုပြီးတိုးမြင့်လာမယ်။ ဒါဟာ ဗဟိုအစိုးရကို ပိုပြီး အထိနာစေတဲ့ အကျိုးဆက်ကိုပဲ ဖြစ်တည်လာစေမယ်လို့ ဆိုတယ်။ နောက် ပုံသေနည်းတစ်ခုအရ ဒေသန္တရ မြို့ပြရင်းနှီးမြှုပ်နှံမှု အုပ်စုတွေ သက်သာချောင်ချဖို့ စည်းမျဉ်းတင်းကျပ်မှုတွေ လျော့ချပြီး ငွေကြေးစီးဆင်းမှု လှုပ်လို့ရမယ့်အခြေအနေကို ဖန်တီးပေးလိုက်ရင်လည်း အကျိုးစီးပွားကို နောင်အတွက်မတွေးဘဲ ချေးငွေစာချုပ်တွေကို မျက်စိမှိတ်ပြီး မှားယွင်းချုပ်ဆိုချေးငွေယူမှုတွေ ကလည်း များလာမယ့် သက်ရောက်မှုရှိတယ်။ အခုတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေအားလုံးဟာ တရုတ် ပြည်တွင်းငွေချေးစာချုပ်တွေအပေါ် မယုံကြည်နိုင်တော့ဘဲ Evergrande လို လုပ်ငန်းကြီးတောင် ပြိုလဲနေတော့ ထိရှလွယ်၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ စနစ်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြတော့ဘူး။ ဒါကြောင့် မူဝါဒ အရရော စျေးကွက်အမြင်အရပါ ပြောင်းလဲလိုက်တဲ့ အစိုးရပိုင်စက်မှုအင်တာပရိုက်စ်လုပ်ငန်းတွေမှာ ဖြေရှင်းနိုင် စွမ်းမရှိလောက်တာကို မြင်သာစေတယ်လို့ ဆန်ဟူဇင်းက သုံးသပ်သွားတယ်။

တရုတ်ရဲ့ အရေးပါတဲ့ မြို့ပြရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ကြွေးမြီမရှင်းနိုင်တော့လို့ အစိုးရပိုင်အင်တာပရိုက်စ်တွေ အဖြစ် ပြောင်းပြီး ဘဏ္ဍာရေးအကျပ်ရိုက်မှုကို ဖြေရှင်းဖို့ လုပ်တယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြိုလဲမှုကို မျက်ဝါးထင်ထင်မြင်တွေ့စေတဲ့ အကြောင်းတရားပါပဲ။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၃ နှစ်တာကျင့်သုံးခဲ့ရတဲ့ zero epidemic control policy ကနေ ဒေသန္တရ အစိုးရတွေရဲ့ ဝင်ငွေနှုန်းက တစ်ဟုန်ထိုးကျဆင်းစေခဲ့တယ်။ ကြွေးမြီ အကျပ်အတည်းကပ်ဘေးဆိုက်နေရတယ်။ အစိုးရက ရေတိုငွေကြေးစနစ်တည်ငြိမ်ရေးနဲ့ ဒေသန္တရအစိုးရ ဝင်ငွေ ပြန်မြှင့်တင်ရေး၊ ကြွေးမြီနှုန်းလျော့ချနိုင်ရေးတွေလုပ်ဖို့ အစိုးရပိုင်ပြောင်းခဲ့ပေမယ့် ဒီကုမ္ပဏီတွေရဲ့ အနာဂတ် ရပ်တည်ရေးကတော့ ကြီးမားလွန်းတဲ့ တင်ရှိကြွေးမြီတွေကြောင့် ဘာအာမခံချက်မှ မရှိတော့ပါဘူး။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထိရှလွယ်မှုအပေါ် မယုံရဲတော့မှု၊ တရုတ်ပြည်တွင်း ချေးငွေစာချုပ်မူဝါဒကလည်း နားလည် ဖို့ခက်တဲ့အနေအထားရောက်နေပါပြီ။ ဒါကြောင့် ဆက်တိုက်ဆိုသလို ကုမ္ပဏီတွေ ဒေဝါလီခံမှုလှိုင်း ရိုက်ခတ်မှုဟာ အစိုးရပိုင် ကော်ပိုရေးရှင်းတွေကိုပါ သက်ရောက်ထိခိုက်နေတာဟာ တရုတ်နိုင်ငံလုံးဆိုင်ရာ စီးပွားရေး အလှည့် အပြောင်းကာလ ရောက်နေပြီဆိုတာကို အချက်ပြလိုက်တာပဲဖြစ်ပါတော့တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဆိတ်သားရေနဲ့ဖုံးတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ ထုတ်ပြန်ချက်ကို
ဆောင်းပါး

ဖိလစ်ပိုင်ပြီးနောက် တောင်တရုတ်ပင်လယ်မှာ ပြင်းထန်တဲ့ရေကြောင်းစစ်ဆင်ရေးတွေလုပ်လို့ ဗီယက်နမ်နဲ့ပါ သဘောထားဆန့်ကျင်မှုဖြစ်လာတဲ့တရုတ်

မီဒီယာတွေအတွက် တောင်တရုတ်ပင်လယ်ပဋိပက္ခမှာ တရုတ်နဲ့ ဖိလစ်ပိုင်အကြား တင်းမာမှုမြင့်တက်သထက် မြင့်တက်နေတာကြီးက အာရုံဖမ်းစားစရာဖြစ်နေတယ်။ ဒါပေမဲ့ ပေကျင်းအစိုးရရဲ့ ရိုင်းစိုင်းပြီး ခိုင်မာတဲ့ နည်းပရိယာယ်ချမှတ်မှုနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

After Philippines, China’s aggressive Maritime Maneuvers’ put Vietnam at Loggerheads with Beijing in SCS

The escalating tensions between the Chinese Coast Guard and the Philippine forces have been capturing media attention. However, another nation

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တီယန်နမ်နှစ်ပတ်လည်မှာ ပုဂ္ဂလိက Hacker တွေပါသုံးပြီး တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပိတ်ပင်ခဲ့တဲ့ တရုတ်

ပြက္ခဒိန်တွေ ဇွန်လစာမျက်နှာကိုရောက်လာပြီဆို တရုတ်နိုင်ငံတစ်ဝန်း ဝမ်းနည်းနာကျင်ဖွယ်ရာ တီယန်နမ်ရင်ပြင် ရက်စက်ခဲ့မှုကြီးက ပြန်လည်တုန်ခါလှုပ်ခတ်သံတွေ ပဲ့တင်ထပ်လာစမြဲ။ ဒီ တီယန်နမ်ရင်ပြင် သတ်ဖြတ်မှုကြီးနဲ့ ပတ်သက်လို့ တရုတ်အစိုးရဟာ သံမဏိစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ၊ ပိတ်ဆို့မှုတွေကို အွန်လိုင်းပေါ်မှာ လည်း ပြည်တွင်းအရေးနဲ့ပတ်သက်လို့ လှုပ်ရှားသမျှတွေကို လိုက်ပိတ်ခဲ့တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

On Tiananmen Anniversary, China unleashes private hackers on activists

As the calendar turns to June, the echoes of the Tiananmen Square tragedy reverberate across China. Yet, the government's iron

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

နှစ် ၅၀ ငွေတိုက်စာချုပ်ထုတ်ရောင်းခြင်းနဲ့ ကြွေးတင်တရုတ်အစိုးရ အနာဂတ်

ကမ္ဘာ့ဒုတိယစီးပွားရေးဖွံ့ဖြိုးမှုနိုင်ငံတော်ကြီးအဖြစ် ကြေညာထားတဲ့ တရုတ်အစိုးရဟာ အခုတော့ အဖက်ဖက်က ပြိုလဲနေတဲ့ စီးပွားရေးကဏ္ဍတွေကို ရေတိုကုစားနည်းနဲ့ ဖြေရှင်းဖို့ ဒီနှစ်ထဲ အစိုးရငွေတိုက်စာချုပ် ဒေါ်လာ ၁၄၀ ဘီလီယံဖိုးအထိ ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်ရပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

State takeover looms as China Urban Investment Group faces bankruptcy

In an unprecedented turn of events, the China Urban Investment Group, a significant player in the country's financial landscape, teeters

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s future on Loan: The controversy of 50 year Bonds

The Chinese government's decision to issue ultra-long term National bonds, amounting to approximately 140 billion US dollars, has sparked public

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now