စီးပွားရေး

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့မသေချာသေး၊ ဖွင့်ခဲ့ရင်လည်းချောမွေ့မှုမရှိနိုင်

မဲခေါင် 31 Dec - 2024
နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့မသေချာသေး၊ ဖွင့်ခဲ့ရင်လည်းချောမွေ့မှုမရှိနိုင်

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့မသေချာသေး၊ ဖွင့်ခဲ့ရင်လည်းချောမွေ့မှုမရှိနိုင်

မဲခေါင်၊ ဒီဇင်ဘာ ၃၁

မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေ ဖွင့်ဖို့ ရှိတယ်ဆိုတာ မသေချာသေးသလို ဖွင့်ခဲ့ရင်လည်း ကုန်သွယ်ရေး လမ်းခရီးမှာ အကောက်ခွန်တွေ များပြားပြီး ကြန့်ကြာတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

လားရှိူးမြို့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နယ်စပ်ဂိတ်တွေဖွင့်တော့မယ်လို့ မျှဝေထားသလို တချို့ကလည်း လာမယ့် ၂၀၂၅ ဇန်နဝါရီ ၃ ရက်မှာ ဖွင့်နိုင်တယ်လို့ ပြောနေကြတဲ့အပေါ် နယ်စပ်ကုန်သည်တချို့က အခုလိုတုန့်ပြန်လာတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေပြန်ဖွင့်ပြီး ကုန်သွယ်ရေးတွေ တရားဝင်ပြန်လည် လည်ပတ်ခွင့်ကို နှစ်နိုင်ငံအုပ်ချုပ်သူတွေက ကြိုတင်ထုတ်ပြန်တာမျိုးတွေ ပြုလုပ်မှာဖြစ်သလို ကုန်သွယ်ခွင့်ကို အုပ်ချုပ်သူပြီးရင် ဒုတိယသိရှိနိုင်သူက ကုန်သည်သာဖြစ်ပါတယ်။ အခု နယ်စပ်ဂိတ်တွေပြန်ဖွင့်ပြီး ကုန်သွယ်ရေးပြန်လည် လည်ပတ်မယ့်ကိစ္စကို ကုန်သည်တွေ မသိရသေးဘူးလို့ ပြောပါတယ်။

“ နယ်စပ်တွေဖွင့်ရင် အရင်လို နှစ်ဘက်ကုန်သွယ်ခွင့်ရမှ အခွန်ရမှာပါ၊ အတည်လို့ ပြောမရပေမယ့် ကြားရတာကတော့ ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေးကနေ ကုန်သွယ်ခွန်က စကစကို သုံးဆယ်ရာနှုန်းပေး ရမှာပါ၊ လမ်းမှာ TNLA ဖြတ်သန်းရင်လည်း ဖြတ်သန်းခွန် ပေးရမှာပါပဲ၊ စကစရဲ့သဘောက နယ်စပ်ကုန်သွယ်ခွန်ကို နယ်စပ်ကနေ သုံးဆယ်ရာနှုန်းယူပြီး စကစ ထိမ်းချုပ်မြေထဲ ဝင်လာတာနဲ့ အခွန်ထပ်ကောက်မှာပါ၊ ဒီနေရာမှာ မန္တလေး- မူဆယ် လမ်းကြောင်းမှာတော့ TNLA က အခရာ ကျလာမှာပါ” လို့ စိုက်ပျိုးကုန်ပို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

အဖွဲ့အစည်းတွေ များပြားလာတာနဲ့အမျှ ဂိတ်တွေလည်းများပြားကာ အကောက်ခွန်တွေလည်းများပြားလာမှာဖြစ်သလို မူဝါဒနဲ့ အမိန့်မျိုးစုံလည်း များပြားလာမှာဖြစ်လို့ ပြည်သူအတွက် အကျိုးမများနိုင်ဘူးလို့ ဆိုပါတယ်။

ကုန်သွယ်ရေးမှာ အဓိကကျတဲ့အရာက သင့်တင့်တဲ့ ညှိနှိုင်းအခွန်နဲ့လမ်းခရီးမှာ မကြန့်ကြာစေပဲ အချိန်မီရောက်ဖို့အရေးကြီးတယ်လို့ ပြောပါတယ်။

“ သစ်သီးဝလံ နဲ့ရေထွက်ကုန်တွေက လမ်းမှာကြာတာနဲ့ ပျက်စီးတာများတယ်၊ အထားခံတဲ့ကုန်တွေထက် လတ်ဆတ်ကုန်တွေ၊ စျေးကွက်ကြိုက်ကုန်တွေဖြစ်ဖို့ အမြန်ကုန်သွယ်မှုစနစ်တွေ လုပ်ပေးစေချင်တယ်”လို့ ရေထွက်ကုန်ပို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းက နယ်စပ် ဂိတ်အကြီးအသေး၂၀ ခုရှိရာမှာ မြန်မာဘက်က ကြံ၊ ပြောင်းနဲ့ တစ်သျှူးငှက်ပျောတွေ MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်၁၀၅ မိုင်က တရုတ်ဘက်ကို ထွက်နေပေမယ့် တရုတ်ဘက်က တရားဝင်ဂိတ်တွေကတော့ တနိုင်တပိုင်အစားအသောက်တွေသာ ဝင်နေတာဖြစ်ပါတယ်။

အခြား မိုင်းလားဂိတ်ဘက်မှာလည်း သစ်သီးဝလံတွေ ပို့ခွင့်ရနေပေမယ့် တရုတ်ဘက်ကတော့ ကုန်ပစ္စည်း အထွက်မခံပါဘူး။

တရုတ်အစိုးရက EAOs တွေကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ် ဂိတ်တွေကို ကုန်ပစ္စည်းအကန့်အသတ်နဲ့ သယ်ယူခွင့် ပိတ်ဆို့ထားတာကြာမြင့်လာတာနဲ့အမျှ ကုန်မာတွေ ပြတ်လပ်လာနေတာဖြစ်ပါတယ်။

အခုလအတွင်း တရုတ်အစိုးရက စစ်ကောင်စီနဲ့ EAOs တွေတွေ တွေ့ဆုံမှု ကနေ ဂိတ်တွေ ဖွင့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ တာဖြစ်ပေမယ့် တရုတ်ဘက်ကရော သက်ဆိုင်တဲ့EAOs တွေဘက်ကရော ဂိတ်တွေဖွင့်ဖို့တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

MK-012
#MekoneNews

 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now