စီးပွားရေး

ရှမ်းတောင်ထွက် ခရမ်းချဉ်တွေ တစ်ပိဿာ တစ်ရာကျပ်ပင် မရတော့လို့ တောင်သူတွေ သွန်ပစ်နေရ

မဲခေါင် 9 Sep - 2024
ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားကထွက်တဲ့ ခရမ်းချဉ်သီးတွေဟာ စက်တင်ဘာလ ဒုတိယပတ်မှာ တစ်ပိဿာ တစ်ရာကျပ်အောက်အထိ ဈေးကျဆင်းလာတာကြောင့် သွန်ပစ်နေရတယ်လို့ ဒေသတွင်း တောင်သူတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၉

ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားကထွက်တဲ့ ခရမ်းချဉ်သီးတွေဟာ စက်တင်ဘာလ ဒုတိယပတ်မှာ တစ်ပိဿာ တစ်ရာကျပ်အောက်အထိ ဈေးကျဆင်းလာတာကြောင့် သွန်ပစ်နေရတယ်လို့ ဒေသတွင်း တောင်သူတွေက ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲက ထွက်တဲ့ ခရမ်းချဉ်သီးတွေဟာ စက်တင်ဘာလအတွင်း အထွက်နှုန်း များလာတဲ့အပြင် အင်းလေးဒေသဘက်က ထွက်ရှိတဲ့ အင်းသီးတွေနဲ့လည်း တိုက်ဆိုင်နေပြီး လက်ရှိ တိုက်ပွဲအခြေတွေအရ အဝေးကိုတင်ပို့လို့ မရတော့တာကြောင့် တစ်ပိဿာ တစ်ရာကျပ်အောက်အထိ ဈေးကျလာတာလို့ တောင်သူတွေက ပြောပါတယ်။

“အသီးက ရောင်းမရတော့ရင် ဒီတိုင်းထားလည်း မရဘူးကော ပုတ်ကုန်မှာလေ။ ဒါကြောင့် ကျမတို့ လိုင်းပေါ်မှာလည်း တင်ထားတယ်။ လာယူပေါ့ အလကား ပေးပါမယ်။ ယူမယ့်သူ မရှိတော့ အကုန်သွန်ပစ်လိုက်ရတယ်” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ဧပြီလအထိ တစ်ပိဿာ တစ်သောင်းကျပ်အထိ ဈေးရခဲ့တဲ့ ခရမ်းချဉ်သီးတွေဟာ မေလ လယ်ခန့်မှာ ၅ ထောင်ကျပ်၊ ဇူလိုင်လမှာ ၂၅၀၀ ကျပ်၊ ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ထောင်ကျပ်အထိ ကျဆင်းခဲ့ပြီး လက်ရှိမှာ မယုံနိုင်စရာကောင်းလောက်အောင် ၅၀၊ ၈၀ ကျပ်ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိတော့တယ်လို့ ဆိုပါတယ်။

“အရင်တစ်ပတ်တောင် ၃၀၀ လောက်ရသေးတယ်။ ဒီတစ်ပတ်မှ တော်တော်ဆိုးသွားတာ။ ပွဲရုံအထိ ရောင်းရင်တော့ ၁၀၀ ရတယ်။ ဒါပေမယ့် ဘာလုပ်မလဲ ဆီဖိုးနဲ့ ထမင်းစရိတ်တောင် မကာမိဘူး” လို့ အခြားတောင်သူတစ်ဦးက ပြောပါတယ်။

နောင်တရားဒေသခံတွေဟာ ဒီနှစ်အတွင်း ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့နဲ့ လုပ်သားခတွေ ဈေးတက်လာတာကြောင့် အရင်နှစ်ထက် ကုန်ကျစရိတ် ၃ ဆခန့်ပိုပြီး လက်ရှိမှာ အကြွေးတင်နေကြတယ်လို့ သိရပါတယ်။

အရင်က ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးတွေကို ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တရုတ်နိုင်ငံအထိ တင်ပို့ကြပေမယ့် အခုချိန်မှာတော့ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာပဲ ရောင်းချနေရပြီး ဈေးနှုန်းလည်း ဆိုးဆိုးရွားရွားကျဆင်းလာတယ်လို့ ဆိုပါတယ်။

ခရမ်းချဉ်သီးကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ပင်းတယ၊ ရွာငံ၊ ကလော စတဲ့မြို့နယ်တွေမှာ ကုန်းပေါ်နည်းနဲ့ စိုက်ပျိုးကြပြီး ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာလည်း ကျွန်းမျှောစိုက်ခင်းအဖြစ် စိုက်ပျိုးကြပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now