စီးပွားရေး

တိုက်ပွဲတွေကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

မဲခေါင် 4 Dec - 2023
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲတွေကြောင့် ကုန်ကားများ ရာနဲ့ချီ ပိတ်မိနေပြီး ၊ ကုန်သွယ်ရေးရပ်တန့်ထားလိုက်ရပြီလို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၄

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲတွေကြောင့် ကုန်ကားများ ရာနဲ့ချီ ပိတ်မိနေပြီး ၊ ကုန်သွယ်ရေးရပ်တန့်ထားလိုက်ရပြီလို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက် မှစတင်ကာ အာရှလမ်းကြောင်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အဆိုပါနေရာသို့ရောက်ရှိနေတဲ့ ကုန်ကားများအပါအဝင်၊ ခရီးသွားကားများ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

“ကော့ကရိတ်လမ်းကြောင်းက ပိတ်နေတယ်၊ စစ်ကောင်စီဘက်က လေယာဥ်တွေနဲ့ပါကြဲနေတော့ ၊လွတ်လမ်းရှာမရဘူး၊ ကုန်အပြည့်နဲ့ ကားတွေပိတ်မိနေတာ၊ ကား ရာချီတယ်၊ ကုန်တန်ကြေးက တွဲကားဆိုရင် ၂၃ တန်ရှိတယ်၊ ၁၀ ဘီးကားဆိုရင် ၁၇ တန်ရှိတယ်၊ ထိုင်းကနေသွင်းလာတဲ့ကုန်များတဲ့အတွက် တန်ကြေးတွေကများတယ်၊ ဘီလီယံနဲ့ချီပိတ်မိနေတာ‘ လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်၊ နှစ်ကုန်ပိုင်းကလည်း အာရှလမ်းပေါ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့တာကြောင့် ကုန်ကားများပိတ်မိပြီး ၊ ထိုင်းဘက်သို့တင်ပို့မယ့် လယ်ယာထွက်ကုန်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လိို့လည်း သိရပါတယ်။

“အခုက တရုတ်လမ်းကြောင်းရော၊ ထိုင်းဘက်ရောပိတ်သွားပြီဆိုတော့၊ စစ်ကောင်စီက ပို့ကုန်ရငွေမရှိသလောက်ဖြစ်သွားပြီ၊ သွင်းကုန်အတွက် ပါမစ်တွေ၊ ဒေါ်လာရောင်းချပေးမှုအပိုင်းတွေက အခုထက်ပိုဆိုးလာတော့မယ်၊ တရုတ်ဘက်ကုန်ပို့မရကတည်းက အထိနာနေတာ၊ ဒီပုံစံတိုင်းဆိုစစ်ကောင်စီက စီးပွားရေးကိုထိန်းချူပ်မနိုင်လောက်တော့ဘူး၊ အခြေခံလူတန်းစားတွေကတော့အထိပိုနာမယ့်သဘောရှိတယ်’ လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

အာရှလမ်းမကြီးကို အသုံးပြုလို့ရတာ တစ်လကျော်သာရှိသေးကြောင်းနဲ့ ၊လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့်၊ ကုန်သွယ်ရေးလုံးဝရပ်တန့်ကာ၊ စောင့်ကြည့်အနေအထားသာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

ထိုင်းဘက်မှမြန်မာသို့ CMP လုပ်ငန်း သုံး ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း များ တင်သွင်းပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထုတ်ကုန်များ၊ ကုန်စိမ်းများ၊ ရော်ဘာ၊ ရေထွက်ကုန်များ တင်ပို့နေချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိ ထိုင်း၊မြန်မာ တံတား ပိတ်ထားခြင်းမရှိဘဲ၊ ထိုင်းဘက်ကကားအဝင်ရှိပြီး၊ မြန်မာဘက်ရှိသက်ဆိုင်ရာ ဂိုဒေါင်တွေမှာပစ္စည်းချထားလျက်ရှိပြီး၊ ကုန်သွယ်ရေးဇုံအတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ ထွက်ပြေးတိမ်ရှောင်သွားကြပြီလို့လည်း ကုန်သည်များထံကသိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့တွင်ပင် ကော့ကရိတ်မြို့ လှိုင်ဝစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီးထိမှန်ကာယာဉ်မောင်း ၁ ဦး သေဆုံးကာ ကုန်တင်ကား ၂ စီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

MK-006

#MeKongNews

#တိုက်ပွဲ

#ကုန်စည်

#ရပ်တန့်

#အာရှလမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now