စီးပွားရေး

ဆန်နဲ့စားသုံးဆီ သတ်မှတ်ဈေးထက် တင်ရောင်းရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မဲခေါင် 29 Aug - 2023
စစ်ကောင်စီက အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ စားအုန်းဆီဈေးတွေကို ပေါက်ဈေးထက် လျော့ချရောင်းချဖို့နဲ့ လက်လီရောင်းချသူတွေကို အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ရောင်းချခိုင်းပြီး လိုက်နာမှုမရှိပါက အရေးယူမယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၂၉

စစ်ကောင်စီက အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ စားအုန်းဆီဈေးတွေကို ပေါက်ဈေးထက် လျော့ချရောင်းချဖို့နဲ့ လက်လီရောင်းချသူတွေကို အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ရောင်းချခိုင်းပြီး လိုက်နာမှုမရှိပါက အရေးယူမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အသင်းတာဝန်ရှိသူတွေနဲ့ ဆန်ဒိုင်တာဝန်ရှိသူတွေက ဆန်ကုန်သည်တွေ ထုတ်ပြန်ချက်ကို လိုက်နာရမယ်လို့တင်းကြပ်နေပြီး၊ ဆီလုပ်ငန်းရှင်များကလည်း သတ်မှတ်ဈေးနှုန်းတွေကို တင်းကြပ်စွာထုတ်ပြန်ထားတယ်လို့ ကုန်သည်များထံကသိရပါတယ်။

“သတ်မှတ်ဈေးထက် ပိုရောင်းရင်အရေးယူမယ်ဆိုတော့ ဆန်ဈေးက သူတို့ရဲ့ မူဝါဒ၊ အခြားငွေဈေး အပြောင်းအလဲတွေကြောင့် အတက်ဈေးတွေနဲ့ ဖြစ်နေတာ၊ အခု လျော့ချရောင်းရမယ်ဆိုတော့၊ ဆန်ဈေးကွက်တောင် မဖွင့်ရဲဘူး၊ ရွှေတို့ ဒေါ်လာတို့လိုဖြစ်နေပြီ၊ ဖြစ်နေတာကို ဆန်းစစ်မှုမရှိဘဲ၊ လုပ်ရင်မှောင်ခိုဈေးကွက်ဖြစ်လာမယ်။ ကုန်သည်က ကိုက်အောင်ရောင်းတဲ့အခါမှာ စားသုံးသူက ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားသုံးရမယ်၊ အရောတွေ ဖြစ်လာမယ်၊ အရည်သွေးပိုင်းတွေ ညံ့လာမယ်” လို့ ဆန်လက်လီ၊ လက်ကားရောင်းချသူ ကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလိုမြေပြင်အခြေနေနဲ့ ကွဲလွဲချက်ဖြစ်နေတယ်တဲ့ သတ်မှတ်ချက်တွေကို ဩဂုတ်လ ၂၃ ရက်နေ့ကစစ်ကောင်စီ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေး အပြီးမှာ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ သတ်မှတ် လက်ကားဈေးမှာ ရွှေဘိုပေါ်ဆန်း ၁ အိတ် ၁၂၅၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ကျွဲ ၁ အိတ် ၉၅၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၇၂၀၀၀၀ ကျပ် ဖြစ်ပါတယ်။

ဆန်လက်လီ ရောင်းချရာမှာ ရွှေဘိုပေါ်ဆန်း ၁ အိတ် အမြင့်ဆုံး ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ် ၁၂၀၀၀၀ ကျပ်နဲ့ ဆန်ကြမ်း ၁ အိတ် ၈၀၀၀၀ ကျပ်ထက် ဈေးတင်မရောင်းရဘူးလို့ အစည်းအဝေးမှာ သတ်မှတ်ကြောင်း တက်ရောက်ခဲ့သူ ကုန်သည်တစ်ဦးက ပြောပါတယ်။

ဆန်ကုန်စည်ဒိုင်တွေမှာ လက်ကား ရောင်းချနေတဲ့ ကုန်သည်၊ ပွဲစားတွေက သတ်မှတ်ဈေးနဲ့ ရောင်းချနေပေမယ့် တွက်ခြေကိုက်ရန် အရည်အသွေးနိမ့်တဲ့ ဆန်များကိုသာ ရောင်းချကာ ဆန်အကောင်းနဲ့ အကျိုးအကြေ ပါတဲ့ ဆန်ကြမ်းတွေနဲ့ ရောနှော ရောင်းချတာတွေ ရှိတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

စားအုံးဆီးဈေးမှာလည်း ရန်ကုန်အထိုင် စားအုန်းဆီအခြေခံရည်ညွန်းလက်ကားဈေးအဖြစ် တစ်ပိဿာ ၄၁၅၅ ကျပ်လို့ သတ်မှတ်ထားပြီးလက်ရှိ လက်လီဈေးကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀,၀၀၀ အထက်မှာ ရှိနေတယ်လို့ ဈေးကွက်အတွင်းသတင်းတွေအရသိရပါတယ်။

ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုအတွက် သုံးစွဲရတဲ့ နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို အစိုးရထောက်ပံ့ဈေးနဲ့ သွင်းကုန်သမားတွေကို ရောင်းပေးနေပေမယ့် လက်လီဈေးကွက်မှ စားအုန်းဆီတပိဿာ ၁ သောင်းကျပ် ဖြစ်နေခြင်းက နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတယ်လို့ ရင်းနှီး/စီးပွား (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားထားပါတယ်။

အခြေခံ စားသောက်ကုန်များ အပါအဝင် ဆန်၊ ဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် ဟုဆိုကာ စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်း လုပ်ဆောင်သွားမယ်လို့ ဩဂုတ်လ ၁ ရက်တွင် ကြေညာခဲ့ပါတယ်။

MK-006

#MeKongNews

#ဆန်ဈေး

#ဆီဈေး

#စစ်ကောင်စီ

#ဈေးတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now