စီးပွားရေး

စားသုံးဆီ တစ်ပိဿာ ကျပ် ၆,၀၀၀ ဝန်းကျင်အထိ ဈေးပြန်ကျစဉ် စစ်ကောင်စီက ရည်ညွှန်းဈေးတိုးမြှင်လို့ ကုန်သည်တွေ ဝေဖန်

မဲခေါင် 16 Nov - 2022
လက်လီ ဈေးကွက်အတွင်း စားသုံးဆီ တစ်ပိဿာ ကျပ် ၆,၀၀၀ ကျော်ဝန်းကျင် အထိ ပြန်ကျနေစဉ်မှာ စစ်ကောင်စီ လက်အောက်ခံ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို တစ်ပိဿာ ၄၃၅၀ ကျပ်သို့ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ပြင်ပ လက်လီဈေးကွက်မှာ စားသုံးဆီဈေး ကျဆင်းနေစဉ် စားသုံးဆီကော်မတီက နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို တစ်ပိဿာ ၄၃၅၀ ကျပ် သတ်မှတ်လိုက်တာဖြစ်ပြီး ယခင် ရည်ညွှန်းဈေး ၄,၃၃၀ ကျပ်ထက် ထပ်မံ မြင့်တက် သတ်မှတ်တာကြောင့် ဆီကုန်သည်တွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

ဆီက နိုဝင်ဘာလ အစမှာ ဈေးတွေတက်ပြီး ပြန်ကျတာ ၂ ပတ်လောက်ပဲ ရှိသေးတယ်။ ကမ္ဘာဈေး ကျလို့ ကျသွားတာ။ လောလောဆယ်တော့ ဈေးကွက်ထဲ ၆,၀၀၀ ဝန်းကျင်ပဲ ရှိတော့တယ်။ ရည်ညွှန်းဈေးတိုးပြီး သတ်မှတ်လိုက်တာပေါ့။ ဆီကရှိပြီး ဝယ်သူက မရှိတာ ရောင်းအားကျတာ။ အရင်တုန်းကတော့ ဝယ်ဖို့ခက်တဲ့ အနေအထား။ ဆီဈေးက အရမ်း ထပ်မတက်နိုင် လောက်တော့ဘူး

လို့ ဆီလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ သတ်မှတ်တဲ့ ရည်ညွှန်းဈေးဟာ ဗဟိုဘဏ်က ဒေါ်လာ အခြေနေပေါ် မူတည် တွက်ချက် ထိန်းချုပ် သတ်မှတ်တာဖြစ်ပြီး ပြင်ပပေါက်ဈေး ကျဆင်းချိန် ရည်ညွှန်းဈေး တိုးမြှင့် သတ်မှတ်မှုကြောင့် ဆီကုန်သည်များကြား ဝေဖန်မှုတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

လက်ရှိ ပြင်ပဈေးကွက်မှာ စားသုံးဆီ တစ်ပိဿာ ၆,၀၇၀ မှ ၆,၃၀၀ ကျပ် ဝန်းကျင် ဖြစ်နေပြီး ယခင် တစ်ပတ် ဈေးနှုန်းထက် အနည်းငယ် ထပ်မံကျဆင်းတာဖြစ်ကာ သယ်ယူပို့ဆောင်ရေး စရိတ်၊ အလုပ်သမားခ ကုန်ကျမှုတွေကြောင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ထိုင်းနိုင်ငံက ပြောင်းတင်သွင်းခွင့် အခွန်ကင်းလွတ်ထားပေမယ့် ကုန်သည်တွေ တက်ဈေးစောင့်နေ

ထိုင်းနိုင်ငံက ပြောင်းကို အခွန်ကင်းမဲ့အနေနဲ့ တင်သွင်းခွင့်ပြုနေပေမယ့် ပြည်တွင်းက ပြောင်းကုန်သည်တွေအနေနဲ့ စရိတ်များပြီး မျှော်မှန်းဈေး မရောက်သေးတဲ့အတွက် ဈေးမြင့်ပေးလာမှာကို စောင့်နေကြတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးနီးပေမယ့် ဖရဲဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအားနည်းနေ

ဖေဖော်ဝါရီ ၁၀ ရက် မှာ ရောက်ရှိမယ့် တရုတ်နှစ်သစ်ကူးနေ့နီးလာပေမယ့် ဖရဲသီးဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအား နည်းနေတယ်လို့ မိုင်းလားဖရဲဈေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

ထိုင်းဘက်က ပြောင်းအဝယ်လိုက်ပေမယ့် အခွန်တွေကြောင့် တောင်သူတွေ ငွေပေါ်သာရောင်းချ

ထိုင်းနိုင်ငံက ပြောင်းအဝယ်လိုက်လာသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်သို့ ပြောင်းများ ပေးပို့နိုင်သော်လည်း ပေးဆောင်ရတဲ့အခွန် ၃ ထပ်ကြောင့် အမြတ်မရှိဘဲ ငွေပေါ်ရောင်းချရတဲ့ အနေအထား ဖြစ်တယ်လို့ တောင်သူများထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now