စီးပွားရေး

ငွေစက္ကူသစ်ဂယက် ဆေးဝါးဈေးတွေ မြင့်တက်ပြီး ကုမ္ပဏီတချို့ အရောင်းပိတ်

မဲခေါင် 27 Jul - 2023
မဲခေါင်၊ ဇူလိူင် ၂၇ နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာအပြီးမှာ အိမ်သုံးဆေးဝါး ကုမ္ပဏီတချို့ အရောင်းပိတ်လိုက်တာကြောင့် လက်ကျန်ဆေးဝါးများ ဈေးနှုန်းမြင့်တက်မှုရှိနေတယ်လို့ ဈေးကွက်အတွင်းစုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ ဇူလိူင် ၂၇

နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာအပြီးမှာ အိမ်သုံးဆေးဝါး ကုမ္ပဏီတချို့ အရောင်းပိတ်လိုက်တာကြောင့် လက်ကျန်ဆေးဝါးများ ဈေးနှုန်းမြင့်တက်မှုရှိနေတယ်လို့ ဈေးကွက်အတွင်းစုံစမ်းသိရှိရပါတယ်။

ဒေါ်လာငွေလဲနှုန်းများမြင့်တက်မှုကြောင့် ဆေးကုမ္ပဏီတွေက ဈေးကွက်လိုအပ်ချက်အတိုင်း ပစ္စည်းရောင်းချပေးခြင်းမရှိတဲ့အတွက် ဆေးဝါးဈေးနှုန်းများ မြင့်တက်လျက်ရှိနေတဲ့အပြင် အခုထပ်မံပြီး ငွေစက္ကူထုတ်မယ့်ကြေညာချက်ကြောင့် အရောင်းပိတ်လိုက်တဲ့အတွက် ဈေးနှုန်းများမြင့်တက်နေရတယ်လို့ မင်္ဂလာဈေးရှိ ဆေးဝါးလက်ကားဒိုင်တွေဆီက သိရပါတယ်။

“နှစ်သောင်းတန်ထွက်မယ်လို့သတင်း ထွက်လိုက်ကတည်းက ပစ္စည်းလုံးဝ မချပေးတော့ဘူး၊ လက်ကျန်ဘဲရောင်းရတော့ ကိုယ်ပြန်ဝယ်ရင် ဘယ်ဈေးနှုန်းတွေနဲ့ဝယ်ရမလည်းမသိတော့ ဈေးကတက်ရောင်းနေရတယ်။ အောက်လမ်းဆေးကလည်း တအားအဖမ်းဆီးတွေများနေတော့ မဝင်ဘူး၊ ဝယ်ယူသူတွေဈေးမြင့်တက်ပြီးသောက်နေရတာပေါ့” လို့ အမည်မဖော်လိုသူ ဆေးဝါးလက်ကားရောင်းချသူ တစ်ဦးကပြောပါတယ်။

နာတာရှည်သောက်ဆေးဝါးနဲ့ ၊ ချောင်းဆိုး၊နှာဆေး၊ အဖျားပျောက်ဆေးများမှာ ထုတ်လုပ်တဲ့နိုင်ငံအလိုက် ၅၀၀ ကျပ်မှ သောင်းကဏန်းအထိ ဈေးနှုန်းများမြင့်တက်မှုရှိတယ်လို့ သိရပါတယ်။

အိမ်သုံးဆေးဝါးတွေဖြစ်တဲ့ ဒီကိုဂျင်မှာပြီးခဲ့တဲ့လကုန်ပိုင်းထိ ၁၀ ကဒ်ပါတစ်ဘူးကို ၁၄၅၀၀ ကျော်သာရှိပြီး အခု၂၀၀၀၀ ဖြစ်ပြီး ဒီကိုဂျင် ကဒ် ၅၀ ပါတစ်ဘူးကိုအရင်က ၃၈၀၀၀ ကျပ်ဖြစ်ပြီး ၊ လက်ရှိမှာ တော့ ၆၀၀၀၀ အထိဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

“ ထိုင်းဘက်ကဝင်တဲ့ ဆေးတွေကလည်း အဖမ်းအဆီးကများ ဂိတ်စစ်ဆေးတာတွေများနေတယ်၊ မဝင်ဘူး ကုမ္မဏီအားလုံးရဲ့ ၃ ချိူး ၂ ချိူး အရောင်းပိတ်လိုက်တော့ တော်တော်လေးအခက်ခဲဖြစ်တယ် ဝယ်သူကလည်း အရင်လို ဂယက်နည်းနည်းထရင် အရမ်းဝယ်တာမျိူးမရှိဘူး” လို့ ဗိုလ်ချူပ်ဈေးသစ်ရှိ ဆေးဝါးလက်ကားရောင်းချတဲ့ သူတစ်ဦးကပြောပါတယ်။

“ ဆေးဈေးတွေကတက်နေတယ်၊ နှလုံးသွေတိုးဆီးချိူရှိနေတော့ဆေးကမသောက်လို့မရဘူး ဒါပေမယ့် ကုန်ဈေးနှုန်းကတက် စားဝတ်နေရေးတောင်ကြပ်တည်းနေတာ၊ရောဂါရဲ့ ပုံမှန်သောက်ရမယ့်အတိုင်းမသောက်နိုင်တော့ဘူး ၊ တစ်ရက်ခြားတစ်ခါသောက်နေကတယ်၊ ပြည်သူတွေမျက်နှာ ကိုကြည့်ပါလို့ဘဲပြောချင်တယ်” လို့ သုဝဏ္ဏမြို့နယ်အတွင်းနေထိုင်သူ အမည်လွဲ မစန်းစန်းမြင့်ကပြောပါတယ်။

လူသုံးဆေးဝါးရောင်းချရန် ကုမ္ပဏီအသစ်များ လျှောက်ထားမှုကို စစ်ကောင်စီဘက်မှ လက်မခံဘဲ ၅ နှစ်စောင့်ဆိုင်းရန် ပြန်လည်ပြောဆိုထားကြောင်းနဲ့ ပြည်ပမှ တင်ပို့မှုကို ရပ်ဆိုင်းထားတာတွေကြောင့် လူသုံးဆေးဝါးနဲ့ နိုင်ငံခြားတင်ပို့ကုန်ပစ္စည်းများဈေးမြင့်တက်မှုရှိနေတယ်လို့ သိရပါတယ်။

MK-006

#MeKongNews

#ဆေးဝါး

#စစ်ကောင်စီ

#နှစ်သောင်းတန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now