စစ်ရေးသတင်း

အဓမ္မ စုဆောင်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ဖြင့် အလင်းဝင်

မဲခေါင် 24 Mar - 2025
အဓမ္မ စုဆောင်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ဖြင့် အလင်းဝင်

အဓမ္မ စုဆောင်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ဖြင့် အလင်းဝင်

မဲခေါင်၊ မတ် ၂၄

တိုက်ပွဲပြင်းထန်နေသည့် ကရင်နီနယ်စပ် မိုးဗြဲမြို့ ရှိ ခမရ ၄၂၂ တွင် လာရောက် အင်အားဖြည့်တွဲဘက်ထားသည့် ဗထူးအခြေစိုက် ခမရ – ၅၀၈မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ မတ်လ ၂၃ရက်နေ့တွင် အလင်းဝင်ရောက်လာကြောင်းအမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲမှ သတင်းထုတ်ပြန်သည်။

ယင်းတပ်သားသည် စစ်မှုထမ်းဥပဒေအရ အတင်းစုဆောင်းခံရသူဖြစ်ပြီး စစ်ကောင်စီ၏ မတရားစေခိုင်းမှုကို မခံစားနိုင်သောကြောင့် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးဗြဲ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြားလျက်ရှိကြောင်းကိုလည်း ထိုတပ်သား၏ ပြောကြားချက်အရထပ်မံသိရသည်ဟု ဆိုသည်။

အလင်းဝင်တပ်သားကို တပ်ရင်းမှ ဆုငွေပေးအပ်ပြီးနောက် ဘေးကင်းလုံခြုံသည့် ထိန်သိမ်းရေးဌာနသို့ လွှဲပြောင်းရန်စီစဥ်လျက်ရှိသည်ဟု သိရသည်။

“တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ စစ်ရေးလိုအပ်ချက်များစွာရှိနေတဲ့အတွက် တော်လှန်ပြည်သူများအနေဖြင့်လည်း ကျွန်တော်တို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ကို တတ်နိုင်သလောက် ထောက်ပို့ကူညီ‌ပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ်”ဟု မိုးဗြဲ ၁၀၀၁ PDFတပ်ရင်းပြန်ကြားရေးမှ ပြောသည်။

ရှမ်းတောင်စစ်‌ဒေသခွဲ၊ အမှတ်(၁)ဗျူဟာမှလည်း ပြည်သူ့ဘက်တော်သား အဖြစ် ခံယူချင်သည့် ရဲဘော်များရှိခဲ့ပါက မြေပြင်မှာရှိသည့် တပ်ရင်းတပ်ဖွဲ့များထံဆက်သွယ်ပြီး ပူးပေါင်းပါဝင်ပေးကြရန် ဆက်လက်ဖိတ်ခေါ်နေပြီး ပူးပေါင်းလာသည့် တပ်သားကိုလည်း ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ်(၁)ဗျူဟာ မှ လုံခြုံစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်သည်။

မိုးဗြဲတွင် တော်လှန်အင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး၊ လက်နက် ၉ လက် နှင့်ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း ရှမ်း‌တာင်စစ်ဒေသခွဲ အမှတ် ၁ ဗျူဟာက မတ်လ၁၅ရက်က ထုတ်ပြန်ထားသည်။

မဟာ
Photo – Mobye PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now