စစ်ရေးသတင်း

မအောင်မြင်သည့် ဆွေးနွေးပွဲအပြီး နောင်ချိုမြို့နယ်ကို ဒုတိယအကြိမ် စစ်ကောင်စီထပ်မံဗုံးကြဲ ဒေသခံ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မဲခေါင် 21 Feb - 2025
မအောင်မြင်သည့် ဆွေးနွေးပွဲအပြီး နောင်ချိုမြို့နယ်ကို ဒုတိယအကြိမ် စစ်ကောင်စီထပ်မံဗုံးကြဲ ဒေသခံ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မအောင်မြင်သည့် ဆွေးနွေးပွဲအပြီး နောင်ချိုမြို့နယ်ကို ဒုတိယအကြိမ် စစ်ကောင်စီထပ်မံဗုံးကြဲ ဒေသခံ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

တရုတ်နိုင်ငံ၌ပြုလုပ်သည့် တအာင်းတပ်(TNLA)နှင့် စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး မအောင်မြင်သည့် ဆွေးနွေးအပြီးတွင် စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ယမန်နေ့ညက ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲရာတွင် ဒေသခံတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် တစ်ကြိမ်၊ ၈ နာရီ ၄၅ မိနစ်ခန့်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးကြဲခဲ့ရာ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာထဲကိုကျရောက်ကာ ဒေသခံသက်ကြီးရွယ်အိုတစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကပြောသည်။

ဗုံးကြဲခံရသည့် လောက်ဖန်းကျေးရွာသည် TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားတာမျိုးမရှိဟု ဒေသခံကပြောသည်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမတိုင်ခင် တစ်ရက်အလို ယခုလ ၁၅ ရက်ကတစ်ကြိမ် နောင်ချိုမြို့နယ်ကိုဗုံးကြဲခဲ့သလို ဆွေးနွေးပွဲအပြီး ယခုဖြစ်စဉ်အပါအတင် နှစ်ကြိမ် ဗုံးကြဲခဲ့သည်။

ဆွေးနွေးပွဲအပြီး ပထမအကြိမ်အဖြစ် ယခုလ ၁၉ ရက်ညပိုင်း ၈ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်နှင့် နောင်ချိုပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။

ဆွေးနွေးပွဲမတိုင်ခင် ယခုလ ၁၅ ရက်တွင် နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂)၊ခမရ (၄၀၆)၊တပ်ရင်း (၃၅၄)ဘက်မှ လက်နက်ကြီးအလုံးရေ ၁၃၇ လုံး နောင်ချိုမြို့ထဲပစ်ခတ်ခဲ့ကာ လေယာဉ်ဖြင့် ဗုံးသီး ၃၈ လုံးကြဲချခဲ့ရာ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာများသို့ ကျရောက်ခဲ့သည်။

ယခုလ ၆ ရက်တွင်လည်း ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သပြေရေရပ်ကွက်/သပြေရေကျေးရွာထဲရှိ သံသရာအေးဘိုးဘွားရိပ်သာနှင့်စေတီကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလ ၆ ရက်မှ ယနေ့(ဖေဖေါ်ဝါရီ ၂၁) အထိ ၁၅ ရက်အတွင်းနောင်ချိုမြို့ကိုလေကြောင်းတိုက်ခိုက်မှု လေး ကြိမ်ပြုလုပ်ခဲ့ရာတွင် လေးဦးထက်မနည်းသေဆုံးကာ ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

“ အဓိက အနေနဲ့ မနိုင်နိုင်ရာမဲတာပေါ့၊ စစ်ကောင်စီတပ်ဟာ နေရာတိုင်းမှာစစ်ရှုံးနေတယ်၊ သူတို့လုပ်နိုင်တာသည် အရပ်သားတွေအပေါ် လေကြောင်းဗုံးကြဲတာပဲရှိတယ်၊ တမင်သက်သက် သူတို့ရှုံးနိမ့်မှုကိုကာဗာ(ဖုံးကွယ်)လုပ်ဖို့အတွက် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်” ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ပြောခွင့်ပုဂ္ဂိုလ်က မဲခေါင်ကိုပြောသည်။

ဇန်နဝါရီလ စတုတ္ထသီတင်းပတ် တစ်ပတ်အတွင်း TNLA ထိန်းချုပ်ဒေသ ကျောက်မဲနှင့် နောင်ချိုကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦးထက်မနည်းသေဆုံးကာ ၂၀ ထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ဂနိုက်
#MeKongNews

ပုံစာ။ ။ ယမန်နေ့ ညပိုင်းဗုံးကြဲခံရသည့် နောင်ချိုမြို့ နယ်၊ လောက်ဖန်းရွာ အပျက်အစီးမြင်ကွင်း
ဓါတ်ပုံ။ ။ သိန်းအောင်၊ ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now