S.O.F အဖွဲ့ သင်တန်းသား ၂၅၀ စစ်သင်တန်းဆင်း (Photo News)
မဲခေါင်၊ ဖေဖော်ဝါရီ ၅
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သည့် အထူးစစ်ဆင်ရေးအဖွဲ့- S.O.F အပတ်စဥ် ၇ စစ်သင်တန်းဆင်းပွဲအား ဇန်နဝါရီ ၃၁ က ကရင်ပြည်နယ် လွတ်မြောက်နေရာ၌ ကျင်းပခဲ့သည်။
စစ်သင်တန်း အပတ်စဥ် ၇ တွင် တက်ရောက်သည့် သင်တန်းသား ၂၅၀ ရှိပြီး အားလုံးသင်တန်းဆင်းနိုင်သည်ဟု ဆိုသည်။ ထိုသင်တန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နည်းပြများ၊ SOF သင်တန်းနည်းပြများ၊ US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား) များက နည်းစနစ်ပိုင်းနှင့် ပစ်ခတ်မှုသင်တန်းများအား လေ့ကျင့်ပေးခဲ့သည်ဟု ဆိုသည်။
သင်တန်းဆင်း ရဲဘော်များသည် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် အထူးစစ်ဆင်ရေးတာဝန်များ ထမ်းဆောင်သွားရမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် စစ်ရေးအရှိန်မြှင့်ရန် အထူးတပ်ဖွဲ့ (တပ်ရင်း) များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပါဝင်လိုသော လူငယ်/လူရွယ်၊ အမျိုးသား/အမျိုးသမီးများအား အပတ်စဥ် (၈) အတွက် သင်တန်းသားများ လက်ခံနေပြီဖြစ်သည်။
#MeKongNews
Photos – SOF









