စစ်ရေးသတင်း

ဇန်နဝါရီ တစ်လမပြည့်ခင်မှာပင် စစ်ကောင်စီလက်ချက်ကြောင့် တအာင်းဒေသတွင်းမှာ အရပ်သားနဲ့ CDM ဝန်ထမ်း ငါးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ

မဲခေါင် 27 Jan - 2025
ဇန်နဝါရီ တစ်လမပြည့်ခင်မှာပင် စစ်ကောင်စီလက်ချက်ကြောင့် တအာင်းဒေသတွင်းမှာ အရပ်သားနဲ့ CDM ဝန်ထမ်း ငါးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ

ဇန်နဝါရီ တစ်လမပြည့်ခင်မှာပင် စစ်ကောင်စီလက်ချက်ကြောင့် တအာင်းဒေသတွင်းမှာ အရပ်သားနဲ့ CDM ဝန်ထမ်း ငါးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၂၇

လွန်ခဲ့တဲ့ ၂ ရက်က ကျောက်မဲဆေးရုံကို ဗုံးကြဲတဲ့ ဖြစ်စဉ်အပါအဝင် ဇန်နဝါရီ တစ်လမပြည့်ခင်မှာပင် တအာင်းဒေသကို စစ်ကောင်စီ ဗုံးကြဲခဲ့တာကြောင့် CDM ဝန်ထမ်းအပါအဝင် အရပ်သား ငါးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်၊ ဇန်နဝါရီ ၂၅ ရက်က ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးလေးလုံးကြဲတဲ့ဖြစ်စဉ်မှာ ဆေးကုသရေး CDM အမျိုးသမီးဝန်ထမ်း နှစ်ဦးနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦးသေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ CDM ဝန်ထမ်းအပါအဝင် ဆေးကုသမှုခံယူနေတဲ့ လူနာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရကာ ဆေးရုံအဆောက်အအုံလည်းပျက်စီးသွားတယ်လို့ TNLA က မနေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေး ကူညီပေးကြဖို့နဲ့ အဲ့ဒီလုပ်ရပ်ဟာနိုင်ငံတကာနည်းဥပဒေအရ လူ့အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်ပြီး စစ်ပွဲတွေဖြစ်နေရင်တောင်မှ ဆေးရုံ၊ စာသင်ခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်လို့မရဘူးလို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောပါတယ်။

“စစ်အုပ်စုကပြည်သူကို ပိုပိုပြီးရန်ပြုနေတယ်ဆိုတာ ပေါ်လွင်စေပါတယ်၊ အပြင်းအထန်ရှုံ့ချပါတယ်၊ ဒီကိစ္စမှာတာဝန်ရှိတဲ့သူတွေကို ဥပဒေရှေ့မှောက်ကို တရားစီရင်နိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်” ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောပါတယ်။

ပြည်သူကို စစ်ရေးပစ်မှတ်ထားကာ တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အမြန် အဆုံးသတ်နိုင်ရေးနဲ့ပြည်သူထိခိုက်မှုကို ပိုမိုအလေးပေးကူညီသင့်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကိုပြောပါတယ်။

“ဆေးရုံကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတာ ပြည်သူကိုတိုက်ရိုက် လူသားမဆန်စွာ တိုက်ခိုက်တဲ့ နည်းလမ်းပါပဲ” လို့ သူကပြောပါတယ်။

ကျောက်မဲပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တအောင်းပြည် ကျန်းမာရေးကောင်စီ၊ ကျန်းမာရေးမိသားစု- မန္တလေးတို့ကနေ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့ခဲ့ကြပြီး အရပ်သားပြည်သူတွေထိခိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းနဲ့ အာဏာရှင်စနစ်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသီးသီးရေးသားဖော်ပြထားပါတယ်။

တအာင်းဒေသတွင်းမှာ အခုလအတွင်း စစ်ကောင်စီ ဗုံးကြဲတာကြောင့် CDM ဝန်ထမ်းအပါအဝင် အရပ်သား ငါးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရကြောင်းနဲ့ ကျောက်မဲဆေးရုံကိုဗုံးကြဲတဲ့ဖြစ်စဉ်မှာ သုံးဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရတယ်သာဖေါ်ပြထားပြီး နှစ်ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရတဲ့ဖြစ်စဉ်ကို ထည့်သွင်းဖေါ်ပြမထားသလို မဲခေါင်ကဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်မဖြေကြားပါဘူး။

စစ်ကောင်စီက ကျောက်မဲမြို့ကို ဗုံးကြဲတဲ့ ဇန်နဝါရီ၂၅ ရက်ဖြစ်စဉ်ဟာ လေးကြိမ်မြောက်ဖြစ်ပြီး ဇန်နဝါရီ ပထမပတ်ထဲမှာ အေးရှားဝေါ စက်ရုံအနီးကို တတိယအကြိမ်အဖြစ်ဗုံးကြဲခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၃၀ ၊ ညနေ ၆ နာရီခွဲဝန်းကျင်က ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကိုဗုံးကြဲခဲ့တာကြောင့် အောင်ဆုပန်ကျောင်းတိုက်မှ ကိုရင်တစ်ပါးနဲ့ဒေသခံခြောက်ဦး နေရာတွင်ပင် သေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူ ၁၂ ဦးရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှ ဆေးရုံးအရောက် နှစ်ဦးသေဆုံးခဲ့ပါတယ်၊ ပြင်းထန်ဒဏ်ရာနဲ့ဆေးရုံးမှာ ဆေးကုသမှုခံယူနေတဲ့ ဦးအိုက်စံမှာ ဒီဇင်ဘာ ၅ ရက်မှာ ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ကိုးဦးအထိရှိလာခဲ့ပါတယ်။ ဗုံးထိမှန်ပြီးအိမ် ၂၀ အဆိုးရွားဆုံးထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး အပေါ်ပိုင်းထိခိုက်ပျက်စီးခဲ့တဲ့နေအိမ် ၂၈ လုံးရှိခဲ့တယ်လို့သိရပါတယ်။

ပထမအကြိမ်အဖြစ် ၂၀၂၄ခုနှစ်၊ ဇွန် ၃၀၊ ည ၁၂ နာရီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တုန်းကလည်း အမျိုးသမီးတစ်ဦးသေဆုံးကာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၂၀ ခန့်ပျက်စီးပြီး ဆီဆိုင်တစ်ဆိုင်မီးလောင်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ လူနေအိမ်နဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဝန်ထမ်းနဲ့အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးစေတာ၊ အစုလိုက်အပြုံလိုက်ဒဏ်ရာရရှိစေတာတွေဟာ နိုင်ငံတကာက တားမြစ်ထားတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်သလို လူ့အခွင့်အရေးကိုချိုးဖေါက်နေတာဖြစ်တယ်လို့ TNLA က ထုတ်ပြန်စာမှာဖေါ်ပြပါတယ်။

MK – 016
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now