စစ်ရေးသတင်း

နယ်မြေအငြင်းပွားနေတဲ့ TNLA နဲ့ KIA သင့်မြတ်စွာနဲ့ ဘုံရန်သူကို အဆုံးတိုင်တိုက်ထုတ်ဖို့ ဒေသခံတွေလိုလား

မဲခေါင် 15 Jan - 2025
နယ်မြေအငြင်းပွားနေတဲ့ TNLA နဲ့ KIA သင့်မြတ်စွာနဲ့ ဘုံရန်သူကို အဆုံးတိုင်တိုက်ထုတ်ဖို့ ဒေသခံတွေလိုလား

နယ်မြေအငြင်းပွားနေတဲ့ TNLA နဲ့ KIA သင့်မြတ်စွာနဲ့ ဘုံရန်သူကို အဆုံးတိုင်တိုက်ထုတ်ဖို့ ဒေသခံတွေလိုလား

မဲခေါင်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ နယ်မြေအငြင်းပွားနေကြတဲ့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အနေနဲ့ သင့်သင့် မြတ်မြတ် စည်းစည်း လုံးလုံးနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အဆုံးတိုင်တိုက်ထုတ်သွားဖို့ ဒေသခံတွေကလိုလားကြပါတယ်။

TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ သတ္ထုတွင်းတစ်ဝိုက်နဲ့ နမ္မတူမြို့အနီးဝန်းကျင်မှာ KIA တပ်တွေကလည်း တပ်ချလှုပ်ရှားနေတာကြောင့် မကြာခဏဆိုသလို ပွတ်တိုက်မှုအချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA နဲ့ KIA နယ်မြေအငြင်းပွားမှုဟာ နှစ်ဖက်ပစ်ခက်တာမျိုးထိ ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ဒေသခံတွေက ယူဆကာ စစ်ကောင်စီကလွဲရင် တိုင်းရင်းသားတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့သင့်မြတ်မှုကို ဒေသခံပြည်သူအားလုံးက လိုလားနေကြတာပါ။

“ စစ်ကောင်စီကိုတိုက်ထုတ်နိုင်ရင် ကျန်တာ အကုန်လုံးက သွေးချင်းမောင်နှမတွေလို့ထင်ထားတာ၊ အခုလို အငြင်းပွားတာမျိုးတွေကိုတော့ မဖြစ်စေချင်ဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို နယ်မြေအငြင်းပွားမှုပြဿနာတွေကို နမ္မတူမြို့နေ ကချင်တိုင်းရင်းသားဒေသခံတွေကလည်း မလိုလားကြသလို ကချင်နဲ့ တအာင်းပလောင် တိုင်းရင်းသားအချင်းချင်းကြား ပဋိပက္ခဖြစ်ပွားတာမျိုးမလိုလားဘူးလို့ မြို့နေကချင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီကိုတိုက်ထုတ်ပြီး တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ်ကို သွားနေတဲ့အချိန်မှာ TNLA အနေနဲ့ တိုင်းရင်းသားအချင်းချင်း နားလည်မှုရှိရှိနဲ့ ဒေသခံတိုင်းရင်းသားတွေကို တန်းတူညီမျှအုပ်ချုပ်စေချင်တယ်လို့ဆိုပါတယ်။

နမ္မတူမြို့ကို TNLA က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ကမ္ဘာကျော်သတ္ထုတွင်းကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒိဒေသရဲ့ လက်ရှိအခြေအနေဟာ TNLA ၊ KIA ၊ PDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအခြေချလှုပ်ရှားလျက်ရှိသလို မြို့ပြင်ရှမ်းရွာတွေမှာ SSPP ကလှုပ်ရှား နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အများစု အခြေချတည်ရှိနေပြီး စစ်ရေးလှုပ်ရှားမှု ရှုပ်ထွေးတဲ့ မြို့ဖြစ်ပါတယ်။

အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေဆောင်ရွက်နေတဲ့ နမ္မတူမြို့အတွင်းကို KIA တပ်ဖွဲ့တွေ စစ်ဝတ်စုံနဲ့လက်နက်ကိုင်ဆောင်ဝင်ရောက်တာမျိုး၊ မြို့တွင်း ဝင်ရောက်ကာ အခွန်အခကောက်ခံတာမျိုးတွေကို TNLA ကလုံးဝခွင့်မပြုထားပဲ ပိတ်ဆို့ဖမ်းဆီးတာတွေရှိနေပါတယ်။

ဝန်ထမ်းအများစုနေထိုင်တဲ့ နမ္မတူမြို့မှာ စက်ရုံတွေပြန်လည် လည်ပတ်နိုင်တာမျိုးမရှိသေးတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးတာ၊ စျေးရောင်းချတာနဲ့ ဘော်တွင်းမှာ တနိုင်တပိုင်သတ္ထုတူးဖော်တဲ့ လုပ်ငန်းတွေလုပ်ကိုင်စားသောက်နေကြရပြီး ပင်စင်စား သက်ကြီးရွယ်အိုတွေကိုတော့ TNLA က နှစ်လတစ်ခါ ပုံမှန်ပင်စင်ငွေကြေးထောက်ပံ့တာတွေ ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ နမ္မတူမြို့တွင်း တအာင်း၊ ရှမ်း၊ ဗမာ၊ ကချင်၊ လီဆူး အစရှိတဲ့တိုင်းရင်းသားတွေ နေထိုင်ကြပြီး တရုတ်နဲ့ အခြားလူမျိုးစုအနည်းငယ်လည်း နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

TNLA အနေနဲ့ နမ္မတူမြို့ကို အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် ဆောင်ရွက်နေပြီး တယ်လီဖုန်းလိုင်း၊ လျှပ်စစ်မီး၊ အမှိုက်သိမ်းစနစ်တွေလည်း လည်ပတ်နေသလို့ စျေးအချို့လည်း ပြန်လည်သက်ဝင်လာနေတာကို တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းအပြီး TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါနဲ့ နောင်ချို စတဲ့မြို့ (၁၂) မြို့ကို စစ်ကောင်စီလက်အတွင်းက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီမြို့တွေမှာ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့သိရပါတယ်။

CJ-017
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now