စစ်ရေးသတင်း

ကျောက်ဂူမှာ စစ်ကောင်စီနဲ့ DPLA တို့ တိုက်ပွဲ ဆက်ဖြစ်၊ ကျေးရွာအတွင်း စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်

မဲခေါင် 7 Jan - 2025
ကျောက်ဂူမှာ စစ်ကောင်စီနဲ့ DPLA တို့ တိုက်ပွဲ ဆက်ဖြစ်၊ ကျေးရွာအတွင်း စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်

ကျောက်ဂူမှာ စစ်ကောင်စီနဲ့ DPLA တို့ တိုက်ပွဲ ဆက်ဖြစ်၊ ကျေးရွာအတွင်း စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်

မဲခေါင်၊ ဇန်နဝါရီ ၇

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့​ ဒေသတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLF/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA က ဇန်နဝါရီ ၆ မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၄ ရက်မှာ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ အမှတ် (၃၄၉) အမြောက်တပ်နဲ့ ကျောက်ဂူရဲစခန်းနားတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ DPLF/DPLA တပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၅ ရက်မှာ ကျောက်ဂူဒေသ၊ အင်တောမြို့နဲ့ တောင်ထိပ်ရွာကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပွားနေတာပါ။

DPLF/DPLA ပြန်ကြားရေး တာဝန်ခံ ကိုအမောင်က “လက်ရှိကျနော်တို့ သိရသလောက်က‌တော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ စစ်ကောင်စီတွေ ထိုင်နေတာက များသောအားဖြင့် ကျနော်တို့လှုပ်ရှားရာနေရာတွေကို ပိတ်ထားတာရှိတယ်။ ဒါ့အပြင် ကျနော်တို့ လှုပ်ရှားရာ နယ်မြေအနီးတွေကို စစ်ကြောင်းထိုးတာတွေရှိတာပါပဲ” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ခဲကြားရွာနဲ့ ဖက်ကုန်းရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ နေအိမ်တွေ ပျက်စီးခဲ့ရကြောင်း DPLA ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်းကို DPLA က သိမ်းပိုက်ရရှိခဲ့ပေမယ့် နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဇန်နဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမတိုင်ခင်ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေကြောင့် တိုက်ပွဲဖြစ်ပွားတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက ကျနော်တို့တပ်ဖွဲ့နေရာအချို့ကို စစ်‌ကြောင်းထိုးလာသည်နဲ့အမျှ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဓိကတော့ ကျနော်တို့ဒေသမှာနေတဲ့ ပြည်သူ့လူထုအနေနဲ့ကတော့ တိုက်ပွဲသတင်းပိုပြီး သတိရှိဖို့ တိုက်ပွဲနဲ့ ဝေးရာမှာ စစ်ဘေးရှောင်ကြဖို့ ‌သတင်းစကား ပါးချင်ပါတယ်။ DPLF/DPLA အနေနဲ့ကတော့ လူထုကိုယ်စားပြုဖြစ်တဲ့အတွက် စစ်ကောင်စီကျဆုံးရေးနှင့် ပြည့်သူ့လူထုဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်နေတာရှိပါတယ်” လို့ ကိုအမောင် က ထပ်ပြောပါတယ်။

ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီတပ်တွေဟာ မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိ ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာနေ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အဲဒီနေ့မှာဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲလို့ ကျောက်ဂူရွာအဝင်တံတား ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကို စစ်ကောင်စီက ရပ်စောက်-ကျောက်ဂူ လမ်းအသုံးပြုပြီး စစ်ကူသွားရောက်ရာမှာ DPLA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် တော် (DPLA) ကပြောကြားထားပါတယ်။

မြေပြင်အခြေအနေတွေကို သိရှိရန် ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတဲ့ ကျောက်ဂူဒေသဟာ စစ်ကောင်စီဗိုလ်သင်တန်းကျောင်းနဲ့ တပ်စခန်းတွေ အများအပြားအခြေစိုက်ရာ ဗထူးတပ်မြို့နဲ့ မြေပြင်အဖြောင့် ၅၁ မိုင်ခန့် ကွာဝေးပါတယ်။

MK-016 – CJ 017
#MeKongNews
Photo- DPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now