စစ်ရေးသတင်း

ကရင်နီပြည်ကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် ဗုံးကြဲ

မဲခေါင် 2 Jan - 2025
ကရင်နီပြည်ကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် ဗုံးကြဲ မဲခေါင်၊ ဇန်နဝါရီ ၂ ကရင်နီပြည်ထဲက စစ်ဘေးရှောင်နေရာတွေကို ပြီးခဲ့တဲ့နှစ်ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ရာမှာ ကလေးငယ်အပါအဝင် သုံးဦးသေဆုံးတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၄ နာရီမှာ လွိုင်ကော်အရှေ့ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းအနီးနဲ့ ည ၁၁ နာရီကျော်မှာ ဒီးမော့ဆို အနောက်ဖက်ခြမ်း။ မနေ့က( ဇန်နဝါရီလ ၁) ညနေ ၅ နာရီကျော်မှာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း နှစ်နေရာကို နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။ “ဘေးပတ်ဝန်းကျင်ကို ကြဲတာမဟုတ်ဘူး၊ တည့်တည့်လိုက်ကြဲတာ၊ ရွေ့စရာနေရာလည်း မရှိတော့ဘူးပဲ၊ မတတ်နိုင်တော့ဘူး ၊ နေ့စဉ်စိုးရိမ်စိတ်နဲ့နေနေရတာ” လို့

ကရင်နီပြည်ကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် ဗုံးကြဲ

မဲခေါင်၊ ဇန်နဝါရီ ၂

ကရင်နီပြည်ထဲက စစ်ဘေးရှောင်နေရာတွေကို ပြီးခဲ့တဲ့နှစ်ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ရာမှာ ကလေးငယ်အပါအဝင် သုံးဦးသေဆုံးတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၄ နာရီမှာ လွိုင်ကော်အရှေ့ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းအနီးနဲ့ ည ၁၁ နာရီကျော်မှာ ဒီးမော့ဆို အနောက်ဖက်ခြမ်း။ မနေ့က( ဇန်နဝါရီလ ၁) ညနေ ၅ နာရီကျော်မှာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း နှစ်နေရာကို နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။

“ဘေးပတ်ဝန်းကျင်ကို ကြဲတာမဟုတ်ဘူး၊ တည့်တည့်လိုက်ကြဲတာ၊ ရွေ့စရာနေရာလည်း မရှိတော့ဘူးပဲ၊ မတတ်နိုင်တော့ဘူး ၊ နေ့စဉ်စိုးရိမ်စိတ်နဲ့နေနေရတာ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် အသက် တစ်နှစ်ကျော်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ သုံးဦးသေဆုံးခဲ့တဲ့အပြင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ ကလေးငယ်အပါအဝင် သေဆုံးသူတွေကို ဒီနေ့ နာရေးပြုလုပ်ပေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အဲ့ဒီလုပ်ရပ်အပေါ် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂- ဦးဗညားက “ သူတို့က စစ်ရဲ့အရှိန်ကိုပြချင်တာလည်းပါမယ်၊ နောက် လူထုတွေကို အကြောက်တရားရှိပြီး အမြဲတမ်းကြောက်ရွံ့နေအောင် လုပ်တဲ့ပုံစံမျိုးလို့ပြောလို့ရတယ်၊ နောက်ပြီး ၂၀၂၅ ကစစ်ရေးအရကလည်း ပြင်းထန်လာနိုင်ခြေရှိတယ်လို့ ပြောထားတာရှိသလို ကရင်နီက စစ်တပ်စခန်းတွေကို သိမ်းမယ်ဆိုတာ နည်းနည်းစီပါမယ်ထင်တယ်၊ အဲ့တာမျိုးကြောင့် သဲကြီးမဲကြီး ဗုံးလာကြဲတာဖြစ်နိုင်တယ်”လို့ မဲခေါင်ကိုပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ကရင်နီပြည်ထဲကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၈၁ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းရန်၊ လက်နက်ကြီးရန်နဲ့ ဒရုန်းရန်တို့ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၇၉ ဦးရှိကာ စစ်ဘေးရှောင်နေချိန် သေဆုံးခဲ့ရတဲ့ ပြည်သူ ၂၆ ဦးရှိတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု က ဇန်နဝါရီလ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

CJ- 004
#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now