စစ်ရေးသတင်း

မန်း PDF စစ်မျက်နှာတစ်ခု ထပ်တိုးဖို့ စစ်ကိုင်းမှာ တပ်မဟာသစ်ဖွဲ့စည်းမယ်

မဲခေါင် 1 Jan - 2025
မန်း PDF စစ်မျက်နှာတစ်ခု ထပ်တိုးဖို့ စစ်ကိုင်းမှာ တပ်မဟာသစ်ဖွဲ့စည်းမယ်

မန်း PDF စစ်မျက်နှာတစ်ခု ထပ်တိုးဖို့ စစ်ကိုင်းမှာ တပ်မဟာသစ်ဖွဲ့စည်းမယ်

မဲခေါင်၊ ဇန်နဝါရီ ၁

ရှမ်းပြည်အပါအဝင် မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ ဆက်လက်တိုက်ပွဲဝင်ဖို့နဲ့ စစ်ရေးအရှိန်မြှင့်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) Mandalay- PDF က စစ်ကိုင်းတိုင်းဘက်မှာ တပ်မဟာအသစ်ဖွဲ့စည်းသွားမယ်လို့ မဲခေါင်ကိုပြောပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက တပ်တွေကို ထုတ်နှုတ်ပြီး စစ်ရေးတွေကို စစ်ကိုင်းတိုင်းဘက်ကို ရွေ့ပြောင်းလိုက်တာမျိုးမဟုတ်ပဲ ထပ်တိုးစစ်မျက်နှာတစ်ခုအနေနဲ့ ဖွဲ့စည်းဖို့ပြင်ဆင်တာဖြစ်တယ်လို့ သိရပါတယ်။

“ အဓိကရည်ရွယ်တာကတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဟန်ချက်ညီညီချိတ်ဆက်ပြီးတော့ စစ်ဆင်ရေးတွေဖော်ဆောင်ဖို့၊ စစ်ကောင်စီကိုအထိနာစေဖို့ လုပ်ဆောင်တာဖြစ်တယ်။ လက်ရှိလှုပ်ရှားမှုတွေ၊ ရင်ဆိုင်နေတဲ့ စစ်မျက်နှာတွေမှာလည်း ဆက်ပြီးတိုက်ပွဲဝင်သွားဖို့ရှိမယ်။ ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်မြေဒေသတွေမှာ ကျွန်တော်တို့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါဗျ” လို့ Mandaly PDF ရဲ့တာဝန်ခံ ကိုအော်စမွန်က မဲခေါင်ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းမှာဖွဲ့စည်းမယ့် တပ်မဟာသစ်မှာ Mandalay PDF က ဦးဆောင်ပြီး ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ဖွဲ့စည်းဖို့အတွက် မဟာမိတ်ချိတ်ဆက်မှုတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး အတူတကွ ပူးပေါင်းမယ့် အင်အားစုတွေ၊ စစ်သည်တော်တွေကိုလည်း ကြိုဆိုကာ စစ်ကိုင်းတိုင်းမှာရှိနှင့်နေပြီးတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့လည်း စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) က ၂၀၂၄ ခုနှစ် တနှစ်တာကာလအတွင်း စစ်ကောင်စီတပ်အထိနာစေတဲ့ စစ်ဆင်ရေးတွေကို မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်ခဲ့ပြီး နယ်မြေစိုးမိုးမှုတွေလည်း ရရှိထားကာ လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

CJ-004
#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now