မူဆယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ရဟတ်ယာဉ်နဲ့ နေ့စဉ်နီးပါး သယ်ထုတ်နေ
မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အခုရက်ပိုင်းအတွင်း နေ့စဉ်လိုလို ရဟတ်ယာဉ် ငါးစင်းအထိ လာရောက်သယ်ထုတ်နေတယ်လို့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့( ဒီဇင်ဘာ ၂၇) နေ့လယ်၂နာရီအထိ ရဟတ်ယာဉ် တပြိုင်တည်း ငါးစင်းလာကာ နှစ်စင်းတက် နှစ်စင်းဆင်း ပုံစံမျိုး ဆင်းနေတာလို့ မူဆယ်မြို့ ၊ဟိုနားရပ်ကွက်သားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ စစ်တပ်ပဲတင်သွားတာဗျ၊ တစ်စီး တစ်ခေါက်ကို ၁၅ ယောက်တင်တာလို့ မြို့ပြင်ကြံ့ဖွံရုံးရှေ့တပ်စခန်းက သိရတာ၊ ဒီလိုလာနေတာ တစ်ပတ်လောက်ရှိပြီ၊ ဒီမှာ တပ်လက်ကျန်နည်းနည်းပဲ ကျန်တော့တာ” လို့ ပြောပါတယ်။
မြို့ထဲ ကင်းလှည့်ရာမှာလည်း ပြည်သူ့စစ်က အများဆုံးဖြစ်ပြီး တပ်က နှစ်ယောက် သုံးယောက်သာ ပါတော့တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်အလာမှာ နယ်စပ်ကူးလက်မှတ်စာအုပ်တွေ ရုံးပိုင်းဆိုင်ရာတွေ ပါလာပေမယ့်အရပ်ဘက်ဌာနဝန်ထမ်းတွေတော့ လိုက်ပါလာတာမတွေ့ရဘူးလို့ ပြောပါတယ်။
လက်ရှိ မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ ရမခ အကြွင်းအကျန်အနည်းငယ်သာရှိနေပြီး ပြည်သူ့စစ်တွေသာ အများအပြားရှိနေပါတယ်။ ဒီဇင်ဘာ ၂၅ရက်က အကြော်သည်တောင် ကားနဲ့လုယက်ခံရတဲ့အထိ အခြေအနေဆိုးရွားနေလို့ မူဆယ်မြို့နေသူတွေ ဘဝ လုံခြုံမှုမရှိဘဲ စိုးထိတ်နေရတယ်လို့ သိရပါတယ်။
MK-012
#MekongNews








