အင်းဝိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲ၊ အမျိုးသားတစ်ဦးသေဆုံး
မဲခေါင်၊ နိုဝင်ဘာ ၁၉
မနေ့(နိုဝင်ဘာ၁၈) ည ၇ နာရီဝန်းကျင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်( TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲက အင်းဝိုင်းကျေးရွာမှာရှိ သကြားစက်ရုံကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ စက်ရုံလည်းပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အင်းဝိုင်းကျေးရွာဟာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်( TNLA )တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ဂန့်ကော်ရွာနဲ့ နီးစပ်ပြီး ဒေသခံပြည်လူထု စစ်ဘေးရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ နောင်ချိုမြို့နယ် ၊လုံစံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတာကြောင့် ကလေးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရပြီး နိုဝင်ဘာ ၁၂ ရက်မှာလည်း နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲလို့ ၁၁ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွက်ခိုင်မြို့နယ်နဲ့ မိုင်းငေါ့မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ်မှာ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိပြီး မိုင်းငေါမြို့နယ်မှာ အမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဓါတ်ပုံ. cj
MK 11
#MekongNews









