ဘန်ကောက်စစ်ရှောင်စခန်း ဗုံးထပ်ကြဲခံရ
မဲခေါင်၊ နိုဝင်ဘာ ၁၈
ရှမ်းတောင်၊ ဖယ်ခုံမြို့နယ် လအိကျေးရွာက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဒီနေ့မနက် ၁၁နာရီမိနစ်၄၀ခန့်မှာ ဗုံးထပ်ကြဲတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့နယ်ကို မနက်တပိုင်းလုံး ဂျက်ဖိုက်တာဝဲနေခဲ့ပြီး ဘန်ကောက်စစ်ရှောင်စခန်းရှိရာကို ဗုံးကြဲခဲ့တာလို့ ရှမ်းတောင်PDF 1008 တပ်ရင်းရဲဘော်တစ်ဦးကပြောပါတယ်။
ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုနှစ်၊ စက်တင်ဘာလအတွင်း ပထမအကြိမ် ဗုံးကြဲခံရပြီးနောက် စစ်ရှောင်စခန်းနေရာကို ရွှေ့ပြောင်း ထားပေမယ့် အခုလို ထပ်မံဗုံးကြဲတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက် ညပိုင်းက ပထမဆုံးအကြိမ်အနေနဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲခဲ့ပြီး ကျောင်းသားကလေးငယ် နဲ့ ဆရာ ကိုးဦးသေဆုံးခဲ့ပါတယ်။
CJ-001
#MekongNews









