မဲခေါင်၊ အောက်တိုဘာ ၂၃
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့ည အောက်တိုဘာ ၂၂ မှာ ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့ ဂန့်ကော်ကျေးရွာမှာ မနေ့ နေ့လယ်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။
မြေပြင်သတင်းအရင်းမြစ်တစ်ဦးက” မနေ့တိုက်ပွဲဖြစ်ပွားတယ် စစ်တပ်က ရပ်စောက်ဘက်ကနေ အင်အားတွေဖြည့်ကြတယ်၊ ရိက္ခာတွေလည်ဖြည့်နေတယ်။ ပြင်ဦးလွင်ဘက်ကနေလည်း စစ်တပ်က အင်အားတွေနဲ့ နေရာတစ်ချို့ယူထားတယ်” လို့ပြောပါတယ်။
နောင်ချိုမြို့က စစ်ကောင်စီဟာ အမြောက်တပ်တည်ရှိတဲ့ တောင်ခမ်းကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ စစ်ရေးပြင်းထန်နေပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်တော်ကြီးကျောင်းနေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ နှစ်ကြိမ် ဗုံး ၁၈ လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရပ်စောက်၊ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ လုပ်နေတဲ့ စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
MK 11








