မဲခေါင်၊ အောက်တိုဘာ ၂၂
ရှမ်း၊ ကရင်နီနယ်စပ် ပင်လောင်း၊ ဖယ်ခုံနားတကြော နေ့စဥ်နေ့တိုင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်လကျော်လာပြီဖြစ်ကာ စစ်ကောင်စီကလေယာဥ်နဲ့ နေ့တိုင်းဗုံးကျဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
လဲလောင်း -နမ့်ဖာမူ- ဂျာမဏီလမ်းပိုင်း အသုံးပြုသွားလာနေတဲ့ ကရင်နီပြည်က ပြည်သူတွေကို PNOဖက်က အစအနဖျောက်ပစ်လိုက်တာ အတော်များနေပြီး ခုနောက်ပိုင်း ခပ်စိတ်စိတ်ဖြစ်လာလျှက်ရှိတယ်လို့ သိရပါတယ်။
“တောင်ကြီးတက်လိုသူတွေ တောင်ကြီးကနေ ပြန်လာလိုသူတွေ ဒီလမ်းကို လုံးဝ(လုံးဝ)အသုံးပြုသွားလာလို့မရဘူး၊ သေရေးရှင်ရေး မဟုတ်ဘူး။ သေဖို့ပဲရှိတယ်”လို့ PDF တပ်ဖွဲ့ဝင် ၁ဦးက ပြောပါတယ်။
PNOရဲ့ အစဖျောက်ခံရသူ ဘယ်လောက်ရှိခဲ့ပြီမသိရပေမယ့် ကားအစီးလိုက် အစ ဖျောက်ခံရတာတွေ ရှိနေပြီး အသက်ရှင်တဲ့ သတင်းမကြားသိရဘူးလို့ သိရပါတယ်။
လတ်တလော လဲလောင်းရွာကို မိုင်းရှင်းလို့ PNO ၂ ယောက်သေပြီး တစ်ယောက် စနိုက်ပါ ထိသေတယ်လို့ သိရပါတယ်။
“မကြာခင်ကမှ စစ်တပ်က သေနတ်မကောင်းလို့ ရွာကပိုက်ဆံနဲ့ သိန်း၁၀၀ ကျော်Type 81 ဝယ်ကိုင်တာ နမ့်ဖာမူမှာ စနိုက်ပါခေါင်းထိသေသွားပြီ”လို့ စစ်သတင်းအရင်းအမြစ်က ပြောပါတယ်။
ပင်လောင်း၊ လဲလောင်း အရှေ့ဘက်စခန်းကို ရရှိထားပြီး ဗန်းမောက်အထိ စိုးမိုးထားနိုင်ပြီလို့ PNOက ဆိုပေမယ့် သေဆုံး၊ ဒဏ်ရာရ ၂၀ ကျော် အောင်ပန်း ခုတင်၇၀၀ စစ်ဆေးရုံကို ယခုအပတ်အတွင်း ရောက်တာရှိတယ်လို့ သတင်းအရင်းအမြစ်ထံက သိရပါတယ်။
လက်ရှိမှာ ယင်း တိုက်ပွဲတွေကနေ PNDF-KK ခဏပြန်နားကြောင်း သိရပြီး အင်းလေး ၁၀၀၉ IPDF က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကာ ၁၀၁၁PDF တပ်ရင်းက droneတပ်ဖွဲ့တွေနဲ့ အားသစ်လောင်းနေတယ်လို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေထံက သိရပါတယ်။
ပင်လောင်းမြို့နယ် နမ့်ဖာမူ၊ ဗန်းမောက်၊ နောင်ဝိုးနဲ့ ဖယ်ခုံအစပ်ကပင်စုံ ဘက်မှာ KNDF ပါဝင်တဲ့ ရှမ်းတောင်တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ ၊ PNO တွေ ပြီးခဲ့တဲ့ စက်တင်ဘာ ပထမပတ်ထဲက တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
MK-012











