စစ်ရေးသတင်း

ရှမ်းပြည်တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမှာ ကုန်ပစ္စည်း ပြတ်လပ်လာ

မဲခေါင် 15 Oct - 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည် နယ်စပ်တစ်ကြောမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ကုန်ပစ္စည်းအဝင် နည်းလာပြီး တဖြည်းဖြည်း ပြတ်လပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည် နယ်စပ်တစ်ကြောမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ကုန်ပစ္စည်းအဝင် နည်းလာပြီး တဖြည်းဖြည်း ပြတ်လပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း – ဖယ်ခုံ လမ်းမကြီး တစ်လျှောက်က လဲလျောင်း၊ နောင်ဝိုး၊ နမ့်ဖာမူ၊ လင်ခမ်း စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကရင်နီပြည်ဘက်ကို ကုန်ပစ္စည်း မဝင်နိုင်သေးတာပဲ ဖြစ်ပါတယ်။

“လမ်းလည်း ပိတ်ထားတယ်လေ။ ဘာဝင်တော့မလဲ။ ဆန်ဆို နောက်အပတ်မှ ဝယ်လို့မရရင် မလွယ်ဘူး။ ဒီမှာက လက်လုပ်လက်စားတွေဆိုတော့ တစ်ပြည်ချင်းပဲ ဝယ်စားကြတာလေ။ ဘယ်သူက ဆန်အိတ်လိုက် ဝယ်စားနိုင်မလဲ” လို့ ဒေသတွင်း စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်၊ စားအုန်းဆီ ၃ သောင်းကျပ်နဲ့ ဆန်အပါအဝင် တခြားကုန်ပစ္စည်းတွေက ပြတ်လပ်နေတာကြောင့် ကြိုက်ရောင်း၊ ကြိုက်ဝယ် အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် လမ်းပိတ်ထားရတဲ့ ကာလတွေမှာ ကရင်ပြည်ဘက်နဲ့ ထိုင်းနိုင်ငံတို့ကဝင်တဲ့ ကုန်ပစ္စည်းတွေကို အဓိက မှီခိုနေရပြီး လုံလောက်မှုလည်း မရှိဘူးလို့ ဒေသခံတွေ တစ်ဦးက ပြောပါတယ်။

“အရင်က တောင်ငူဝင်ရင် ရတယ်။ ဈေးတော့ များတာပေါ့။ အရင်ပတ်က တောင်ငူဘက် တံတားကျိုးလို့ တော်တော်ကြာမှ တစ်ခေါက်ဝင်တယ်။ အဓိက အရေးကြီးတဲ့ ဆန်ကို ဝယ်လို့မရနေတာ”

လက်ရှိမှာ ပင်လောင်း – ဖယ်ခုံလမ်းတစ်ကြောမှာ တိုက်ပွဲ ပြင်းထန်နေသလို ဒီးမော့ဆို – တောင်ငူကို ဆက်သွယ်ထားတဲ့ ဇလဲတံတားဟာလည်း အောက်တိုဘာ ၄ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရတာကြောင့် လမ်းကြောင်း ၂ ဆင့် သယ်ယူနေရတဲ့အတွက် နှောင့်နှေးကြန့်ကြာပြီး ကုန်ပစ္စည်း ပြတ်လပ်လာပဲ ဖြစ်ပါတယ်။

ဇလဲတံတားဟာ ဩဂုတ်လတုန်းကလည်း တစ်ကြိမ် မိုင်းခွဲခံခဲ့ရပေမယ့် ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ပြီး အချိန်မီပြင်ဆင်နိုင်ခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု အဆင်ပြေခဲ့ကြတယ်လို့ သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now