မဲခေါင်၊ အောက်တိုဘာ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ရှားတောက သံတော်ဦးသကြားစက်ကို စစ်ကောင်စီက အောက်တိုဘာလ ၉ရက် မနက်၂နာရီကျော်မှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့အသေအပျောက်ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၉ရက် မနက် ၂နာရီနဲ့ မိနစ် ၂၀မှာ စစ်ကောင်စီက ဗုံး ၇လုံးကို ဂျက်လေယာဥ် ၂ စင်းနဲ့ ချခဲ့တာလို့ မြေပြင်သတင်းအရ သိရပါတယ်။
“အပျက်အစီးများတယ်။ သေတာလဲ စက်ရုံလုပ်သား ၂ဦးဆိုပေမယ့် ဒီထက်များနိုင်တယ်။ ဒဏ်ရာရတာ ၂၀ကျော်တယ် ‘လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မဲခေါင်ကို ပေးပို့လာတဲ့ ရုပ်သံဖိုင်မှာတော့အဆောက်အဦတွေနဲ့ကားတွေ ဆိုင်ကယ်တွေ အများအပြား ပျက်စီးနေပြီး MNDAA တပ်ဖွဲ့ဝင်တွေကို တွေ့မြင်ရပါတယ်။
အဲဒီစက်ရုံဟာ တရုတ်ပညာရှင်တွေနဲ့ လည်ပတ်နေတာလို့သိရပြီး စစ်ကောင်စီရဲ့တိုက်ခိုက်မှုမှာ တရုတ်နိုင်ငံသားတွေ ထိခိုက်မှုရှိ၊မရှိကို မသိရပါဘူး။
မိုင်းရယ်မှာ စစ်ကောင်စီက လားရှိုးကို ပြန်ထိုးစစ်ဆင်ဖို့ အင်အားစုဖွဲ့မှုတွေရှိနေတာဖြစ်ပြီး MNDAAတပ်တွေနဲ့ စစ်ဆိုင်နေတဲ့အနေအထား ရှိနေတယ်လို့ သိရပါတယ်။
MK – 012














