စစ်ရေးသတင်း

ဖော့တောဂိတ်ကို TNLA က ပိတ်ထားလို့ မိုးကုတ်သွားမယ့်ကား အစီးရာနဲ့ချီ ပိတ်မိနေ

မဲခေါင် 10 Oct - 2024
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖော့တောကျေးရွာက စစ်ဆေးရေးဂိတ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် - TNLA က အောက်တိုဘာ ၇ ကစပြီး ပိတ်ထားတာကြောင့် မိုးကုတ်မြို့အတွင်း ဝင်ရောက်မယ့် ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖော့တောကျေးရွာက စစ်ဆေးရေးဂိတ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA က အောက်တိုဘာ ၇ ကစပြီး ပိတ်ထားတာကြောင့် မိုးကုတ်မြို့အတွင်း ဝင်ရောက်မယ့် ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

ပိတ်မိနေတဲ့ကားတွေထဲမှာ ခရီးသည်တင်ကားတွအပါအဝင် ဆေးဝါးနဲ့ ရိက္ခာတင်တဲ့ကားတွေလည်းပါဝင်ပြီး တချို့ကားတွေဟာ ၅ရက်လောက် ညအိပ်စောင့်နေရတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ၅ ညအိပ်စောင့်နေရတဲ့ ယာဉ်တွေက အောက်တိုဘာလ ၈ရက်က ဟွန်းတီးဆန္ဒပြခဲ့ကြပြီး မြို့ခံတွေဘက်က ဆင်နဲ့ ပစ္စည်းသယ်ချင်ပေမယ့်လည်း TNLA ဖက်က ခွင့်မပြုသေးဘူးလို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

“ကားတက်မရတော့ ဆေးတွေ၊ ကုန်တွေက မရောက်နိုင်တော့ဘူး။ ကားတွေ ပေးမတက်ရင် ဆင်တွေနဲ့ ပေးသယ်ကြပါလား။ CDM လုပ်ထားတဲ့ဆင်တွေ မိုးကုတ်ကို တက်လာတာ ရာကျော် ရှိတယ်” လို့ သူက ပြောပါတယ်။

သပိတ်ကျဉ်းမြို့နယ်ကို မန္တလေး PDF က အလုံးစုံထိန်းချုပ်ထားပေမယ့် ကျောက်ကြီးစခန်း အပါအဝင် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် အနီးတစ်ဝိုက်မှာ စစ်ကောင်စီသတင်းပေးတွေ ကျန်ရှိနေသေးတာကြောင့် မိုးကုတ်မြို့တွင်း နောက်ထပ် ဝင်မလာရအောင် ပိတ်ထားတာလို့ မြို့အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မိုးကုတ်မြို့မှာ ပစ်မှတ်တစ်ခုကို ၁၀ သိန်းနဲ့ သတင်းပေးနေတဲ့ စစ်ကောင်စီခန့် ဒလန်တွေကို TNLA က လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သေးတယ်လို့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

TNLA က ဖော့တော့ဂိတ်ကို ပိတ်ထားတာကြောင့် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာက စစ်ဆေးရေးဂိတ်ကိုလည်း မန္တလေး PDF က ဖြတ်သန်းခွင့် မပေးတော့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ မိုးကုတ် – ပြင်ဦးလွင် – မန္တလေးလမ်း၊ မိုးကုတ် – နောင်ချို လမ်းတွေ ပိတ်ထားတဲ့အပြင် မဘိန်း၊ မိုးမိတ်တို့ဘက်ကလည်း ကုန်ပစ္စည်းတွေ မဝင်တော့တာကြောင့် မိုးကုတ် – သပိတ်ကျဉ်း – စဉ့်ကူး လမ်းကနေ ကုန်ပစ္စည်းနဲ့ ဆေးတွေ သယ်ယူနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမိုးကုတ်မြို့တွင်းမှာ လမ်းပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးလာပြီး ကုန်ပစ္စည်းနဲ့ ဆေးတွေပြတ်လာလာရင် စားဝတ်နေရေး ခက်ခဲလာနိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။

“ကားသမားတွေနဲ့ ခရီးသည်တွေ စကားများကြတယ်။ ရဲဘော်တစ်ယောက်က သေနတ်ပြပြီး အကုန်ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီမှာ ညီမလေးတယောက်က နင်တို့လည်း စစ်ကောင်စီတွေနဲ့ အတူတူပဲဆိုတော့မှ ပြန်တောင်းပန်တယ်” လို့ ခရီးသည် တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို မေးမြန်းခဲ့ရာမှာ ပြန်လည်ဖြေကြားမှု မရှိခဲ့ပေမယ့် အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်စပ်တဲ့ သတင်းအရင်းအမြစ် တစ်ဦးကတော့ အတည်ပြုထားပါတယ်။

မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နေတာဖြစ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now