မဲခေါင်၊ အောက်တိုဘာ ၄
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ဒီကနေ့မနက်အစောပိုင်းမှာ လေကြောင်းနဲ့ ၄ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်ဦးဒဏ်ရာရှိတယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၂ နာရီ ၁၃ မိနစ်အချိန်မှာ စတင်ပြီး ရပ်ကွက် ၈ ကို ဗုံးကြဲသွားတယ်လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။
စစ်တပ်က လေကြောင်းနဲ့ မနက်၄ နာရီ ၈ မိနစ်မှာ တစ်ကြိမ်၊ ၅ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ်၊ ၅ နာရီ ၂၀ မိနစ်မှတစ်ကြိမ် ဗုံးကြဲခဲ့ပြီ နေရာတိကျနဲ့ ပျက်ဆီးမှုအခြေအနေကို မသိရသေးဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒီနေ့မနက် လေကြောင်းတိုက်ခိုက်မှုဟာ ဂွမ်ယင်ဘုရားကျောင်းနဲ့ လူနေရပ်ကွက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပါတယ်။
ဇူလိုင်လကနေ စက်တင်ဘာလ ၃ လအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လားရှိုးမြို့ကို လေကြောင်းနဲ့ အကြိမ် ၂၀ကြော် ဗုံးကြဲတိုက်ခိုက်ပြီ ၃၁ ဦးထက်မနည်းသေဆုံး ၉၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MDAA က ထုတ်ပြန်ထားပါတယ်။
MK -011












