မဲခေါင်၊ စက်တင်ဘာ ၉
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီနေ့ နံနက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ ပြည်သူတွေထိခိုက်တာတွေ ရှိတယ်လို့ ကနဦး သိရပါတယ်။
ဒီနေ့ စက်တင်ဘာလ ၉ ရက် မနက် ၁၀နာရီခွဲလောက်မှာ စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းကို လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာဖြစ်ပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောကြပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒေသခံတစ်ဦးကတော့ အရင် ရမခ ဗျူဟာလမ်းမှာ ဗုံးကျတာဖြစ်ပြီး ပြည်သူတွေ ကြောက်လန့်တကြီး ထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။
“ထွေအုပ်ရုံးဖက် လူနာတင်ကားသံကြားရတယ်။ လူတွေထိတယ်ကြားတယ်။ သေချာမသိရသေးဘူး” လို့ မဲခေါင်ကို ပြောပါတယ်။
MNDAA သိမ်းပြီးနောက် လားရှိုးကို စစ်ကောင်စီက ဗုံးကြဲတာ ၃ ကြိမ်ရှိလာပြီဖြစ်ပြီး မနေ့ စက်တင်ဘာ ၈ရက်နဲ့ သြဂုတ်လ ၃၀ ရက်တွေမှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
MK – 012








