မဲခေါင်၊ စက်တင်ဘာ ၆
ရှမ်းမြောက်မှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၆ရက် မနက်အစော ၁း၃၀ နာရီအကျော်မှာ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံအမြောက်အများ ထိခိုက် သေဆုံးတာတွေ ရှိတယ်လို့ ကနဦး သိရပါတယ်။
နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက် နဲ့ ပေါက်နေရပ်ကွက်နှစ်နေရာ ကို စစ်ကောင်စီ က ပေါင်၅၀၀ဗုံးကြဲ သွားတာလို့ သိရပါတယ်။
ဒေသခံ တစ်ဦးရဲ့ လူမှုကွန်ရက်က ရုပ်သံမှာ ကလေးငယ်တွေနဲ့ လူထု ထိခိုက်နေတာတွေနဲ့ မီးလောင်ပျက်စီးနေတာတွေ တွေ့ရပါတယ်။
“ကြာဖြူခန်းမနောက် စိုက်ပျိုးရေးရုံးနားမှာ တစ်လုံးနဲ့ ညဈေး ပန်ပွဲမြို့လယ်ဘုရားနား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နားမှာ တစ်လုံး ကျတယ်”လို့ နမ့်ခမ်းဒေသခံ တစ်ဦးထံကသိရပါတယ်။
ဒေသခံတစ်ဦးကတော့ နမ့်ခမ်းမြို့ပေါ် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး၂လုံးလာရောက်ကြဲချလို့ လူ ၁၇ ဦးထက်မနည်းထိခိုက်ကာ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါ ဂရုဏာပရဟိတအဖွဲ့ဝင် စိုင်းလင်းတို့မိသားစုဝင် ၃ ဦးသေဆုံး တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြလာပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အထူးသဖြင့် TNLA ထိန်းချုပ်တဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာနေတာဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို သက်သေပြနေတာလို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်သူတွေက ဝေဖန်နေပါတယ်။
လာမယ့် စက်တင်ဘာ ၉ရက်နေ့မှာလည်း လေကြောင်းအုပ်ဖွဲ့ တိုက်ခိုက်မှုရှိမှာဖြစ်လို့ အထူးသတိထားကြဖို့ CDM စစ်အရာရှိဟောင်း ၁ဦးကလည်း သတိပေးနေပါတယ်။
MK-012











