မဲခေါင်၊ စက်တင်ဘာ ၄
TNLA ထိန်းချုပ်ထားတဲ့၊ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ််ဗုံးကြဲခဲ့လို့ လူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လက်ဖက်စက်ရုံအပါအဝင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၃ ရက်၊ ညပိုင်းမှာ မန်တုံ-နမ့်ဆန်လမ်းမပေါ်က လက်ဖက်စက်ရုံကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်အရ သိရပါတယ်။
စစ်ကောင်စီ ဗုံးဒဏ်ကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး လက်နဲ့ဗိုက်မှာ ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး လက်ဖက်စက်ရုံနဲ့ အိမ် ၅ လုံးပျက်သွားတယ်လို့ သိရပါတယ်။
မန်တုံမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ၂၂ရက်မှာ စစ်ကောင်စီလက်အောက်ကနေ TNLA က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
MK-012








