မဲခေါင်၊ စက်တင်ဘာ ၂
ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကုံးစုံရွာမှာ ယနေ့စက်တင်ဘာလ ၁ ရက် ညနေ ၅ ကျော်အချိန်ခန့်မှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျလို့ လူတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတအသင်းထံက သိရပါတယ်။
သီပေါမြို့နယ်၊ ကုံးစုံကျေးရွာ(လီဆူရွာ)က နေအိမ် တစ်အိမ်အပေါ် လက်နက်ကြီးကျလို့ ဒဏ်ရာရရှိလူနာတစ်ဦးကို နယ်စည်းမခြားပရဟိတအသင်းက အရေးပေါ်ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့ည ၇း၄၅ အချိန်ခန့်မှာလည်း မြို့တွင်းကို လက်နက်ကြီး ၁ လုံးကျတာမှာ အထိအခိုက်မသိရသေးဘူးလို့ သိရပါတယ်။
“မနေ့က နေရာနားပဲ ဘာမှ ထိတာမကြားသေးဘူး၊ ညနေ ဘက်ကတော့ တုံစင့်က တစ်ယောက် ထိတယ်လို့” သီပေါ ပန်းတိမ်တောင်နေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သီပေါကို စက်တင်ဘာ ၁ ရက်နေ့ နေ့လယ် ၂း၄၅အချိန်ခန့်မှာ Y(12)Military Transport Aircraft (၁)စီး အချိန်အနည်းငယ်ကြာမြင့်စွာ ဝဲပျံခဲ့ပြီး အထုပ်တွေချခဲ့လို့ သီပေါ၊ကျောက်မဲ ညဖက်သတိထားအိပ်ကြဖို့ ဒေသခံတွေ အချင်းချင်း သတိပေးနေကြပါတယ်။
စစ်ကောင်စီဟာ ကျောက်မဲကို သြဂုတ် ၂၈၊ ၂၉ နှစ်ရက်ဆက် ဗုံးကြဲခဲ့ပြီး သီပေါကိုတော့ သြဂုတ် ၂၇ ရက်မှာ ဗုံးရာချီကြဲချခဲ့တာ ဖြစ်ပါတယ်။
MK-012











