စစ်ရေးသတင်း

နောင်တယား ပြည်သူ့စစ်သင်တန်းဆင်း PNO လူသစ် ၁ သောင်းကျော်အတွက် လက်နက်၊ ခဲယမ်းတွေ စစ်ကောင်စီက ဝယ်သုံးရမယ်လို့ဆို

မဲခေါင် 22 Aug - 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တယားမှာ မနေ့ကသင်တန်းဆင်းတဲ့ PNO ပြည်သူ့စစ်လူသစ်အင်အား ၁သောင်း အတွက် လက်နက်၊ ခဲယမ်းလိုအပ်ချက်ကို စစ်ကောင်စီထံက ဝယ်သုံးရမှာဖြစ်တယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၂၂

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တယားမှာ မနေ့ကသင်တန်းဆင်းတဲ့ PNO ပြည်သူ့စစ်လူသစ်အင်အား ၁သောင်း အတွက် လက်နက်၊ ခဲယမ်းလိုအပ်ချက်ကို စစ်ကောင်စီထံက ဝယ်သုံးရမှာဖြစ်တယ်လို့ သိရပါတယ်။

မနေ့သြဂုတ်လ ၂၁ ရက် က နောင်တယားမှာ PNO ပြည်သူ့စစ်လူသစ်သင်တန်း အမှတ်စဉ်-၁ ဆင်းပွဲကို အင်အား ၁ သောင်းနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်နက်မပါဘဲ သင်တန်းဆင်းပွဲပြုလုပ်တာဖြစ်ကာ ကိုင်ဆောင်ရမယ့် လက်နက်၊ ခဲယမ်းကအစ စစ်အသုံးအဆောင်တွေကို ကျေးရွာအတွင်း ငွေကြေးကောက်ခံပြီး စစ်ကောင်စီထံက ဝယ်သုံးရမှာလို့ ကြားသိရပါတယ်။

ပြည်သူ့စစ် သင်တန်းကို ၅ ရက်သာ တက်ရတယ်လို့သိရပြီး ကျေးရွာတွေအတွင်းက အမျိုးသားတွေကို PNO ကမတက်မနေရ အဓမ္မစေခိုင်းခံရပြီး သင်တန်းတက်ခဲ့ရတယ်လို့ သင်တန်းတက်ရောက်ခဲ့ရတဲ့ သူတွေဆီက သိရပါတယ်။

“အသက်လဲပေးပြီး တိုက်ရမယ်၊ လက်နက်လဲဝယ်ကိုင်ရမယ်၊ ရွာတွေကလဲ တာဝန်ယူပေးရမယ်လို့ပြောတယ်၊ ပအိုဝ်းလူမျိုးတွေကို ကာကွယ်ပေးတဲ့ ပြည်သူ့စစ်လို့ပြောပြီး ပြည်သူကို အဖက်ဖက်က နှိပ်စက်နေတာပဲ၊ စားစရာမရှိ လျော်စရာရှိ ငတ်နေတဲ့ကြားက လုပ်ပေးကြရမှာ”လို့ ယင်းသင်တန်းဆင်းပွဲကို သွားခဲ့တဲ့ ဟိုပုံးမြို့ခံ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။

စစ်တပ်ထုတ် လက်နက်ငယ် ၁ လက်ကို ကျပ်သိန်း ၉၀ က ၁၅၀ ကြား၊ ကျည်၁တောင့် ၁ ထောင်နဲ့ အခြားစစ်ဝတ်တန်ဆာပလာတွေအာလုံး စစ်ကောင်စီ ဆီနေ ကျေးရွာတွေက ငွေကောက်ခံပြီး ပြန်ဝယ်ရမှာလို့ သိရပါတယ်။

“အဲလက်နက်ကျည်တွေအတွက် ရွာတွေဆီက အရင်ကလဲ ကောက်နေတာ၊ ခုလဲ ထပ်ကောက်အုံးမယ်တဲ့၊ ပအိုဝ်းတွေ ပြေးစရာ မြေမရှိတော့ဘူး၊ ငွေကလည်း ပေးစရာ ဘယ်လို ရှာရမလဲ မသိတော့ဘူး”လို့ ဆောင်းပြောင်းရွာခံ တစ်ဦးဆီက သိရပါတယ်။

ဆောင်းပြောင်းရွာက စစ်ဘေးရှောင်တွေကို အသက် ၁၈ က ၃၀ နှစ်ကြား အားလုံး PNO ထဲဝင်ဖို့ လက်မှတ်ထိုးမှ ရွာပြန်ရမယ်ပြောပြီး အတင်းအဓမ္မ အင်အားစုနေတာဖြစ်ပြီး အခု နောင်တယား အင်အားပြပွဲဟာလဲ အဆိုပါ အတင်းအဓမ္မဆွဲခေါ်ခံနေရတဲ့သူတွေ အများဆုံးပါဝင်ခဲ့တာလို့သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now