မဲခေါင်၊ သြဂုတ် ၁၆
ရှမ်းမြောက်၊ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးလုံးရေ ရာကျော်ကြဲချနေဆဲဖြစ်လို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ကိုပါ စစ်ကောင်စီက ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မနေ့ သြဂုတ်လ ၁၅ ရက်နေမှာ သီပေါမြို့ကို စစ်ကောင်စီက Y12 နဲ့ ၁၆ ကြိမ်မှာ ဗုံးအလုံး ၁၁၃ လုံး ကြဲချခဲ့ပြီး နမ့်ဆန်မြို့ကိုလည်းထပ်ပြီး ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာရောက်ကာ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မနေ့က Y12 လေယာဉ်နဲ့ မြို့ပတ်ပတ်လည်ကို ဗုံးကြဲခဲ့လို့ မြို့လည်က ရွှေကျောင်းဝင်းထဲ ဗုံးကျတာမှာ ကလေးငယ် ယောက်ျားလေး တစ်ဦး ဒဏ်ရာရပြီး တိုးဂိတ်အနှီး ဗုံးကျလို့ အမျိုးသား တစ်ဦးဒဏ်ရာရကာ တုံစင့်ကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာအပြင် Y12နဲ့ ထပ်မံဗုံးကြဲခဲ့တာလို့ သိရပါတယ်။
မြေပြင်တိုက်ပွဲကြောင့် တာပုတ်က အမျိုးသား ၁ ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာရတယ်လို့ သိရပါတယ်။
သီပေါမြိုမှာ ညနေ ၃း၃၀ အချိန်ကစပြီး လေကြီးမိုးကြီး ကျခဲ့တာကြောင့် လေယာဉ်တွေ ဗုံးလာကြဲတာ မရှိဘူးလို့သိရပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ သိရပါတယ်။
သီပေါမြို့ကို TNLA နဲ့ PDF မဟာမိတ်တပ်တွေ တိုက်နေတာဟာ သြဂုတ်လ ၁၀ ရက်ကတည်းက ဖြစ်ပြီး မြို့တွင်းကို ရာနှုန်းပြည့် နီးပါးထိန်းချုပ်နိုင်တော့မယ့်အနေအထားရောက်နေပေမယ့် မြို့ခံ ခလရ-၂၃၊ ခမရ-၅၀၃၊ ၅၀၄ ၃ တပ်စလုံးကို အပြင်းအထန်တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။
သီပေါမြို့မှာ တိုက်ပွဲကာလ ၁ ပတ်အတွင်း သေဆုံးသူ ၁၂ ဦးနဲ့ဒဏ်ရာရသူ ၁၈ ဦးရှိလာနေပြီး နမ့်ဆန်မှာတော့ သြဂုတ်လ ၁၃ ရက်ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေ ၊ ၁ ဦးထိခို်က်ဒဏ်ရာရထားပါတယ်။
MK-012










