မဲခေါင်၊ သြဂုတ် ၁၅
ရှမ်းမြောက်၊ သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ကြောင်းနဲ့ ဗုံးအလုံးရေ ရာကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။
သီပေါက ခလရ-၂၃ ကို TNLA နဲ့ PDF တပ်ဖွဲ့တွေ တိုက်ခိုက်နေတာမှာ မနေ့ သြဂုတ်လ ၁၄ ရက် တစ်ရက်တည်းကို စစ်ကောင်စီက လေကြောင်းက ဗုံးအလုံးရေ ၁၂၄ လုံး ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့ သြဂုတ်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီဟာ သီပေါမြို့ကို Jet Fighter နဲ့ ၄ ကြိမ် Y12 နဲ့ ၁၆ ကြိမ် လာရောက်ပြီး ဗုံးအလုံးရေမြောက်များစွာ ကြဲချခဲ့တာဖြစ်ပါတယ်။
မနေ့ ညနေ ၄ နာရီကျော်မှာ ဂျက်ဖိုက်တာလာပြီး ဗုံးကြဲလို့ စန်းမာလာဥယျဉ်ထဲက ဝက်ဝံစျေးအပေါ် ဗုံးကျကာ ကိုစိုးဖေခင် ဆိုသူမှာ လက်အနည်း မစိုးရိမ်ရ ဒဏ်ရာပြီး အခြားအမျိုးသား တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရရကြတယ်လို့ သိရပါတယ်။
ဂျက်ဖိုက်တာလာပြီးတိုင်း Y12 က နောက်ကနေ ထပ်ဆင့် ဗုံးလာကြဲနေတာလို့ သိရပါတယ်။
လူမှုကွန်ရက် သတင်းတွေအရ မနေ့ည ၉ နာရီကျော်အထိ သီပေါကို ဗုံးကြဲတာ အကြိမ်ရေများပြီး မြို့ပတ်ပတ်လည်ကို ကြဲတာဖြစ်ပြီးမြို့တွင်းက မြန်မာရပ်၊ မြို့လယ်ချောင်းအထက်ပိုင်းက ရပ်ကွက်တွေဘေးကင်းပြီး ရဲစခန်းတဝိုက်ကို ဗုံးကျတယ်လို့ သိရပေမယ့် မနက် ၅ နာရီကျော်မှာ သီပေါတံတားဘက် ဗုံးကြဲသံကြားရပြီး ယနေ့သြဂုတ်လ ၁၅ ရက်မနက်ပိုင်း သွားကြည့် တာမှာ အပျက်အစီးမတွေ့ရဘူးလို့ သိရပါတယ်။
မနေ့က လက်နက်ကြီးကျလို့ထိထားတဲ့ စျေးရပ်ကွက်က ဦးတီ လည်း ဆုံးသွားပြီလို့ အသိမိတ်ဆွေပြောကြားမှုအရ သီပေါမြို့ကိုတော်လှန်ရေးတပ်တွေ တိုက်နေတဲ့ ၆ ရက် အတွင်းယနေ့ သြဂုတ်လ ၁၅ ရက် မနက် ၉နာရီအထိ သီပေါမြို့နယ်ရှိ ကျောင်းစု၊ တာပုတ်၊ တုံစင့်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းစုံ၊ စျေးပိုင်း တို့ကို စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံး ၁၂ ဦးနဲ့ ဒဏ်ရာရသူ၁၅ ဦးရှိလာနေပြီဖြစ်ပါတယ်။
MK-012










