စစ်ရေးသတင်း

ရှမ်းအရှေ့မှာ တိုက်ပွဲတွေ ကူးစက်လာနိုင်လို့ စစ်ကောင်စီအသိုင်းအဝန်းမှာ အသင့်အနေအထားရှိဖို့ သတိပေးချက်တွေ ထွက်ပေါ်နေ

မဲခေါင် 14 Aug - 2024
ရှမ်းအရှေ့ကို တိုက်ပွဲတွေ ကူးစက်လာနိုင်လို့ စစ်ကောင်စီအသိုင်းအဝန်းက အသင့်အနေအထား ရှိနေဖို့ တပ်တွင်းနဲ့ လက်အောက်ခံဌာနတွေကို သတိပေးချက်တွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၁၄

ရှမ်းအရှေ့ကို တိုက်ပွဲတွေ ကူးစက်လာနိုင်လို့ စစ်ကောင်စီအသိုင်းအဝန်းက အသင့်အနေအထား ရှိနေဖို့ တပ်တွင်းနဲ့ လက်အောက်ခံဌာနတွေကို သတိပေးချက်တွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

ရှမ်းအရှေ့မှာ UWSA မြောက်ပိုင်းနဲ့ NDAA တို့ ရှိသလို UWSA တောင်ပိုင်းစစ်ဒေသလဲ ရှိနေပြီး RCSS ရဲ့ စခန်းကုန်းတွေလဲရှိနေတာ ဖြစ်လို့ အခု ထွက်ပေါ်လာနေတဲ့ သတိပေးချက်ဟာ ဒေသခံ အရပ်သားပြည်သူတွေအတွက်လည်း စိုးရိမ်ဖွယ်အနေအထားလို့ သိရပါတယ်။

ရှမ်းအရှေ့မှာ စစ်ကောင်စီရဲ့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိသလို ၊ မိုင်းဖြတ် အခြေစိုက် စကခ-၁၈ နဲ့ မိုင်းဆတ်အခြေစိုက် စကခ-၁၄ တို့ရှိကြကာ ဒေသစစ်ဗျူဟာတွေလဲရှိနေကြပါတယ်။

ကျိုင်းတုံ တသခ လက်အောက်မှာ တိုက်ခိုက်ရေးတပ်ရင်းနဲ့ လက်ရုံးတပ် ၂၃ တပ်၊ မိုင်းဖြတ် စကခ-၁၈ မှာ တပ် ၈ တပ်၊ မိုင်းဆတ် မှာစကခ-၁၄ နဲ့ တပ် ၁၁ တပ်၊ မိုင်းတုံမှာ စစ်ဗျူဟာနဲ့ ၇ တပ်၊တာချီလိတ်မှာ စစ်ဗျူဟာ နဲ့ တပ်ရင်း-၃ ရင်း၊ ကျိုင်းတုံနားက မိုင်းနူန်မှာ အမြောက် မစခ ဌာနချုုပ်နဲ့ အမြောက် ၃ တပ်၊ မိုင်းယန်း ၂ ရင်း၊ မိုင်းခတ် ၃ ရင်း၊ မိုင်းပြင်း ၄ ရင်း၊ ကုန်းဆာ ၂ ရင်း၊ မန်လီမှာ ခလရ-၂၄၄၊ မိုင်းယောင်းနဲ့အနီးမှာမှာ ၅ ရင်း၊ လွိုင်မွေ ၂ ရင်း၊ မိုင်းဖြတ် နဲ့ မိုင်းယောင်းလမ်းမှာ ခလရ-၂၂၁ ၁ ရင်း၊ မိုင်းတွမ််း ၂ ရင်း၊ မိုင်းယောင်း ၄ ရင်း၊ နားကောင်းမူ ခလရ-၆၅ နဲ့စုစုပေါင်း တိုက်ခိုက်ရေးနဲ့ လက်ရုံးတပ် ၈၄ တပ်ရှိတယ်လို့ စစ်အင်္ဂါစဉ်အရ သိရပါတယ်။

“တပ်တွေပဲရှိတာ အခု တပ်တွေမှာ သပိတ်သွပ်လာတာတွေ များသလို ကိုယ့်တပ်မှာမဟုတ်ဘဲ အခြားနေရာ စစ်ထွက်နေရတော့ အင်အားမရှိပါဘူး၊ တချို့ဆို အိုနာ ကျိုးကန်း ဆေးအဆင့်တွေနဲ့ မိသားစုတွေပဲကျန်တယ်၊ အဓိက ကျန်တာက စကခ-၁၈ ပဲ ၊ ခုထိ ဘယ်တိုက်ပွဲမှ ပါတာမတွေ့ရသေးဘူး”လို့ စစ်ရေးလေ့လာနေသူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း စကခ-၁၈ တပ်မှူးဟာ စစ်ခေါင်းဆောင်နဲ့အတော် အဆင်ပြေတဲ့သူဖြစ်လို့ ခုထိ သူ့တပ်ကို ဥထားဆဲလို့ မှတ်ချက်ပြပါတယ်။

ရှမ်းမြောက် အခြပြု ပန်ဆန်းဗဟိုပြု တပ်မဟာ ၄ ခုမှာ တပ်မဟာ ၃၁၈ ၊ ၆၁၈၊ ၄၁၈ နဲ့၄၆၈ တို့ ဖြစ်ကာ အမြောက်၊ သံချပ်ကာနဲ့လေယာဉ်ပစ်တပ်၊ ဒုံးတပ်တွေ နဲ့ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။

ရှမ်းအရှေ့ အခြေပြု UWSA စစ်ဒေသ ၁၇၁ ဟာ မိုင်းဆတ်-မိုင်းတုံ မှာ အခြေစိုက်ထားပြီး စစ်နယ်မြေ ၃ ခုမှာ တပ်မဟာတွေဖြစ်တဲ့ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၂၄၈ နဲ့ ၅၁၈ တို့ကို ဖြန့်ခွဲထားကာ တောင်+မြောက်အင်အား ၂၅၀၀၀ နဲ့ ၃၀၀၀၀ ကြားရှိတယ်လို့ ခန့်မှန်းထားပါတယ်။

“တပ်တွင်းမှာ ၁၇၊ ၁၈၊ ၁၉ ရက်တွေမှာ ကျိုင်းတုံတိုင်းရုံးကို UWSA “ဝ”တပ်တွေ ဝင်တိုက်မယ်လို့ သတင်းတွေထွက်နေတယ်၊ ရှိတဲ့ရဲမေတွေတောင် လုံခြုံရေးအတွက် အသင့်နေခိုင်းထားတယ်”လို့ တပ်တွင်း သတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာတော့ UWSA နဲ့ NDAA မိုင်းလားတို့ဟာ ဘက်မလိုက်မူကိုဆွဲကိုင်ထားတယ်လို့ ကြေညာထားသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလအတွင်းက ကျိုင်းတုံမြို့ကို တိုက်ခိုက်မယ်ဆိုတဲ့သတင်းအပေါ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိန်းသိမ်းသွားမှာဖြစ်ပြီး ကျိုင်းတုံမြို့ကိုတိုက်ခိုက်မှာ မဟုတ်ဘူူးလို့ UWSA က ထုတ်ပြန်ခဲ့ဘူးပါတယ်။

လက်ရှိ နိုင်ငံတွင်း စစ်ဘောင်ကျယ်လာတဲ့ အနေအထားအရ ရှမ်းအရှေ့မြို့ဒေသခံတွေကတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ရှိထားကြတယ်လို့ စုံစမ်းသိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now