စစ်ရေးသတင်း

ကျောက်မဲမှာ တိုက်ပွဲတွင်းအလောင်းတွေ နီးစပ်ရာမှာပဲ ဖြစ်သလို သင်္ဂြိုဟ်နေရ

မဲခေါင် 30 Jul - 2024
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွင်းသေဆုံးတဲ့အလောင်းတွေကို နီးရာပြောင်းခင်းတွေထဲမှာပဲ သင်္ဂြိုဟ်နေရတယ်လို့ ဒေသခံ ဆေးအဖွဲ့အစည်းတခုထံက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၃၀

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွင်းသေဆုံးတဲ့အလောင်းတွေကို နီးရာပြောင်းခင်းတွေထဲမှာပဲ သင်္ဂြိုဟ်နေရတယ်လို့ ဒေသခံ ဆေးအဖွဲ့အစည်းတခုထံက သိရပါတယ်။

မနေ့ဇူလိုင်လ ၂၉ ရက်မှာ ဒေသခံတွေပါဝင်တဲ့ ပြည်သူ့အကျိုးပြု ဆေးအဖွဲ့ဟာ ကျောက်မဲမြို့က တိုက်ပွဲတွေအတွင်းသေဆုံးခဲ့ရတဲ့ အလောင်းတွေကို အေးချမ်းသာ သချိုင်းကို မပို့နိုင်တော့ပဲ နီးရာ ပြောင်းခင်းတွေထဲမှာပဲ သဂြိုလ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။

“ပရဟိတတွေလဲ အလောင်းတွေများလွန်းလို့ ခြေကုန်လက်ပန်းကျနေပြီ၊ ကားတွေလဲ ဆီမရှိတော့ဘူး၊ အလောင်းတွေကလဲ ရက်ကြာတော့ ကိုင်တွယ်ရတာမကောင်းတော့တဲ့အပြင် အနံ့အသက်လဲ တမြို့လုံးခံနေရပြီ၊ အေးချမ်းသာသချိုင်းမပို့နိုင်တော့လို့ နီးရာပြောင်းခင်းတွေထဲမှာပဲသဂြိုလ်ရတော့တယ်၊ အလောင်းတွေက အစုံဆိုတော့ တချို့အဖွဲ့တွေတေင်းဆိုလို့ လက်မောင်းတံဆိပ်တွေ ခွာပေးရတယ်၊ ဒီအတိုင်းမီးရှို့ရတာ၊ ကိုယ်တွေမှာပါနေတဲ့ ခဲယမ်းတွေကြောင့် မီးရှို့ပြီး ပြေးပဲ၊ မီးနဲ့ပေါက်ကွဲတာလေ ၊ ဓာတ်ပုံတော့ မရိုက်ရဘူး” လို့ ယင်းဆေးအဖွဲ့ဝင် ၁ ဦးက မဲခေါင်ကိုပြောပါတယ်။

ပန်ဟတ်၊ ကျောက်မဲကြီး၊ အင်ကြင်းတောင်က အဆိုပါအလောင်းများကို နီးရာပြောင်းခင်းအတွင်း သဂြိုလ်ခဲ့ကြပြီး အရပ်သားထက် စစ်ကောင်စီတပ် တပ်မ-၁၁ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အလောင်း များပြားကာ အရေအတွက် ၄၀ ကျော်သဂြိုလ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေကတော့ စကခ-၁ ရဲ့စိုးမိုးကုန်း နတ်တောင်ကို ရရှိဖို့ တိုက်ခိုက်ခိုက်နေသလို ခမရ-၅၀၁၊ ၅၀၂ တပ်တွေကဘန်ကာတွေ ကို ထိုးဖောက်နေရပြီး မိုင်းကွင်းအတားအဆီးကြောင့် အပြင်းအထန်တိုက်ခိုက်နေရတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရတယ်လို့ပြောပါတယ်။

ရိက္ခာပြတ်တောက်နေတဲ့ စစ်ကောင်စီတပ်တွေကို လေကြောင်းက ချပေးတဲ့ ရိက္ခာထုတ် ၈ ထုပ်ကို ချကွင်းမှားပြီး ပြင်ပရောက်လာလို့ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိတယ်လို့လဲ သိရပါတယ်။

စစ်ကောင်စီလေတပ်ဟာ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ငြိမ်းချမ်းရေးကုန်းဘက်ကို ကြဲချခဲ့ပြီး ရဟတ်ယာဉ် ၂ စီးက စက်သေနတ်နဲ့လာပစ်ပေမယ့် မြို့တွင်းမထိခိုက််ပဲ တပ်စခန်းတွေဘက်ကို တိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ တိုက်ခိုက်နေတာလို့ သိရပါတယ်။

ကျောက်မဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ-၁၁၊ ခမရ-၅၀၁ တို့က လက်နက် ၃၇ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိတယ်လို့ TNLA က မနေ့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now