မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ခမရ-၃၄၈ အဝေးကင်းစခန်းတစ်ခုကို တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်လိုက်ပြီး မိုးမိတ်ဗျူဟာကုန်းကိုလည်း တိုက်ခိုက်နေကြောင်း ဒီညမှာ TNLA က ထုတ်ပြန်ပါတယ်။
မိုးမိတ်ဗျူဟာကုန်းကို ဒီနေ့ ညနေပိုင်းမှာ တိုက်ခိုက်နေလို့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)၊ ခလရ-၃၄၈ တို့နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ခမရ(၅၀၂) တပ်စခန်းကနေ မန်အောင်ဘုန်းတော်ကြီးကျောင်းဘက်သို့ ဒီနေ့နေ့လယ်မှာ ဟောင်ဝှစ်ဇာလက်နက်ကြီး အလုံး ၃၀ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁)လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)ရှိ လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းကုန်းကို TNLA က တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများလိုက်လံရှင်းလင်းရာမှာလည်း သေနတ် (၁၁) လက် သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် ရေဖြူဘုန်းကြီးကျောင်းကနေပြီး TNLA တပ်တွေရှိရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
MK-015








