စစ်ရေးသတင်း

နိုင်ငံတော်က ခွဲထွက်မယ်ဆိုတဲ့ သတင်းအတုဖန်တီးသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ MNDAA ပြော

မဲခေါင် 29 Jul - 2024
နိုင်ငံတော်က ခွဲထွက်မယ်ဆိုတဲ့ သတင်းအတု ဖန်တီးဖြန့်ချိနေသူတွေကို ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူမယ်လို့ MNDAA က မနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၉

နိုင်ငံတော်က ခွဲထွက်မယ်ဆိုတဲ့ သတင်းအတု ဖန်တီးဖြန့်ချိနေသူတွေကို ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူမယ်လို့ MNDAA က မနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အသိဉာဏ်မဲ့ပြီး အောက်တန်းကျတဲ့ သူ တချို့က “တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံတော်က ခွဲထွက်ပြီး နိုင်ငံတော်အသစ် ထူထောင်တော့မည်” ဆိုတဲ့ ခေါင်းစဉ်အပြင် အခြားသောခေါင်းစဉ်များ၊ ညံ့ဖျင်းတဲ့ တရုတ်ဘာသာ အရေးအသားတွေနဲ့ တိကျမှန်ကန်မှုမရှိတဲ့ အရေးအသားတွေ၊ Photoshop တွေအသုံးပြုပြီး အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေကို အသုံးပြုပြီး အချက်အလက်အတုတွေနဲ့ ဆက်သွယ်ရေးကွန်ရက်က တဆင့် ထုတ်ပြန်ချက်တွေ ဆက်တိုက်ပြုလုပ်နေတဲ့အပေါ် MNDAA က ဖြေရှင်းချက် ထုတ်ပြန်လိုက်တာပါ။

တရုတ်ဘာသာနဲ့ထုတ်ပြန်ချက်မှာ ယင်းသို့ အတုပြုလုပ်ကာ အသိဉာဏ်မဲ့ စိတ်ဓာတ်အောက်တန်းကျစွာ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေတာဟာ အီလက်ထရောနစ်ဥပဒေနဲ့ လူ့ဘောင်အဖွဲ့အစည်းစနစ်ကို ပြင်းထန်စွာချိုးဖောက်နေတာဖြစ်လို့ ဆက်သွယ်ရေးကွန်ရက်ဟာ ဥပဒေကင်းလွတ်တဲ့နေရာမဟုတ်ဘဲ မှတ်ဉာဏ်ရှိကြောင်း၊ သတင်းအတုတွေ ထုတ်ပြန်နေသူတွေရဲ့ IP Address ကတဆင့် စုံစမ်းစစ်ပြီး နောက်နောင်တချိန်တွင် စုံစမ်းဖော်ထုတ်ကာ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA, TNLA, AA တို့ရဲ့ တံဆိပ်တွေနဲ့ ထုတ်ပြန်ချက်ကို ဖော်ပြထားတာဖြစ်လို့ ယင်း ၃ ဖွဲ့လုံးက သတင်းအတုနဲ့ နိုင်ငံရေးအရ တိုက်ခိုက်နေသူတွေကို တုံ့ပြန်သွားမယ်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါ တိုင်းရင်းသားတော်လှန်ရေး ၃ ဖွဲ့စလုံးဟာ စစ်ကောင်စီကို စစ်ရေးအရတိုက်ခိုက်နေလို့ စစ်ကောင်စီရဲ့ စစ်တိုင်းဌာနချုပ်၊ တပ်စခန်းတွေ၊ မြို့တွေကို သိမ်းပိုက်ရရှိနေတာမှာ အခုလို နိုင်ငံရေးအရ သတင်းအတုတွေ၊ နိုင်ငံရေးအောက်လမ်းနည်းတွေနဲ့ အပုပ်ချတိုက်ခိုက်နေတာဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now